“စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ နည်းဗျူဟာကျဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ အဓိကစဉ်းစားတွေးခေါ်ရေးအဖွဲ့ကြီး Manohar Parrikar ကာကွယ်ရေးနဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုဌာနကြီးက New Delhi မြို့မှာ စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံကြီးကို အနောက်အာရှမှာ ဆယ်နှစ်မျှသောကာလအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု စိန်ခေါ်မှုများ၊ သင်ခန်းစာများနဲ့ အနာဂါတ်လမ်းကြောင်းဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကြီးမှူးကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာ Lebanon နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Fouad Siniora နဲ့ ဒေသပိုင်းနဲ့ဆိုင်တဲ့ အရေးကြီးလှသော အကြောင်းကိစ္စအဖြာဖြာတို့ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr Nabil Fahmy တို့အပါအဝင် အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် ပါရဂူများစွာတို့ တက်ရောက်ခဲ့ကြဒါကို တွေ့ရှိခဲ့ပါတယ်။ နှစ်ရက်ကြာဆွေးနွေးပွဲတွေအား အပိုင်း (၆) ပိုင်းခွဲခြမ်းထားပြီး၊ ဆောင်ပုဒ်တွေကို ဒေသပိုင်းလုံခြုံရေးအနေအထား၊ ပြည်ပစွမ်းအားရှင်တွေရဲ့ အခန်းကဏ္ဍ၊ စီးပွားရေး၊ အိန္ဒိယနိုင်ငံရဲ့ အနောက်အာရှဒေသပိုင်းနဲ့ ကြီးထွားမှုတခုဟာ ပြောင်းလဲလာနေတဲ့ သဘာဝတိုက်ပွဲတခု စသည်တို့အပေါ် အာရုံပြုခဲ့ကြပါတယ်။

အိန္ဒိယဗဟိုအစိုးရ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းမများဝန်ကြီးဌာန (ဒု) ဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး Vijay Kumar Singh ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်မျှသောကာလအတွင်း ဒေသပိုင်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအား မီးမောင်းထိုးပြတဲ့ သော့ချက်ကျ အာရုံပြုချက်တွေအား ထုတ်ဖော်ခဲ့ပြီး၊ ဒေသပိုင်းအတွင်း အိန္ဒိယနိုင်ငံရဲ့ ဆက်နွယ်မှုအရေးပါပုံတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ Manohar Parrikar IDSA ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် သံအမတ် Mr Sujan R. Chenoy ဆက်လက်ဖြစ်ပေါ်နေတဲ့ မသေမချာ မရေရာမှုတွေအကြား ဒေသပိုင်းအတွင်း စီးပွားရေးကို အလွန်အမင် လျစ်လျူပြုခဲ့တယ်လို့ မှတ်ချက်ချ ဖော်ပြခဲ့ပါတယ်။ အဆိုပါသံအမတ်ကြီးက အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းအတွင်းက နိုင်ငံပေါင်းများစွာတို့နဲ့ မဟာနည်းဗျူဟာကျ စေ့စပ်မှုတွေ နက်ရှိုင်းစေခဲ့ပြီး၊ အင်အားကြီးမားတဲ့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံခြင်း ဖက်စပ်လုပ်ကိုင်မှုတွေအား ကျောက်ချစွဲမြဲထားတာတွေကို မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

ဟောပြောကြတဲ့သူ များစွာတို့ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်မျှသောကာလအတွင်း ဒေသပိုင်းက ဖြတ်ကျော်လာခဲ့တဲ့ အခက်အခဲတွေအား မီးမောင်းထိုးပြောကြားခဲ့ပြီး၊ ဒေသပိုင်းနိုင်ငံတွေ၊ သူတို့ရဲ့ခေါင်းဆောင်တွေနဲ့ ဖြေရှင်းချက်တခု ရှာဖွေဘို့ လိုအပ်တယ်လို့ အလေးအနက် ဖော်ပြခဲ့ကြပါတယ်။ ညီလာခံကြီးမှာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း တူနီးရှားနိုင်ငံမှာ စတင်ခဲ့တဲ့ Arab မငြိမ်မသက်မှုတွေ ထကြွလာတဲ့အချိန်ကစပြီး၊ ဒေသပိုင်းအတွင်းလုံခြုံရေးအခြေအနေတွေ ဆိုးဝါးလာခဲ့ပြီး၊ စီးပွားရေးကို ထိခိုက်လာခဲ့ကာ၊ ပထဝီရေးရာ နိုင်ငံရေးကိုလည်း ပိုမိုပြင်းထန်လာစေခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ဒါ့အပြင် အဲဒီပါရဂူတွေဟာ Arab မငြိမ်မသက်ဖြစ်မှုက အုပ်ချုပ်ရေးအာဏာရှင်ဝါဒမှ ဒီမိုကရေစီလမ်းစဉ်အရ ဘက်စုံပါဝင်ပြီး၊ တာဝန်ရှိတဲ့အုပ်ချုပ်ရေးအဖြစ် ပြောင်းလဲရေး ကြွေးကြော်သံနဲ့အတူ စတင်ခဲ့ပေမဲ့၊ အချိန်ကာလ (၁၀) နှစ်ကျော်ကြာသွားပြီးသည့်တိုင် နိုင်ငံပေါင်းအများစုတို့ဟာ ပြဿနာဟောင်းတွေကို ဆက်လက်ကြုံတွေ့နေကြရတယ်လို့ အခြေအတင် ပြောဆိုခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာပါဝင်တဲ့ နိုင်ငံရေးဟာ နာကြင်မှုများစွာ ပေးဆောင်ခဲ့ပြီး၊ Syria ၊ Yamen ၊ Iraq နဲ့ Lybya နိုင်ငံတွေမှာ ပြည်တွင်းတိုက်ပွဲတွေဖြစ်ပေါ်စေခဲ့ဒါကြောင့် လူမှုရေးရာအကြပ်အတည်းတွေနဲ့ ပြည်သူတို့အား အိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို ကြုံတွေ့စေခဲ့ပါတယ်။

