အိန္ဒိယနိုင်ငံရဲ့ GSAT-30 ဂြိုလ်တုကို အောင်မြင်စွာ လွင့်တင်နိုင်ခဲ့ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာဆန်းစစ်သူ ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ GSAT-30 ဂြိုလ်တုကို အောင်မြင်စွာ လွင့်တင်နိုင်ခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ စောစောပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ (၄၁) ခုမြောက် ဆက်သွယ်ရေးဂြိုလ်တု GSAT-30 ကို အောင်မြင်စွာ လွင့်တင်နိုင်ခဲ့ခြင်းဟာ ဆက်သွယ်ရေးလုပ်ငန်းဆောင်တာတွေ အနှောင့်အယှက်မဖြစ်စေရေးအတွက် အလွန်ဘဲ အရေးကြီးလှတဲ့ခြေလှမ်းတလှမ်းဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရရင် သက်တမ်း (၁၄) နှစ်ကျော်သွားပြီးဖြစ်တဲ့ INSAT-4A ဂြိုလ်တုဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို မကြာမှီ အဆုံးသတ်သွားလိမ့်မှာမို့သာဖြစ်ပါတယ်။ INSAT-4A ဂြိုလ်တုကို အိန္ဒိယ Cable လုပ်ငန်းရှင်တွေက ပင်လယ်ရပ်ခြားမှာ သူတို့ရဲ့ အစီအစဉ်တွေ လွင့်တင်ပြသဘို့ အသုံးပြုခဲ့ကြပါတယ်။ GSAT-30 က ဒီလုပ်ငန်းရှင်တွေအား အဆိုပါလုပ်ငန်းအစီအစဉ်တွေကို နောက်ထပ်(၁၅) နှစ်မျှ ဆက်လက်လွင့်တင်ပြသနိုင်ဘို့ ခွင့်ပြုလိမ့်မယ်ဖြစ်ပါတယ်။ GSAT-30 ကို ပြင်သစ် Guiana နိုင်ငံ Kourou မြို့မှာရှိတဲ့ ဥရောပရဲ့ အာကာသစခန်းဖြစ်တဲ့ Guiana Space Centre မှ Arianespace ရဲ့ Ariane-5 ဒုံးပျံနဲ့ လွင့်တင်ခဲ့ပါတယ်။ GSAT-30 ဟာ အိန္ဒိယနိုင်ငံရဲ့ (၂၄) ခုမြောက် Arianespace မှ လွင့်တင်ခဲ့တဲ့ အိန္ဒိယဂြိုလ်တုဖြစ်ပြီး ဒီစခန်းဟာ လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်က အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ဆက်သွယ်ရေးဂြိုလ်တု “Apple” ကို လွင့်တင်ပေးခဲ့တဲ့ စခန်းဖြစ်ပါတယ်။ ယခုနောက်ဆုံးပျံသန်းမှုမှာ Airane (5) ဒုံးပျံဟာ မျိုးဆက်သစ်ဖြစ်ပြီး ဥရောပနဲ့ အာရှတခွင်မှာ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေ ပေးဆောင်လိမ့်မယ့် EUTELSAT KONNECT ဂြိုလ်တုကိုလည်း သယ်ဆောင်သွားခဲ့ပါတယ်။
သက်တမ်း (၁၅) နှစ်ရှိတဲ့ မစ်ရှင်နဲ့အတူ GSAT-30 ဟာ အိန္ဒိယအာကာသ သုတေသနအဖွဲ့ကြီး ISRO ရဲ့ ထူးကဲတဲ့ ပြောင်းလဲနိုင်တဲ့ Frequency အစိတ်အပိုင်းနဲ့ ပြောင်းလဲနိုင်တဲ့ ထိရောက်တဲ့နယ်ပယ်ပမာဏသို့ ထိရောက်နိုင်စွမ်းရှိတဲ့ အင်အားမြင့်မားသော ဆက်သွယ်ရေးဂြိုလ်တုဖြစ်ပါတယ်။ ဒီဂြိုလ်တုဟာ မကြာမှီ လုပ်ငန်းဆောင်တာ ပေးဆောင်နိုင်တဲ့ ဘဝသက်တမ်းကုန်ဆုံးလိမ့်မယ့် INSAT-4A အတွက် အစားထိုးမှုတခုဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းစဉ်တွေအား ထိခိုက်နှောင့်ယှက်မှုမရှိဘဲ ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ 12 C နဲ့ 12 Ku band transponders တွေ တပ်ဆင်ထားဒါမို့ ၊ GSAT-30 ဂြိုလ်တုဟာ ရုပ်မြင်သံကြားလွင့်တင်ပြသမှုနဲ့ DTH ခေါ် နေအိမ်များသို့ တိုက်ရိုက်ပို့ဆောင်ရေးလုပ်ငန်းတွေ တိုးမြှင့်စေလိမ့်မယ်ဖြစ်ပါတယ်။ Ku-band transponders တွေဟာ အိန္ဒိယပြည်မနဲ့ ကျွန်းတွေအတွက် ဆက်သွယ်မှုပေးဆောင်ပြီး C-band transponders တွေဟာ နှစ်လမ်းသွားဆက်သွယ်ရေးကို ခွင့်ပြုပြီး၊ ရုပ်မြင်သံကြားထုတ်လွင့်ပြသကြသူတွေကို သူတို့ရဲ့အစီအစဉ်တွေအား အိန္ဒိယနိုင်ငံတဝှမ်း ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရှနိုင်ငံများစွာတို့နဲ့ Australia နိုင်ငံမှာ အသံလွင့်ပြသနိုင်စေမယ်ဖြစ်ပါတယ်။
အိန္ဒိယအာကာသအေဂျင်စီရဲ့ ဖေါ်ပြချက်အရ၊ ဒီအာကာသယာဉ်ဟာ လက်ရှိ VSAT သို့မဟုတ် Very Small Aperture Terminal Network ရုပ်မြင်သံကြားဆက်သွယ်ရေး၊ Teleport လုပ်ငန်းများ၊ DTH ရုပ်မြင်သုံကြားလုပ်ငန်းများနဲ့ တခြားဂြိုလ်တုအခြေခံအသုံးချမှုတွေအတွက် အဆက်မပြတ်လည်ပတ်နိုင်စွမ်းပေးဆောင်လိမ့်မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါဂြိုလ်တုဟာ Digital Satellite News Gathering Systems လို့ခေါ်တဲ့ သတင်းထောက်တွေအား အိန္ဒိယနိုင်ငံအတွင်းက အလွန်ဝေးကွာတဲ့အရပ်မှ သူတို့ရဲ့ Studio တွေနဲ့ အခင်းဖြစ်ပွားတဲ့အချိန် အနောက်ဖက်မှ ဥရောပနိုင်ငံအားလုံးနဲ့ အရှေ့ဘက်မှ Australia နိုင်ငံအတွင်းကနေ သူတို့ရဲ့သတင်းတွေ အသံလွင့်နိုင်စွမ်းရှိလိမ့်မယ်ဖြစ်ပါတယ်။ ISRO မှ ဖော်ပြချက်အရ GSAT-30 ကို လာမဲ့ ၂၀၃၀ ခုနှစ်များအထိ ခံနိုင်ရည်ရှိဘို့ တည်ဆောက်ထားတာဖြစ်ပြီး ခေတ်မှီနည်းပညာသစ်တွေကို အသုံးပြုထားကြောင်း သိရှိရပါတယ်။ ကြီးမားတဲ့ဂြိုလ်တုလွင့်တင်ရေးအစီအစဉ်တွေကို ထိန်းသိမ်းသောအားဖြင့် မကြာမှီသောနှစ်များမှာ ISRO ဟာ အာကာသယာဉ်တည်ဆောက်ရေး ပုံမှန်လည်ပါတ်မှုအရှိန် မြင့်တင်ဘို့ရာ အလတ်စားစက်ရုံတွေရဲ့ အထောက်အကူကို မိမိတို့ရဲ့ ဝင်းအတွင်းမှာဘဲ ရယူလျှက်ရှိပါတယ်။ GSAT-30 ဂြိုလ်တုတပ်ဆင်မှုကို Alpha Design Technologies Ltd ရဲ့ ဦးဆောင်မှုနဲ့ တည်ဆောက်ခဲ့ဒါဖြစ်ပါတယ်။ GSAT-30 ဂြိုလ်တုအစိတ်အပိုင်းတွေကို Bengaluru မြို့မှာရှိတဲ့ ISRO Satellite Integration & Test Establishment ဌာနမှာ ပြုလုပ်ခဲ့ဒါဖြစ်ပါတယ်။
ISRO ရဲ့ GSAT-30 ဂြိုလ်တုကို နိုင်ငံခြားဒုံးပျံတွေနဲ့ လွင့်တင်ဘို့ ဆုံးဖြတ်ချက်ဟာ အဲဒီအာကာသအေဂျင်စီရဲ့ အနှောင့်အယှက်မရှိတဲ့ ဂြိုလ်တုအခြေခံဆက်သွယ်ရေး ဆက်နွယ်မှုတွေကို အသုံးပြုသူတို့အား ပေးဆောင်လိုတဲ့ ရဲဝံ့သောခြေတလှမ်းဖြစ်ပါတယ်။ ISRO ဥက္ကဌ Dr. K Sivan ရဲ့ဖော်ပြချက်အရ၊ ISRO ဟာ အနာဂါတ်မှာ ဂြိုလ်တုတွေလွင့်ဘို့အတွက် ပြင်ပမဲ့ဒုံးပျံတွေဆောက်လုပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေအသုံးပြုလိမ့်မယ်လို့ သိရှိရပါတယ်။ ယခုအခါမှာ ISRO ဟာ အာကာသထဲ ပထမဦးဆုံးအိန္ဒိယနိုင်ငံသားကို အိန္ဒိယမြေပေါ်မှ စေလွှတ်ဘို့ ကြိုးပမ်းလုပ်ကိုင်နေပါတယ်။ ပထမဦးဆုံး အိန္ဒိယနိုင်ငံရဲ့ အာကာသထဲသွားမဲ့ အုပ်စုကို ၂၀၂၂ ခုနှစ်မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် အိန္ဒိယ လွှတ်လပ်ရေးနေ့ နှစ်ပါတ်လည်မတိုင်မှီ ကမ္ဘာပါတ်လမ်းကြောင်း အနိမ့်ပိုင်းသို့ စေလွှတ်ဘို့ စီစဉ်ထားပါတယ်။ အတိတ်က အောင်မြင်မှုတစီတတန်းရရှိခဲ့ဒါနဲ့အတူ ISRO ဟာ ဒီပန်းတိုင်ကို အောင်မြင်ဘို့အတွက် မျှော်လင့်ချက်နဲ့ ရှေ့ရှုနိုင်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment