“FATF အဖွဲ့ကြီးက အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်း၌ ထည့်သွင်းပြီး၊ ပါကစ္စတန်နိုင်ငံအား Grey list ခေါ် သင်္ကာမကင်းဖြစ်ရသည့်နိုင်ငံများစာရင်းမှာ ထည့်သွင်းထားလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Singapore နိုင်ငံ အမျိုးသားတက္ကသိုလ်မှ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “FATF အဖွဲ့ကြီးက အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်း၌ ထည့်သွင်းပြီး၊ ပါကစ္စတန်နိုင်ငံအား Grey list ခေါ် သင်္ကာမကင်းဖြစ်ရသည့်နိုင်ငံများစာရင်းမှာ ထည့်သွင်းထားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံတင်ပြလိုက်ရပါတယ် ခင်ဗျား။
အကြမ်းဖက်အုပ်စုတွေကို ဘဏ္ဍာရေးအထောက်ပံ့နဲ့ အားပေးကူညီဒါကို ထိန်းချုပ်ခြင်းနဲ့ နိုင်ငံတကာအကြမ်ဖးက်ဝါဒကို ဆန့်ကျင်ကာ ကမ္ဘာကြီးအား ပိုမိုဘေးရန်ကင်းရေးကို ရှေ့ရှုလျှက် လွန်ခဲ့တဲ့ သောကြာနေ့က ကမ္ဘာလုံးဆိုင်ရာအစိုးရတွေရဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီး Financial Action Task Force (FATF) ဟာ အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်းမှာ ထည့်သွင်းဘို့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါတယ်။ ဒီအတော်အတွင်းမှာဘဲ ပါကစ္စတန်နိုင်ငံကို အဆင့်အနည်းငယ်လျော့နည်းတဲ့ Grey List ခေါ် သင်္ကာမကင်းစောင့်ကြည့်နေရတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ Paris မြို့မှာ ဌာနချုပ်ရှိပြီး၊ အဖွဲ့ဝင်နိုင်ငံပေါင်း (၄၀) ပါဝင်တဲ့ FATF အဖွဲ့ကြီးဟာ တရားမဝင်ငွေလဲလှယ်ပို့ဆောင်ရေးနဲ့ အကြမ်းဖက်ဝါဒအတွက် ဘဏ္ဍာရေးထောက်ပံ့မှုတွေကို တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေကို ခြေရာခံပြီး၊ အတန်းအစားနှစ်မျိုးရှိတဲ့ စာရင်းတွေကို ပြုစုကာ၊ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းတို့အတွက် အဲဒီစာရင်းဝင်နိုင်ငံတွေနဲ့ ငွေကြေးဆိုင်ရာအလွှဲအပြောင်းတွေ ပြုလုပ်ရာမှာ သတိပြုရာတွေကို အကြံပေးအဖွဲ့တခုအနေနှင့် ဝန်ဆောင်ဘို့ တာဝန်ယူထားပါတယ်။ FATF ရဲ့ Blacklist နာမည်ပျက်စာရင်းဝင်နိုင်ငံဆိုတာက အဲဒီနိုင်ငံနဲ့ ဘဏ္ဍာရေးအရ ဆက်ဆံဘို့ အန္တရာယ်အကြီးဆုံးဖြစ်တယ်လို့ အဓိပ္ပါယ်ရပြီး၊ Grey list စာရင်းမှာမူ Blacklist ထက် တစ်ဒီဂရီလောက် ပိုကောင်းပြီး၊ အဲဒီနိုင်ငံဟာ တရားမဝင်ငွေကြေးလွှဲပြောင်းမှုတွေပြုလုပ်ရေးနဲ့ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ရေးကို တိုက်ဖျက်ရေးကို ရှေ့ရှုတဲ့ ခြေလှမ်းဘို့ စိတ်ဆန္ဒရှိနေတယ်လို့ ယူဆရပေမဲ့ နောက်ထပ်လုပ်စရာတွေ ကျန်ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
တိုက်ဆိုင်စွာဘဲ အီရန်နိုင်ငံကို နာ်မည်ပျက်စာရင်းမှာ ထည့်သွင်းခြင်းကို ကြေငြာချက်ဟာ အီရန်နိုင်ငံက ၎င်းရဲ့ပါလီမန်လွှတ်တော်ရွေးကောက်ပွဲတွေအတွက် မဲဆန္ဒပေးတဲ့နေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကြီးမှာ အလွန်အင်အားကြီးမားတဲ့ Guardians Council အဖွဲ့ကြီးရဲ့ ပြန်လည်ပြုပြင်ဖွဲ့စည်းရေးဝါဒီ အမတ်လောင်းတွေ အပြတ်အသတ် အနိုင်ရရှိကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီရွေးကောက်ပွဲကြီးကို Washington အစိုးရက အနုမြူသဘောတူစာချုပ်မှ နုတ်ထွက်သွားပြီး၊ အီရန်နိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ဒါကြောင့် အီရန်နိုင်ငံသားတွေဟာ ကြီးမားတဲ့ စီးပွားရေးမကြေမနပ်ဖြစ်မှုကို ဖော်ပြခဲ့ကြပြီး၊ သူတို့ကို ပြင်းထန်တဲ့ပြည်သူ့ဆန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်ရေးသို့ ဦးတည်စေရုံမက ရွေးကောက်ပွဲတွေမှာ အဆက်မပြတ်စိတ်ဝင်စားမှုကင်းမဲ့နေကြတဲ့အချိန်မှာ အီရန်နိုင်ငံ ပါလီမန်လွှတ်တော်ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ဒါဖြစ်ပါတယ်။