ပင်လယ်ကွေ့အရပ်ဒေသမှာ မတည်မငြိမ်ဖြစ်မှုနဲ့ အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေပြီး တင်းမာမှုတွေမြင့်တက်လာနေတဲ့အကြား စွမ်းအင်ဖူလုံရေးဟာ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ တရုတ်နိုင်ငံတို့လို မှာယူတင်သွင်းတဲ့နိုင်ငံတွေအဖို့ ကြီးမားတဲ့ ပြဿနာအဖြစ် ပေါ်ထွက်လာနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ရှုထောင့်မှာဆိုရင် ဒေသပိုင်းဟာ အလွန်အရေးကြီးလှပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒေသပိုင်းနဲ့ အပြန်အလှန်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာပေါင်း ဘီလီယံ (၂၀၀) အထိ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့စွမ်းအင်မှာယူတင်သွင်းမှု ၆၀% ကို ဒီဒေသပိုင်းမှ ရရှိတာဖြစ်ပါတယ်။ ပင်လယ်ကွေ့အရပ်ဒေသတွေမှာ အိန္ဒိယနိုင်ငံသားပေါင်း (၉) သန်းခန့် နေထိုင်နေကြတာကို သူတို့ရဲ့ ဘေးရန်ကင်းရေးနဲ့ လုံခြုံရေးတို့ဟာ New Delhi အစိုးရအတွက် စိုးရိမ်ပူပန်စရာဖြစ်ပါတယ်။ ဒေသပိုင်းလုံခြုံရေးအခြေအနေတွေအတွက် စိန်ခေါ်မှုတွေ သို့မဟုတ် အနောက်အာရှဒေသပိုင်းမှာ စီးပွားရေးအားနည်းလာတာတွေက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေပါတယ်။ စီးပွားရေးနဲ့ နည်းဗျူဟာကျ အကျိုးအမြတ်တွေလုံခြုံစေဘို့ရာ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး၊ ထက်သန်တဲ့သံတမန်ရေးရာနည်းလမ်းတွေအား ကျင့်သုံးလျှက်ရှိပါတယ်။

ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ အထင်ရှားဆုံးနိုင်ငံခြားရေးပေါ်လစီ အစပျိုးမှုတခုကတော့ ဒီဒေသပိုင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံမှုတွေအား တောင့်တင်းခိုင်မာစေခြင်းရဲ့ အရေးပါမှုကို လေးစားဒါဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပေါ်လစီမှုဝါဒဟာ “Look West” မှ “Link & Act West” အဖြစ် ပြောင်းလဲလာပြီး၊ ဒီအချက်ကို ဒေသပိုင်းအတွင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးစေ့စပ်မှုအရေအတွက်တွေက ထင်ရှားစေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး စတဲ့နယ်ပယ်တွေမှာ ကြီးမားတဲ့တိုးတက်မှုတွေရှိလာပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းအတွင်းက နိုင်ငံတွေနဲ့ စေ့စပ်လုပ်ကိုင်မှုတွေကို နက်ရှိုင်းစေပြီး အဆင့်အဖြာဖြာတို့မှာစေ့စပ်ညှိနှိုင်း လုပ်ကိုင်နေပါတယ်။

အဆိုပါညီလာခံကြီးကို တက်ရောက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက လွန်ခဲ့တဲ့ (၁၀) နှစ်မျှသောအတိတ်ကာလမှ သင်ခန်းစာတွေဟာ ဒေသပိုင်းအတွင်းက နိုင်ငံတို့အား ငယ်ရွယ်သူ လူငယ်လူဦးရေတို့ရဲ့ မျှော်မှန်းချက်တွေကို စိတ်နှလုံးသွင်းထားပြီး၊ ပေါ်လစီမူဝါဒ ချမှတ်ကြလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ အိန္ဒိယနိုင်ငံက နှစ်ဖက်စလုံးမှ ပြည်သူတို့ရဲ့ တိုးတက်ရေးနဲ့ ဖွံ့ဖြိုးမှုအတွက် အနောက်အာရှဒေသပိုင်းရဲ့ ဖက်စပ်လုပ်ကိုင်သူအဖြစ် ဆက်လက်တည်ရှိနေမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”