“Imran Khan Davos ၌ ပိုးပန်းရန်မအောင်မြင်ခဲ့ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Imran Khan Davos ၌ ပိုးပန်းရန်မအောင်မြင်ခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr Imran Khan အလွန်သတင်းကြီးခဲ့တဲ့ခရီးစဉ်နဲ့ “World Economic Forum 2020” အစည်းအဝေးပွဲသို့ တက်ရောက်ဘို့ Davos မြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ Ski စီးရာ ဆွီဇီလန်နိုင်ငံရဲ့ အပန်းဖြေရိပ်သာမှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟာ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump နဲ့ တွေ့ဆုံခဲ့ပါတယ်။ လုပ်နေကြအတိုင်းဘဲ Mr Khan ဟာ တခါပြန်ပြီး Kashmir အရေးကိစ္စနဲ့ ယခုအခါ သူ့အတွက်သမရိုးကျဖြစ်နေတဲ့ အိန္ဒိယဆန့်ကျင်ရေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူဟာ အဆိုပါစင်္ကြန်ကို “ကျွန်ုပ်တို့ဟာ အိန္ဒိယနိုင်ငံနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်လိမ့်မယ့်အချိန်အခါမှာ ကမ္ဘာကြီးက ကျွန်ုပ်တို့ဟာ နည်းဗျူဟာအရ ဘယ်လောက်တောင့်တင်းခိုင်မာကြတယ်ဆိုဒါကို မြင်တွေ့ပါလိမ့်မယ်” လို့ ပြောကြားဘို့ အသုံးပြုခဲ့ပါတယ်။ Mr Khan က ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်ဝါဒမရှိကြောင်း ဖော်ပြခဲ့ပါတယ်။
အမှန်တရားမှ ဘယ်အရာကမှဝေးကွာလို့ မရပါဘူး။ အမှန်တကယ်ဆိုရင် အကြမ်းဖက်သမားအုပ်စုတွေဟာ ပါကစ္စတန်အစိုးရရဲ့ တရားဝင်အားပေးမှုကို ခံစားနေကြပါတယ်။ အကြမ်းဖက်သမားကွန်ယက်တွေဟာ အဲဒီနိုင်ငံမှာ မှိုလိုပေါက်နေကြပါတယ်။ Paris မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့မှုဆန့်ကျင်ရေးကို စောင့်ကြည့်တဲ့ ဘဏ္ဍာရေးဆိုင်ရာလှုပ်ရှားမှုတာဝန်ခံတပ်ဖွဲ့ (FATF) ဟာ ပါကစ္စတန်နိုင်ငံ အမည်စာရင်းထည့်သွင်းဘို့ စမ်းစစ်ဘို့ရှိပြီး၊ ပါကစ္စတန်အစိုးရက အကြမ်းဖက်ဝါဒီအုပ်စုတွေကို ယခုအချိန်အခါမှာ သတို့ရဲ့လှုပ်ရှားမှုတွေအား လျော့ချထားဘို့ တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ထုတ်ပြန်ချက်တခုမှာ အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးတွေနဲ့ပါတ်သက်ပြီး Davos မြို့မှာ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan ရဲ့ မှတ်ချက်အံ့အားသင့်စရာမရှိခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ပါ အကြောင်းအရာနဲ့ လေသံဟာ အမှန်တရားအရ တိကျမှုမရှိဘဲ၊ ဆန့်ကျင်နေရုံသာမက တိုးများလာနေတဲ့ မခံမရပ်ဖြစ်မှုကို သရုပ်ပြလိုက်ဒါဘဲဖြစ်ပါတယ်လို့ ဖေါ်ပြထားပါတယ်။ ဆက်လက်ပြီး ပါကစ္စတန်နိုင်ငံအနေနဲ့ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးမှာ သူတို့ရဲ့ ဓါးစာခံတွေနဲ့ပါတ်သက်ပြီး နှစ်မျိုးနှစ်ခွရှိဒါကို လက်တဖက်မှာ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးကို ဖော်ပြနေသလို အခြားတဖက်မှာ အိန္ဒိယနိုင်ငံနဲ့ တခြားနိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြတဲ့ အကြမ်းဖက်သမားအုပ်စုတွေအား ထောက်ပံ့ကူညီနေဒါကို သိရှိထားကြပြီးဖြစ်ခြင်းအား နားလည်သဘောပေါက်သင့်ပါတယ်။ Mr Khan ဖေါ်ပြသလို အကယ်၍သာ ပါကစ္စတန်နိုင်ငံက အမှန်စင်စစ်အေးချမ်းပြီး ပုံမှန်ဆက်ဆံမှုတွေအား ဆောက်တည်ဘို့ အလေးအနက်ရှိတယ်ဆိုရင် အဓိကအချက်ဟာ ပါကစ္စတန်နိုင်ငံအပေးတည်ရှိပြီး၊ ဆက်သွယ်နိုင်တဲ့ပါတ်ဝန်းကျင်အနေအထားကို ဖန်တီးရမယ်ဖြစ်ပါတယ်။ သူတို့အနေနဲ့ အကျိုးဖြစ်ထွန်းစေပြီး၊ နောက်ပြန်မဆုတ်ဘဲ၊ သူတို့ရဲ့နယ်မြေပေါ်မှ လှုပ်ရှားနေကြတဲ့ အကြမ်းဖက်အုပ်စုတို့အပေါ် ဆန့်ကျင်အရေးယူဒါကို စစ်ဆေးအတည်ပြုနိုင်တဲ့ အရေးယူမှုတွေပြုလုပ်ဘို့ လိုအပ်ပြီး၊ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းတွေရဲ့အာရုံကို လွှဲပြောင်းစေဘို့ရာ လွှဲမှားစေကာ၊ သတိပေးနိုးကြားစေတဲ့ ဖေါ်ပြချက်တွေ မထုတ်ပြန်သင့်ဘူးလို့ ဖော်ပြထားပါတယ်။
Davos အစည်းအဝေးပွဲမှာ မေးခွန်းတခုကိုဖြေကြားတဲ့အခါ Mr Imran Khan က “အကယ်၍သာ တချို့အကြမ်းဖက်ဝါဒရှိနေတယ်ဆိုရင် အဲဒါတွေက Afghanistan မှ ပါကစ္စတန်နိုင်ငံထဲ ရောက်ရှိလာဒါဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒမရှိဘူး” လို့ ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေက Mr Khan ဟာ Afghanistan နိုင်ငံအတွင်း စစ်ပွဲတွေက အသတ်ခံခဲ့ရတဲ့ ဘီလူးတွေထက်ပိုပြီး၊ ဖန်တီးခဲ့ပြီး၊ အဲဒီထဲမှာ စစ်သွေးကြွပုန်ကန်မှုတွေ ပေါ်ပေါက်စေတယ်လို့ ဖော်ပြခဲ့ဒါဟာ မှန်ကန်ပေမဲ့ Mr Khan ဟာ လူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့ ထိပ်တန်းအကျဆုံးမေးခွန်းဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့တွေထွက်ခွာသွားပြီးတဲ့နောက် Afghanistan နိုင်ငံအတွက် ဘာဖြစ်မလဲဆိုဒါကို မဖြေနိုင်ခဲ့ဘူးလို့ ဖေါ်ပြကြပါတယ်။
Mr Khan က ထုတ်ဖော်ပြောကြားခဲ့တဲ့ တချို့သောသော့ချက်ကျအချက်အလက်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ အကျိုးဆုတ်ယုတ်မှုတွေကို ထွက်ပေါ်လာစေခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံက ရင်းနှီးမြှပ်နှံသူတွေကို ပေးကမ်းမဲ့ အခွင့်အရေးတို့အား မီးမောင်းထိုးပြသခဲ့ခြင်းမပြုခဲ့ပါဘူး။
ထပ်ခါတလဲလဲဆိုသလိုဘဲ ဝန်ကြီး Mr Imran Khan ဟာ လွန်ခဲ့တဲ့နှစ်အတွင်း နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုက နှစ်ဆဖြစ်ခဲ့တယ်လို့ ဖော်ပြလေ့ရှိပါတယ်။ သို့သော်ငြားလည်း အဲဒီရင်းနှီးမြှပ်နှံမှုအားလုံးနီးပါးတို့ဟာ ရက်တိုငွေစုဆောင်းမှုအတွက် နှစ်ဆ ပြန်အမ်းငွေတို့ဖြင့် စွဲဆောင်ထားတဲ့ Hot Money တွေဘဲဖြစ်ပါတယ်။
Mr Imran Khan ရဲ့ Davos မြို့နဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ရှုထောင့်တခုကတော့ Mr Khan ကိုယ်တိုင် ဝန်ခံခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အား စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေနှစ်ဦးတို့ဖြစ်ကြတဲ့ Mr Ikram Sehgal နဲ့ Imran Chaudury တို့က တာဝန်ယူခဲ့ဒါကို ဝန်ခံခဲ့ဒါဘဲဖြစ်ပါတယ်။ ဒီမူကြမ်းတွေဟာ ပါကစ္စတန်နိုင်ငံရဲ့ Macro စီးပွားရေး မငြိမ်မသက်ဖြစ်မှုနဲ့ Islamabad အစိုးရရဲ့ စွမ်းအားရှိတဲ့တည်ဆောက်ရေးစီးဝင်မှုတွေအား စွဲဆောင်မှုမပြုလုပ်နိုင်ဒါဘဲ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ နိုင်ငံရေးအရှိန်အဟုန်ကို တိုးမြှင့်လိုက်ဒါဘဲဖြစ်ပြီး၊ အမှန်တကယ်တော့ ဘာကြောင့် Mr Imran Khan ရဲ့ တချိန်ကမိတ်ဆွေဖြစ်ခဲ့သူဟာ ရန်သူဖြစ်လာခဲ့တဲ့ဝန်ကြီးချုပ်ဟောင်း Mr Nawaz Sharif အား လက်ရှိအစိုးရက ထိန်းသိမ်းထားရသလဲဆိုတဲ့အကြောင်းကို မီးမောင်းထိုးပြသလိုဖြစ်နေပါတယ်။

အကယ်၍သာ Mr Imran Khan က နိုင်ငံရဲ့ စီးပွားရေး အလားအလာတွေကို အာရုံပြုခဲ့မယ်ဆိုရင် ပါကစ္စတန်ဝန်ကြီးအနေနဲ့ ပိုမိုကောင်းမွန်စွာ တာဝန်ထမ်းဆောင်သူတွေ ရရှိနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။ ပါကစ္စတန်လေ့လာစစ်ဆေးသူတွေရဲ့ အစီအရင်ခံချက်အရ Mr Khan ရဲ့ အရှေ့အလယ်ပိုင်းက အိမ်နီးချင်းတွေနဲ့ဆက်ဆံလိုတဲ့ဆန္ဒကို သူ့ရဲ့အခက်အခဲအားလုံးတို့အတွက် ဆေးခွက်တခုဖြစ်စေနိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဝဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”