“အိန္ဒိယ-ဥရောပသမဂ္ဂ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ထင်ရှားစေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဥရောပသမဂ္ဂ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ထင်ရှားစေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာကောင်စီ (FAC) နဲ့ တွေ့ဆုံဆွေးနွေးဘို့အတွက် Brussels မြို့ကို သွားရောက်ခဲ့ပါတယ်။ အဆိုပါခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းကိုယ်စားလှယ်နဲ့ နိုင်ငံခြားအရေးကိစ္စများနဲ့ လုံခြုံရေးပေါ်လစီ ဒုဥက္ကဌ Mr Josep Borrell Fontelles ရဲ့ဖိတ်ကြားချက်ကြောင့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပသမဂ္ဂကော်မရှင်သစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအတွင်း ရုံးထိုင်ပြီးတဲ့နောက် ပထမဦးဆုံးခရီးစဉ်ဖြစ်ပါတယ်။

အဲဒီနိုင်ငံခြားအရေးကိစ္စများကောင်စီကို ဥရောပသမဂ္ဂမှ ထိပ်တန်းကိုယ်စားလှယ်နဲ့ ဥရောပသမဂ္ဂဝင်နိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီး (၂၇) ဦးတို့နဲ့ ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးပေါ်လစီ၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်မှုနဲ့ လူမှုရေးရာအထောက်အကူ စတဲ့ ပြင်ပအရေးယူဆောင်ရွက်မှုတွေအတွက် တာဝန်ရှိပါတယ်။ Dr. Jaishankar ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီဦးစားပေးမှုတွေနဲ့ ဒေသပိုင်းနဲ့ တကမ္ဘာလုံးဆိုင်ရာ အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြန်အလှန်ဆွေးနွေးပွဲတွေမှာ အိန္ဒိယနဲ့ ဥရောပသမဂ္ဂတို့ ဘုံအကျိုးအမြတ်တွေကို အာရုံပြုခဲ့ကြပါတယ်။ ဥရောပသမဂ္ဂဟာ အကြီးမားဆုံးဒီမိုကရေစီ နှစ်နိုင်ငံကို ကိုယ်စားပြုပြီး၊ ၎င်းတို့ရဲ့ ဒီမိုကရေစီအတွက် ခံယူချက်တွေကို မျှဝေခဲ့ကြကာ၊ နိုင်ငံပေါင်းစုံဝါဒ၊ စည်းမျဉ်းအခြေခံ နိုင်ငံတကာအစဉ်အလာ၊ စည်းမျဉ်းဥပဒေအခြေခံ နိုင်ငံတကာကုန်သွယ်ရေးအား WTO နဲ့ ၎င်းရဲ့အရေးကြီးဆုံးအပိုင်းနဲ့ တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးမှုတွေကို အာရုံပြုခဲ့ကြပါတယ်။ လုံခြုံရေးပေါ်လစီရဲ့ ထိပ်တန်းကိုယ်စားလှယ် Mr Josep Borrell Fontelles ဟာ မကြာသေးမှီက အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ Mr Fontelles ဟာ ၂၀၂၀ ခုနှစ် Raisina နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဥရောပသမဂ္ဂ ထိပ်တန်းကိုယ်စားလှယ်ဟာ သက္ကရာဇ် ၂၀၂၅ ခုနှစ်ကို ပစ်မှတ်ထားပြီး၊ အိန္ဒိယ-ဥရောပသမဂ္ဂ မဟာနည်းဗျူဟာ ဖက်စပ်လုပ်ကိုင်မှုအတွက် လုံခြုံရေးမှ digital သို့မဟုတ် ရာသီဥတုပြောင်းလဲမှု စသည်တို့ အကျုံးဝင်တဲ့လမ်းပြမြေပုံသစ်တခု ရေးဆွဲချမှတ်ဘို့ လိုအပ်ကြောင်း အလေးအနက် ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်စလုံးတို့ဟာ အထူးသဖြင့် ဘုံဦးစားပေးမှုတွေဖြစ်ကြတဲ့ ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံပေါင်းစုံဝါဒအား ကာကွယ်စောင့်ရှောက်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး Digital စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုအပြင် ကာကွယ်ရေးလုံခြုံမှုနဲ့ အကြမ်းဖက်ဝါဒအန္တရာယ်ကို အာရုံပြုမှုတို့မှာ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ စေ့စပ်မှုတွေ ပိုမိုနက်ရှိုင်းစေဘို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ European Green Deal အတွက် အမှုဆောင်ဒုဥက္ကဌ၊ ကုန်သွယ်ရေးမဟာမင်းကြီး Mr Phil Hogan ၊ နိုင်ငံတကာ ဖက်စပ်လုပ်ကိုင်မှုမဟာမင်းကြီး Ms Jutta Urpilainen တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

Dr. Jaishankar ဟာ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် (၂၇) နိုင်ငံ အစိုးရခေါင်းဆောင်တို့ရဲ့ ဥရောပကောင်စီဥက္ကဌ Mr Charles Michel နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Dr. Jaishankar ဟာ ဥက္ကဌ Mr Michel အား FAC နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အကြောင်းကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ Belgian နိုင်ငံခြားရေးဝန်ကြီး Mr Philippe Goffin အား တွေ့ဆုံခဲ့ပြီး၊ Belgium နိုင်ငံအား ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွက် UNSC ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဥက္ကဌဖြစ်လာခဲ့ခြင်းအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဝန်ကြီးနှစ်ဦးတို့ဟာ India-Belgium အပြန်အလှန်ဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေအား နိုင်ငံပေါင်းစုံနယ်ပယ်နဲ့ ဒေသပိုင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး၊ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

ခွဲခြမ်းစိတ်ဖြာသူတွေက လာမဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းကျင်းပမဲ့ အိန္ဒိယ-အီးယူ ထိပ်သီးညီလာခံကြီးဟာ အိန္ဒိယ-အီးယူ ဆက်ဆံရေးတွေကို ကူးစက်ပေးပြီး၊ အထက်သို့ မျှော်မှန်းတဲ့ လမ်းကြောင်းဆီ သယ်ဆောင်သွားလိမ့်မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ၂၀၂၅ ခုနှစ်ဆိုင်ရာ အိန္ဒိယ-အီးယူ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအတွက် စေ့စပ်ညှိနှိုင်းမှုတွေ စတင်နေပြီးဖြစ်ကာ၊ သဘောတူညီချက်ကို လာမဲ့ အိန္ဒိယ-ဥရောပ ထိပ်သီးညီလာခံမှာ ထောက်ခံအတည်ပြုဘို့ အသင့်ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုပ် Mr Narendra Modi အဲဒီထိပ်သီးညီလာခံသို့ တက်ရောက်ဘို့ Brussels မြို့ကို သွားရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Brexit နောက်ပိုင်း ဥရောပသမဂ္ဂမှာ အိန္ဒိယနိုင်ငံရဲ့ အဖွဲ့ဝင် (၂၇) နိုင်ငံတို့နဲ့ဆက်ဆံရေးဟာ ထူးကဲထင်ရှားစေမဲ့ အသွင်ဆောင်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”