အီရန်အစိုးရဟာ အနုမြူသဘောတူညီချက်ကို ဥရောပနဲ့ တခြားဘဏ္ဍာရေးယန္တယားတခုကို ရှာဖွေခြင်းဖြင့် ဆက်လက်လုပ်ကိုင်သွားဘို့ မျှော်လင့်နေတဲ့အချိန်မှာ ယခုလို FATF ရဲ့ဆုံးဖြတ်ချက်ကြောင့် အီရန်နိုင်ငံဟာ ၎င်းရဲ့ရည်မှန်းချက်ကို အောင်မြင်ဘို့အတွက် ပိုမိုရှုပ်ထွေးတဲ့အရေးကိစ္စကို ဖြတ်ကျော်ရမယ်ဖြစ်ပါတယ်။ ပါလီမန်လွှတ်တော်ရွေးကောက်ပွဲမှာ ရှေးဟောင်းအယူအဆလမ်းစဉ်လိုက်တဲ့ Conservative တွေက အပြတ်အသတ်အနိုင်ရရှိလာမယ်ဆိုရင် အီရန်-အမေရိကန် ထိပ်တိုက်ရင်ဆိုင်မှုက ထပ်လောင်းပြီး နက်ရှိုင်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့တဲ့သမိုင်းအစဉ်အလာရှိပြီး၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ရေးနဲ့ အရင်းအမြစ်ဖြစ်ခဲ့တဲ့အလျောက် Islamabad အစိုးရက အမေရိကန်ပြည်ထောင်စုကိုချဉ်းကပ်ပြီး လက်ရှိစာရင်းမှ ပယ်ရှားဘို့ ကြိုးပမ်းခဲ့ပေမဲ့ FATF အဖွဲ့ကြီးက ပါကစ္စတန်နိုင်ငံကို Grey list မှာ ဆက်လက်ထားရှိလိုက်ပါတယ်။ အီရန်နိုင်ငံနဲ့မတူဘဲ၊ FATF အဖွဲ့ကြီးဟာ ဝန်ကြီးချုပ် Mr Imran Khan ရဲ့ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုတွေကို ၎င်းရဲ့စနစ်မှ အမြစ်ပါမကျန် ပယ်ရှားပစ်မယ်လို့ ကတိပြုခဲ့ဒါကြောင့် နာမည်ပျက်စာရင်းထဲ မထည့်သွင်းဘဲ ကင်းလွှတ်ခွင့်ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ FATF ရဲ့ Grey list မှာရှိနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ တင်းခံမှုကြောင့် ၂၀၁၈ ခုနှစ်မှာ ဒီစာရင်းမှာဘဲ ဆက်လက်ရှိနေခဲ့ပါတယ်။ FATF က ပါကစ္စတန်နိုင်ငံဟာ ထိထိရောက်ရောက် ကြိုးပမ်းမှုမရှိဘူးလို့ အပြစ်တင်ခဲ့ပေမဲ့ Islamabad အစိုးရဟာ တရုတ်၊ မလေးရှားနဲ့ တူရကီနိုင်ငံတွေရဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကို Blacklist ထဲ မထည့်သွင်းဒါက လက်ရှိအမေရိကန်-တာလီဘန် စေ့စပ်ညှိနှိုင်းပွဲတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်နေပြီး၊ ဒီဆွေးနွေးပွဲတွေက အမေရိကန်ပြည်ထောင်စုရဲ့ Afghanistan နိုင်ငံမှ ဆုတ်ခွာရေးကို ဖန်တီးပေးမဲ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ အီရန်နိုင်ငံအား အထီးကျန်ဖြစ်စေရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နိုင်ဒါကြောင့်လည်းဖြစ်နိုင်ပါတယ်။ လက်ရှိကာလမှာ ပါကစ္စတန်နိုင်ငံဟာ စီးပွားရေးချို့တည့်မှုနဲ့ ကြုံတွေ့နေရပြီး၊ Mr Imran Khan က အကျိုးဖြစ်ထွန်းမဲ့ နည်းလမ်းတွေအတွက် ကြိုးပမ်းနေပါတယ်။ ပါကစ္စတန်နိုင်ငံကို Blacklist ထဲမှာ ထည့်သွင်းခြင်းဟာ နိုင်ငံအတွက် အကြီးမားတဲ့ဆုတ်ယုတ်မှုကြီးကို ကြုံတွေ့စေလိမ့်မယ်ဖြစ်ပါတယ်။
အီရန်နိုင်ငံကို Blacklist ထဲ ထည့်သွင်းလိုက်ခြင်းဟာ ဒီနိုင်ငံအတွက် နောက်ထပ်စီးပွားရေးအကြပ်အတည်းတွေကို ဖန်တီးမှာကတော့ အသေအချာသာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးပြီး၊ ကြီးမားတဲ့ပြောင်းလဲမှုတွေကို မဖန်တီးသမျှ များမကြာမှီသော အနာဂါတ်မှာ ဒီနာမည်ပျက်စာရင်းမှ နှုတ်ထွက်နိုင်လိမ့်မယ်မဟုတ်ပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan က သူ့ရဲ့ကတိအတိုင်း ကြိုးပမ်းလုပ်ကိုင်ပြီး၊ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုတွေကို တိုက်ဖျက်ကာ၊ အကြမ်းဖက်လှုပ်ရှားမှုတွေအားလည်း ထိန်းချုပ်ပျက်သုန်းစေခြင်းနဲ့ သူ့ရဲ့နိုင်ငံကို အေးချမ်းသာယာတဲ့ လမ်းကြောင်းပေါ် ယူဆောင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment