အမေရိကန်ပြည်ထောင်စုသမ္မတရဲ့ အလည်အပတ်ခရီးစဉ်က အပြန်အလှန် မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား တိုးမြင့်စေခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဆောင်းပါးရှင် Navtej Sarna ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စုသမ္မတရဲ့ အလည်အပတ်ခရီးစဉ်က အပြန်အလှန် မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား တိုးမြင့်စေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ရဲ့ အိန္ဒိယနိုင်ငံသို့ (၃၆) နာရီမျှသော အလည်အပတ်ခရီးစဉ်ဟာ အခမ်းအနားတွေရော၊ လုပ်ငန်းဆောင်တာနဲ့ပါ ပြည့်နှက်နေခဲ့ပါတယ်။ Mr Trump ဟာ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ သတ္တမမြောက်သမ္မတဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်အတွင်း ရောက်ရှိလာခဲ့ကြတဲ့ အမေရိကန်သမ္မတ (၄) ဦးစလုံးတို့ဟာ အိန္ဒိယ-အမေရိကန်ဆက်ဆံမှုရဲ့ အထက်သို့မြင့်တက်တဲ့ လမ်းကြောင်းကို ညွှန်ပြခဲ့ကြသူတွေဖြစ်ကြပါတယ်။ သမ္မတ Mr Trump ဟာ First Lady Melania Trump ၊ သူ့ရဲ့သမီး Ivanka Trump နဲ့ သားမက် Jared Kushner တို့အပြင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိလာခဲ့ပါတယ်။
သမ္မတ Mr Trump ဟာ Ahmedabad မြို့မှာ မကြုံဘူးတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတို့ရဲ့ ကြိုဆိုမှုကို ခံစားခဲ့ရပါတယ်။ Sabarmati Ashram သာဝတ္တိကျောင်းတော်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် အမေရိကန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ဟာ Motera အားကစားကွင်းကြီးမှာကျင်းပတဲ့ Namaste Trump အခမ်းအနားမှာ လူဦးရေ (၁.၂၅) သိန်းမျှသော ပြည်သူလူထုတို့အား အမှာစကားပြောကြားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၅) လကျော်က Houston မြို့ Howdy Modi လူထုအစည်းအဝေးပွဲကြီးမှာ ကြီးမားတဲ့ အိန္ဒိယအမျိုးအနွယ် အမေရိကန်နိုင်ငံသားများစုဝေးမှုကို Mr Trump နဲ့ Mr Modi တို့ အမှာစကားပြောခဲ့ကြဒါကို သတိရကြမယ်ဖြစ်ပါတယ်။ Mr Trump ဟာ Mr Modi ကိုယ်ရည်ကိုယ်သွေးနဲ့ ခေါင်းဆောင်မှုအပြင် အိန္ဒိယနိုင်ငံရဲ့ အောင်မြင်မှုတွေကို ရက်ရောစွာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ နှစ်ပေါင်း (၇၀) ကျော်ကာလအတွင်းမှာဘဲ စီးပွားရေးနိုင်ငံကြီးတခုဖြစ်လာပြီး၊ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်ကာ ကမ္ဘာတဝှမ်းလုံးမှာ အံ့အားသင့်စရာအကောင်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကျော်ကြားထင်ရှားတဲ့ Taj Mahal ကို ကြည့်ရှုဘို့ Agra မြို့ကို ခေတ္တမျှ သွားရောက်ခဲ့ပြီးတဲ့နောက် Mr Trump ဟာ သူ့ရဲ့အသင်းအဖွဲ့နဲ့အတူ မြို့တော် New Delhi ကို ရောက်ရှိလာခဲ့ပါတယ်။
ဒေသပိုင်းဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စတွေကို ဆွေးနွေးကြတဲ့အခါ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့က ပါကစ္စတန်နိုင်ငံအား ၎င်းရဲ့အုပ်ချုပ်ရေးအောက်ရှိနေတဲ့ မြေနယ်နိမိတ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ရေးအတွက် အသုံးမပြုရေးအား အသေအချာဖြစ်စေဘို့နဲ့ 26/11 Mumbai အကြမ်းဖက်တိုက်ခိုက်မှုနှင့် Pathankot တိုက်ခိုက်မှု အပါအဝင် အဲဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေ ကြံစည်ကြိုးကိုင်ကျုးလွန်စေကြသူတွေကို တရားဥပဒေအရ အရေးယူမှု ခြွင်းချက်မမရှိပြုလုပ်သွားဘို့ တောင်းဆိုခဲ့ကြပါတယ်။ Mr Trump ဟာ အိန္ဒိယနိုင်ငံရဲ့ Afghanistan နိုင်ငံအတွင်း ဆက်နွယ်မှုနဲ့ တည်တံ့မှုတို့ကို အထောက်အကူပြုတဲ့အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး အထောက်အပံ့တွေ ပေးရေးမှ အခန်းကဏ္ဍတွေကို ချီးကျူးခဲ့ပါတယ်။ အဲဒီနောက် ခေါင်းဆောင်နှစ်ဦးတို့ရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ Mr Ram Nath Kovind က ဂုဏ်ပြုတည်ခင်းခဲ့တဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ကြပါတယ်။
အင်ဒို-ပစိဖိတ် ဒေသပိုင်းမှာ နည်းဗျူဟာကျ စုရုံးပေါင်းစည်းရေးဟာ ဒီခရီးစဉ်မှာ မီးမောင်းထိုးဆွေးနွေးခဲ့ကြပါတယ်။ ဤအရေးအခင်းနဲ့ပတ်သက်ပြီး ကြိုဆိုရမဲ့ ခြေလှမ်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးရေးနဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဌာနကြီး (DFC) ကို ဒေါ်လာပေါင်း သန်း (၆၀၀) ကျော် ငွေကြေးထောက်ပံ့နိုင်တဲ့ အမြဲတမ်းရုံးတခုကို အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်ဘို့ ဆုံးဖြတ်ခဲ့ဒါဘဲဖြစ်ပါတယ်။ ဒီဌာနကြီးက အိန္ဒိယနိုင်ငံအတွင်းက ပြန်လည်သစ်ဆန်းစေနိုင်တဲ့ စွမ်းအင်ပရိုဂျက်တွေအတွက် ငွေကြေးထောက်ပံ့ကူညီသွားမယ်ဖြစ်ပါတယ်။ သမ္မတ Mr Trump နဲ့ ဝန်ကြီးချုပ် Mr Modi တို့ဟာ Blue Dot Network လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံလိုအပ်ချက် ဖွံ့ဖြိုးရေးအတွက် ထည့်ဝင်လုပ်ကိုင်သူ ပေါင်းစုံပါဝင်တဲ့ အစပျိုးမှု မူဝါဒအပေါ် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဟာ မကြာမှီသောနှစ်များအတွင်း မြင့်တက်လာနေပြီး၊ အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စုထံမှ ရေနံနဲ့ ဓါတ်ငွေ့ မှာယူတင်သွင်းမှုဟာ တိုးများလာနေသလို အမေရိကန်ပြည်ထောင်စု ရေနံထွက်ပစ္စည်းနယ်ပယ်မှာ အိန္ဒိယကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှုကလည်း ထပ်လောင်းတိုးများမဲ့ အလားအလာတွေရှိနေပါတယ်။ ယခုအလည်အပတ်ခရီးစဉ်ကြောင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ထပ်လောင်းအားဖြည့်ပေးခံရနိုင်တဲ့ နယ်ပယ်တွေဟာ အာကာသ၊ ပညာရေးနဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတဟာ Washington အစိုးရရဲ့ ပြန်လည်ပြုပြင်ဖွဲ့စည်းမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာရေးအတွက်နဲ့ အနုမြူဖြန့်ချီသူများအုပ်စု (NSG) ထဲ ဝင်ရောက်ခွင့်ရရှိရေးအတွက် ထောက်ခံမှုအား ဆက်လက်အတည်ပြုခဲ့ပါတယ်။ သမ္မတ Mr Trump ရဲ့ခရီးစဉ်ဟာ အမှန်တကယ်ဘဲ အကျိုးဖြစ်ထွန်းစေပြီး၊ အစဉ်သတိရစေမဲ့ အလည်အပတ်ခရီးစဉ်ဖြစ်ပါတယ် စသည်ဖြစ် ဆောင်းပါးရှင် သံအမတ်ကြီး Navtej Sarna ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment