“Trump ရဲ့ နှစ်နိုင်ငံအတွက်စီမံကိန်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump ရဲ့ နှစ်နိုင်ငံအတွက်စီမံကိန်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
သူတို့ရဲ့ရုံးတော်မှ ပယ်ရှားနိုင်တဲ့အခြေအနေတွေ သူတို့ခေါင်းပေါ်ဝဲနေချိန်မှာ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump နဲ့ အစ္စရေးလ်နိုင်ငံဝန်ကြီးချုပ် Mr Benjamin Netanyahu တို့ဟာ အစ္စရေးလ်-ပါလက်စတိုင်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးစီမံကိန်းတခု ကြေညာဘို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ Peace to Prosperity လို့နာမည်ပေးထားတဲ့ စာမျက်နှာ (၁၈၀) ခန့်ရှိတဲ့ စာရွက်စာတမ်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေးလ်ပြည်သူတို့ရဲ့ ဘဝမြင့်တင်ရေးနဲ့ တိုးတက်မှုကို ရှာဖွေထားပါတယ်။ လပေါင်းများစွာစေ့စပ်ညှိနှိုင်းမှုတွေကို များသောအားဖြင့် အစ္စရေးလ်အရာရှိတွေနဲ့ တချို့သောအာရပ်နိုင်ငံခေါင်းဆောင်တွေနဲ့ပြုလုပ်ပြီးတဲ့နောက် သမ္မတ Mr Trump ရဲ့ အရှေ့အလယ်ပိုင်းအတွက် အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ Mr Jared Kushner ဟာ ပါလက်စတိုင်းလူမျိုးတွေကို အလွန်အမင်းလျစ်လျူပြုထားတဲ့ အဆိုပါအကျိုးဖြစ်ထွန်းစေမဲ့ စီမံကိန်း အကြံပြုခဲ့ဒါဖြစ်ပါတယ်။
ဒီစီမံကိန်းကို သမ္မတ Mr Trump က “အမှန်တကယ်ဖြစ်စေသော ငြိမ်းချမ်းရေးစီမံကိန်း” လို့ခေါ်တွင်ခဲ့ပြီး၊ ပါလက်စတိုင်းတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။ Mr Netanyahu က အဆိုပါစီမံကိန်းကို သမိုင်းဝင်တခုအဖြစ် ဖေါ်ပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ပါလက်စတိုင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် တရားဝင်စိတ်ဆန္ဒတွေကို အသိအမှတ်ပြုထားပါတယ်။ သို့သော်ငြားလည်း Jerusalem ဟာ အစ္စရေးလ်နိုင်ငံရဲ့ မခွဲခြမ်းနိုင်တဲ့မြို့တော်အဖြစ် ဆက်လက်တည်ရှိပြီး၊ ပါလက်စတိုင်းတို့ဟာ သူတို့ရဲ့မြို့တော်အား အရှေ့ Jerusalem မှာရှိတဲ့ al-Quds မြို့ သို့မဟုတ် တခြားမြို့မှာ တည်ဆောက်နိုင်မယ်ဖြစ်ပါတယ်။ အဆိုပါစီမံကိန်းနဲ့တွဲထားတဲ့ ယူဆနိုင်ဖွယ်မြေပုံဟာ အနောက်ဖက်ကမ်းခြေမှာ ဂျူးလူမျိုးများ နေရာချထားရေးအားလုံးတို့ရဲ့ အစ္စရေးလ်တို့ တိုးချဲ့ထားဒါတွေကို တွေ့မြင်စေပြီး၊ ဒီလိုပြုလုပ်ခြင်းကို အမေရိကန်တို့က အသိအမှတ်ပြုခြင်းဟာ အစ္စရေးလ်နိုင်ငံဟာ အမေရိကန်တို့ အသိအမှတ်ပြုထားတဲ့ Jordan တောင်ကြားအထိလည်း တိုးချဲ့နိုင်လိမ့်မယ်ဖြစ်ပါတယ်။
အစ္စရေးလ်တို့ရဲ့ ပါလက်စတိုင်းတို့နဲ့ မြေနယ်နိမိတ်ဖလှယ်ခြင်းဟာ လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ သိမ်းပိုက်ထားခဲ့တဲ့ ပါလက်စတိုင်းတို့ရဲ့ မြေနယ်နိမိတ်ကို ပြန်ပေးအပ်ရေးနဲ့ အကျုံးမဝင်ဘဲ၊ ပါလက်စတိုင်းတွေအတွက် Mandate Palestine နယ်နိမိတ်များရဲ့ ၁၅% ကိုသာ ချန်လှပ်ထားမယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးလ်နိုင်ငံက ဘယ်ပါလက်စတိုင်းအစိုးရနဲ့မျှ စေ့စပ်ညှိနှိုင်းလိမ့်မယ်လို့ မမျှော်လင့်ဘဲ သူတို့တွေမှာ Hamas အုပ်စုဝင်တွေ သို့မဟုတ် တခြားအုပ်စုတွေနဲ့ သူတို့တွေဟာ အစ္စရေးလ်နိုင်ငံကို အသိအမှတ်ပြုပြီး Gaza ကမ်းမြှောင်ဒေသနဲ့ ဆက်နွယ်နေတဲ့ တခြားကန့်သတ်ချက်တွေအား အသေအချာလိုက်နာပြီး၊ အကြမ်းမဖက်ရေးကို အကြွင်းမဲ့ယုံကြည်ခံယူခြင်းမပြုမချင်း၊ စေ့စပ်ညှိနှိုင်းလိမ့်မယ်မဟုတ်ဘူးလို့ ယူဆထားပါတယ်။ နေရာချထားခြင်းတို့ဟာ အနောက်ဖက်ကမ်းခြေမှာ ပါလက်စတိုင်းနိုင်ငံရဲ့ နယ်နိမိတ်အရ သိပ်နီးကပ်ခြင်းမရှိတဲ့အရပ်သို့ ဦးတည်လိမ့်မယ်ဖြစ်ပါတယ်။ နောက်ပြီး ယခုလိုတိုးချဲ့ခြင်းက ပါလက်စတိုင်းတို့ရဲ့ တခြားအစိတ်အပိုင်းဖြစ်တဲ့ Gaza ကမ်းမြှောင်ဒေသနဲ့ မြေအောက်လှိုင်ခေါင်းတွေမှတဆင့် ဆက်နွယ်လိမ့်မယ်ဖြစ်ပါတယ်။
ပါကလက်စတိုင်းနိုင်ငံရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် အပြည့်အဝထောက်ခံမှုတခု၊ အစ္စရေးလ်တို့ရဲ့နေရာချထားမှုတွေကို ယာယီရပ်ဆိုင်းထားခြင်းနဲ့ ပါလက်စတိုင်းနိုင်ငံတည်ဆောက်ရေးအတွက် စီးပွားရေးချဉ်းကပ်မှုတွေကသာလျင် ကောင်းမွန်ထင်ရှားတဲ့အကြောင်းအရာတွေဖြစ်ကြပါတယ်။ သို့ရာတွင် ပါကလက်စတိုင်းလူမျိုးတွေဟာ “Deal of the Century” ကို စိတ်နှလုံးအပြည့်အဝနဲ့ ပယ်ချခဲ့ပါတယ်။ Mr Trump ရဲ့ကမ်းလှမ်းချက်သစ်က Mr Trump ရဲ့ သမ္မတဖြစ်လာတဲ့အချိန်ကစပြီး ကြေညာထားတဲ့နည်းလမ်းတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး၊ နာမည်အားဖြင့် ဖေါ်ပြရမယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ Jerusalem မြို့ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် ကြေညာခြင်း၊ အမေရိကန်သံရုံးကို Tel Aviv မြို့မှ Jerusalem မြို့သို့ ၂၀၁၈ ခု မေလအတွင်း၊ ၂၀၁၉ ခုနှစ် မတ်လအတွင်း Golan ကုန်းမြင့်ကို အစ္စရေးလ်နိုင်ငံရဲ့ နယ်နိမိတ်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဂျူးလူမျိုးတို့အား နေရာချထားခြင်းအား တရားမဝင်မဟုတ်ဘူးလို့ ကြေညာခဲ့ခြင်းတို့ဖြစ်ကြပါတယ်။
Saudi Arabia နဲ့ အီဂျစ်နိုင်ငံတွေလို အာရပ်နိုင်ငံတွေဟာ အလွန်သတိထားနေကြပြီး၊ တခြားဖိအားကျရောက်စေတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြပါတယ်။ ဒါပေမဲ့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ရဲ့ တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုကို ယခုတိုင် အကြံပြုလျှက်ရှိကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အစဉ်အမြဲဆိုသလို ပါလက်စတိုင်းတို့ရဲ့ အကျိုးစီးပွားကို ထောက်ခံလျှက်ရှိပြီး၊ အစ္စရေးလ်-ပါလက်စတိုင်းအရေးကိစ္စတွေအတွက် နှစ်နိုင်ငံတို့ ဖြေရှင်းကြပါရန် တိုက်တွန်းနေပါတယ်။ New Delhi အစိုးရဟာ မိမိတို့ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နောက်ဆုံးအဆင့်မှာရှိတဲ့ အရေးကိစ္စတွေအား နှစ်ဖက်စလုံးတို့အကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းသင့်တယ်လို့ ဖေါ်ပြနေခြင်းနဲ့ နှစ်ဖက်စလုံးက လက်ခံနိုင်ဖွယ်ဖြစ်သင့်တယ်ဆိုဒါကို ထပ်လောင်းအတည်ပြုလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်ဖက်စလုံးတို့အား ယခုနောက်ဆုံး အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထားတဲ့ အကြံပြုချက်တွေအပါအဝင် အရေးကိစ္စအားလုံးကို တဦးနဲ့တဦး စေ့စပ်ညှိနှိုင်းပြီး၊ ငြိမ်းချမ်းစွာအတူတကွ ပေါ်ထွန်းတည်ရှိဘို့ရာ၊ နှစ်ဖက်စလုံးတို့ လက်ခံနိုင်တဲ့ဖြေရှင်းချက်တခုကို ရှာဖွေကြဘို့ တိုက်တွန်းလျှက်ရှိပါတယ်။
တရားဝင်ဖြစ်ပြီး၊ နိုင်ငံတကာက ပါလက်စတိုင်းတို့ရဲ့ ခေါင်းဆောင်ပိုင်းအဖြစ် အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့ဟာ သူတို့အတွက် အကျိုးဖြစ်ထွန်းစေပြီး၊ ပြောင်းလဲစေမဲ့ စီမံကိန်းမှာ မပါဝင်ပါဘူး။ ဒီအချက်ဟာ အမှန်တကယ်ဘဲ ပြဿနာတခုဖြစ်ပါတယ်။ အတိုချုပ်အားဖြင့်ဆိုရရင် Mr Trump ရဲ့ အရှေ့အလယ်ပိုင်းစီမံကိန်းဟာ Denmark မင်းသားမပါဘဲ Hamlet ဇာတ်လမ်းနဲ့ ဘာမှ မကွာပါဘူး စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”