တရုပ်-ပါကစ္စတန် ဆက်ဆံရေး ထပ်မံ ပေါ်ပေါက်လာခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “တရုပ်-ပါကစ္စတန် ဆက်ဆံရေး ထပ်မံ ပေါ်ပေါက်လာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ရလဒ်ပြောင်းပြန်ဖြစ်စေတဲ့ နောက်ထပ်လုပ်ဆောင်ချက်အဖြစ် တရုပ်နိုင်ငံဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလွတ်သဘော ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး ဒီအချက်ကို ပါကစ္စတန်နိုင်ငံက ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအများစုတို့ဟာ ဒီတောင်းဆိုချက်ကို ကန့်ကွက်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံ အများစုတို့က ဒီကိစ္စဟာ နှစ်နိုင်ငံ အရေးကိစ္စဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ ဒါဟာဆိုရင် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၃၇၀ ရုပ်သိမ်းတဲ့အရေးကိစ္စကိုတင်ပြဖို့ တရုပ်နိုင်ငံရဲ့ တတိယအကြိမ် ကြိုးပမ်းချက်ဖြစ်ပါတယ်။ ပီကင်းအစိုးရဟာ အဲဒီလို တင်ပြဖို့ ကြိုးပမ်းချက်တွေကနေ ထိုက်သင့်တဲ့ သင်ခန်းဟာ ရသင့်နေပြီလို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ လုပ်နေကျပုံစံအတိုင်း မှားယွင်းတဲ့ ဟန်ဆောင်စကားတွေ ကျင့်သုံး လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်ဟားလှယ် Mr. Syed Akbaruddin က ဖော်ပြခဲ့ပါတယ်။ သံတမန်ရေးဆိုတာ အမှန်တော့ ကယ်ပါယူပါလို့ တစာစာ အကူအညီ တောင်းနေခြင်းဖြစ်ပြီး နက်နဲခက်ခဲသလို သေးငယ်လှတဲ့ လက်တွေ့ ဆောင်ရွက်ချက် အဆင့်တွေဖြစ်ပါတယ်။ အဲဒီ အသေးအမွှားကိစ္စဟာ ဩဂုတ်လ ၅ ရက်နေ့က မိမိတို့ ဆောင်ရွက်ခဲ့တာကနေ ဖြစ်ရမယ်လို့ Mr. Akbaruddin က ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အဓိက အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံရဲ့လုပ်ဆောင်ချက်ကို ထောက်ခံခဲ့ကြပြီး အဲဒီ ၄ နိုင်ငံတို့က အဆိုပါကိစ္စကို အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးအဖြစ် ဖော်ပြခဲ့ကြပါတယ်။

သံရေးတမန်ရေးဆိုတာ လွန်ခဲ့တဲ့ ၅ လက ပါကစ္စတန်နိုင်ငံ ပွဲဖျက်ခဲ့သလို ရှင်းလင်းတဲ့ ဦးတည်ချက်လမ်းကြောင်းတွေလိုအပ်ပြီး အစ္စလာမာဘတ်အစိုးရအတွက် ကနဦး လုပ်ဆောင်ရမှာက သံတမန်ဆက်ဆံရေး လမ်းကြောင်းထဲကိုဝင်ရောက်ပြီး သံတမန်ရေးကိစ္စအပေါ် အလေးအနက် အာရုံထားကြောင်း ရည်စူးချက်ကို ဦးစွာ ပြသသွားရမှာဖြစ်တယ်လို့ Mr. Akbaruddin က ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အမြဲတမ်းမိတ်ဆွေဖြစ်တဲ့ တရုပ်နိုင်ငံဟာ လုံခြုံရေးကောင်စီ ဆွေးနွေးခန်းမအတွင်း နိဂုံးချုပ် ဆွေးနွေးကြရာမှာ Kashmir အရေးကိစ္စကို တခြားပြဿနာများဆိုတဲ့ ခေါင်းစဉ်အောက်မှာဖော်ပြဖို့ ထပ်မံကြိုးပမ်းခဲ့ပါတယ်။ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတို့အနက် Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး ကောင်စီမှာဆွေးနွေးရေး တင်ပြဖို့လုပ်ဆောင်ခဲ့တာ တနိုင်ငံပဲရှိခဲ့ပါတယ်။ အမြဲတမ်း တခြားအဖွဲ့ဝင်နိုင်ငံအားလုံးကတော့ လုံးဝ တခြားစီ ဖော်ပြခဲ့ကြပါတယ်။ ယခုအခါမှာ ကမ္ဘာလုံးဆိုင်ရာ သဘောထားကတော့ ဒီအရေးကိစ္စကို နားထောင်လိုသူ တယောက်ယောက်အတွက် သက်သက်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်က ဖော်ပြခဲ့ပါတယ်။

တရုပ်နိုင်ငံဟာ အဲဒီလို ကြားဝင်မှုတွေကတဆင့် Kashmir အရေးကို နိုင်ငံတကာအရေးကိစ္စ ဖြစ်စေဖို့ ၃ ကြိမ် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။ ယခုလုပ်ဆောင်ချက်ဟာ ပီကင်းအစိုးရအနေနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံသစ်တွေအလယ်မှာ ကံစမ်းလိုက်တဲ့ သဘောဖြစ်နိုင်တယ်လို့ အိန္ဒိယကိုယ်စားလှယ်က ဖော်ပြခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ နှစ်စဉ်နှစ်တိုင်း အပြောင်းအလဲရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကရှိခဲ့တဲ့ အဖွဲ့ဝင် ၅ နိုင်ငံတို့ဟာ ဒီနှစ်မှာတော့ မတူကြတော့ပါဘူး။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်သစ်တွေဟာ အနေအထား ပြောင်းလဲမှုကြောင့် ၎င်းတို့ရဲ့ထင်မြင်ချက်သဘောထား ကွဲပြားကြလိမ့်မယ်လို့ ပီကင်းအစိုးရက ထင်မြင်ယူဆခဲ့ဟန်ရှိပေမယ့် တရုပ်-ပါကစ္စတန်တို့ရဲ့ တင်ပြချက်ကို စိတ်ဝင်စားသူ မရှိခဲ့ကြပါဘူး။

ယခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ အလွတ်သဘော တံကားပိတ် ဆွေးနွေးပွဲရလဒ်တွေအနေနှင့် တကမ္ဘာလုံးဟာ Kashmir ကိစ္စကို အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား နှစ်ဦးနှစ်ဖက် ဖြေရှင်းရမယ့် ကိစ္စတရပ်အဖြစ် ထင်မြင်နေကြောင်း ညွှန်းဆိုလျှက်ရှိပါတယ်။ ပုဒ်မ ၃၇၀ ရုပ်သိမ်းပြီးကတည်းက ပါကစ္စတန်နိုင်ငံဟာ အခွင့်အရေးရရင်ရသလို ဒီအရေးကိစ္စကိုတင်ပြဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan ဟာ ၎င်းအစိုးရရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုကနေ အာရုံလွှဲဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးလုပ်ဆောင်ချက်တွေကို ဖော်ပြရာမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အလွန်ကြီးမားလှတဲ့ စီးပွားရေး ပြဿနာတွေကို ရင်ဆိုင်နေရပေမယ့် ပါကစ္စတန်ဝန်ကြီးချုပ်ဟာ အဲဒီအခြေအနေတွေကနေ အာရုံပြောင်းဖို့အတွက် ပါကစ္စတန်နိုင်ငံရေးသမားတိုင်းကို အိန္ဒိယဆန့်ကျင်ရေးဝါဒလမ်းစဉ် သုံးနေခဲ့ပါတယ်။ လက်ရှိ ပါကစ္စတန်နိုင်ငံဟာ တောင်အာရှဒေသ နိုင်ငံအားလုံးတို့အနက် လူသားဖွံ့ဖြိုးမှု စာရင်းပြဇယားမှာ အနိမ့်ဆုံးဖြစ်ပါတယ်။ ဒီနိုင်ငံအတွင်း ပြည်သူလူထု ၆၅ သန်းတို့ဟာ အလွန်ဆင်းရဲကြပါတယ်။



ဒီလိုအခြေအနေဆိုးနေချိန်မှာ Mr. Imran Khan ဟာ အိန္ဒိယနိုင်ငံအကြောင်း ပြောဆိုနေတာတွေ ရပ်တန့်ပြီး ပြည်သူလူထုကို ကတိပေးထားတဲ့အတိုင်း နိုင်ငံတော် ပြုစုစောင့်ရှောက်ရေး ထူထောင်သွားဖို့ အစီအစဉ်အတွက် ခိုင်မာတဲ့အခြေအနေတွေ ပေးဆောင်သွားရမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”