လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman ဟာ အိန္ဒိယနိုင်ငံအတွင်း ယုံကြည်မှုရှိကြောင်း ဆက်လက်ပြသကြဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဖော်ပြလိုက်ပါတယ်။ ပါလီမန်လွှတ်တော်အတွင်း ၂၀၂၀-၂၁ ခုနှစ်ဆိုင်ရာ ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုတွေကို တုံ့ပြန်ရာမှာ အစိုးရအနေနှင့် ၂၀၂၄-၂၅ ခုနှစ်အရောက်မှာ လူထုအခြေခံအဆောက်အအုံကဏ္ဍအတွင်း ရူပီးငွေ ကုဋေ သိန်းကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အခိုင်အမာဖော်ပြလျှက် ယခုအခါ ဖွံ့ဖြိုးရေး မြှုပ်နှံမှုတွေအပေါ် ငွေကြေးပေးအပ်ဖို့အတွက် ဘဏ်တွေကို ပိုမိုကောင်းမွန်စွာ လောက်ငပြည့်စုံအောင် ပြုလုပ်ထားကြောင်း သူမကဖော်ပြခဲ့ပါတယ်။ GST အခွန်ဘဏ္ဍာကောက်ယူရာမှာ တဖြည်းဖြည်း တိုးတက်လာကြောင်း၊ နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုးကလည်း ၂၀၁၄-၁၅ ခုနှစ်မှာ ထရီလျံ ဒေါ်လာကနေ ၂၀၁၉-၂၀ ခုနှစ်မှာ . ထရီလျံအထိ တိုးတက်လာကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွင်း အပြုသဘောဆောင် ယုံကြည်မှုရှိကြောင်းနှင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် စီမံချက်အများအပြားတို့ကို အစိုးရကပြုလုပ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
အောက်လွှတ်တော်အတွင်းမှာတော့ ကျန်းမာရေးဝန်ကြီး Dr. Harsh Vardhan ကတော့ နိုင်ငံတော်ဟာ နိုဗယ် ကော်ရိုနာ ဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကိုဖြေရှင်းဖို့ ကောင်းစွာပြင်ဆင်ထားကြောင်း၊ လိုအပ်တဲ့ ကြိုတင်သတိပေးချက်အားလုံး လုပ်ဆောင်နေကြောင်းနှင့် အစိုးရကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဖော်ပြခဲ့ပါတယ်။ အစိုးရဟာ ဒီဗိုင်းရပ်စ်ပိုး အခြေအနေ စောင့်ကြေည့်ဖို့အတွက် အဖွဲ့ ဖွဲ့ ဖွဲ့စည်းထားပြီး ကျန်းမာရေး ဝန်ကြီးဌာနအားဖြင့်လည်း အခြေအနေကို နေ့စဉ် စစ်ဆေး စောင့်ကြည့်လျှက်ရှိကာ ယခုအချိန်ထိ လေယာဉ် ၁၁၁၈ စီးတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း ဝန်ကြီးကဖော်ပြခဲ့ပါတယ်။ ဝူဟန်မြို့မှာရောက်ရှိနေကြတဲ့ အိန္ဒိယ ကျောင်းသားတွေ ကယ်ဆယ်မှုပြုလုပ်ရာမှာ ပါဝင်ခဲ့ကြတဲ့ Air India လေကြောင်းလိုင်းနှင့် ဆေးဝန်ထမ်းတွေကို ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
အောက်လွှတ်တော်မှာတော့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ရက်နေနှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တို့အကြား Sri Kartarpur Sahib ကျောင်းတော်မှာ ရှိခိုးဖူးမျှော်ဖို့အတွက် Kartarpur စင်္ကြံလမ်းမှတဆင့် ခရီးသွားရောက်ခဲ့ကြတဲ့ ဘုရားဖူးဦးရေ စုစုပေါင်း ၄၄၉၅၁ ဦးရှိခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး G. Kishan Reddy က ဖော်ပြခဲ့ပါတယ်။
ဓါတုပစ္စည်းနှင့် ဓါတ်မြေဩဇာရေးရာ ဝန်ကြီး D.V. Sadananda Gowda က ဖော်ပြရာမှာတော့ နိုင်ငံအတွင်း ပလစ်စတစ်အမှိုက် ညစ်ညမ်းမှုတွေကာကွယ်ဖို့အတွက် အထူပမာဏအားဖြင့် ၅၀ မက္ကရွန်ထက် ပါးလွှာပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ပလစ်စတစ် လက်ဆွဲအိတ်တွေကို တားမြစ်ထားပြီးဖြစ်တယ်လို့ ရာသီဥတာ ပြောင်းလဲလာမှုဆိုင်ရာ ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း တခါသုံး ပလစ်စတစ်တွေဟာ မြေ၊ ရေနှင့် အဏ္ဏဝါဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပေးဆပ်ကုန်ကျစရိတ် မြင့်မားမှုတို့ကိုထည့်သွင်းစဉ်းစားလျှက် ဝန်ကြီးချုပ် Mr. Modi ဟာ ၂၀၂၂ ခုနှစ်အရောက်မှာ တခါသုံး ပလစ်စတစ် ကင်းစင်ပပျောက်ဖို့အတွက် အိန္ဒိယနိုင်ငံကို တောင်းဆိုထားကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။
ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr. Prahlad Singh Patel က ဖော်ပြရာမှာတော့ နိုင်ငံတော် ခရီးသွားလာရေး မူဝါဒသစ်တရပ်ကို ဖော်ထုတ်ထားပြီးဖြစ်ကာ လက်ရှိအားဖြင့် ဒီမူဘောင်ကို ပြန်လည်စစ်ဆေးသုံးသပ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ယခုအခါ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်လွှတ်တော် ရပ်စလုံးတို့ဟာ အစည်းအဝေးကျင်းပမှု ရပ်နားချိန် ကြားကာလမှာ ရှိနေကြပြီး ဘတ်ဂျက်ပြန်တမ်းဆိုင်ရာ ဒုတိယပိုင်း အစည်းအဝေးပြုလုပ်ဖို့အတွက် လာမယ့် မတ်လ ပထမအပတ်မှာဆွေးနွေးသွားကြဖို့ စီစဉ်ထားပါတယ်စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”