“Lavrov ရဲ့ အလည်အပါတ်ခရီးစဉ်က အိန္ဒိယ-ရုရှား ဆက်ဆံမှုများအား ခိုင်မြဲစေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “Lavrov ရဲ့ အလည်အပါတ်ခရီးစဉ်က အိန္ဒိယ-ရုရှား ဆက်ဆံမှုများအား ခိုင်မြဲစေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr Sergey Lavrov ရဲ့ “Raisina Dialogue” ညီလာခံသို့ တက်ရောက်ဘို့ New Delhi သို့ ရောက်ရှိလာခဲ့ခြင်ဟာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံမှုတွေရဲ့ အကောင်းဆုံးအဆင့်အတန်းကို ပြန်လည်သုံးသပ်ဘို့ အခွင့်ကောင်းတခုရရှိစေလိုက်ပါတယ်။ Mr Lavrov ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ အီရန်၊ လစ်ဗျားနဲ့ ဆီးရီးယားနိုင်ငံတို့အပါအဝင် ဒေသပိုင်းဆိုင်ရာအခြေအနေတွေကို လေးနက်စွာ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ် Mr Narendra Modi နဲ့တွေ့ဆုံပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ Mr Lavrov နဲ့ တွေ့ဆုံတဲ့အခါ ဝန်ကြီးချုပ် Mr Modi ဟာ လွန်ခဲ့တဲ့နှစ်က အရေးပါတဲ့ဆုံးဖြတ်ချက် အမြောက်အများချမှတ်ခဲ့ပြီး၊ ရလဒ်တွေပေါ်ထွက်လာခဲ့ကြောင်း ဖေါ်ပြခဲ့ကာ၊ New Delhi နဲ့ Moscow အစိုးရတို့အကြား နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတွေ တည်ဆောက်ခဲ့တဲ့ အကြိမ် (၂၀) မြောက် နှစ်ပါတ်လည်နှစ်လည်းဖြစ်တဲ့ သက္ကရာဇ် ၂၀၂၀ ခုနှစ်အား အဆိုပါဆုံးဖြတ်ချက် အကောင်အထည်ဖော်တဲ့နှစ်အဖြစ် ယူဆသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာ Dr. Jaishankar နဲ့ Mr Lavrov နှစ်ဦးစလုံးတို့ဟာ အရှေ့အလယ်ပိုင်းမှာ မြင့်တက်လာနေတဲ့ တင်းမာမှုတွေနဲ့ အဲဒီပိုမိုမြင့်မားလာနိုင်တဲ့ တင်းမာမှုတွေရဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ပင်လယ်ကွေ့ဒေသပိုင်းက ပထဝီရေးရာနိုင်ငံရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနိုင်ငံခြားရေးဝန်ကြီးတွေဟာ သက္ကရာဇ် ၂၀၂၀ ခုနှစ်အတွင်း သူတို့ရှေ့မှာရှိနေတဲ့ အပြန်အလှန် Agenda တွေနဲ့ပါတ်သက်ပြီး အချက်အလက်တွေ မှတ်သားခဲ့ပါတယ်။ နှစ်သစ်ကူးအစအဦးပိုင်းမှာ အိန္ဒိယနဲ့ ရုရှားတို့အကြား ပထမအကြိမ် အဆင့်မြင့်စေ့စပ်ဆွေးနွေးမှုတွေရှိခဲ့ဒါကြောင့် ယခုနှစ်အတွင်းကျင်းပဘို့ရှိနေတဲ့ နိုင်ငံပေါင်းစုံအစည်းအဝေးပွဲတွေကာလမှာ အနာဂါတ်ထိပ်သီးအဆင့် စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ဘို့စီစဉ်ခဲ့ကြပါတယ်။

သမ္မတ Mr Vladimir Putin နဲ့ ဝန်ကြီးချုပ် Mr Narendra Modi တို့ဟာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အကြိမ် (၂၀) မြောက် အိန္ဒိယ-ရုရှား နှစ်ပါတ်လည် ထိပ်သီးညီလာခံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီခေါင်းဆောင်နှစ်ဦးတို့ဟာ ယခုနှစ်အတွင်း ရုရှားသမ္မတက အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပါတ်တဲ့အခါ ပြန်လည်တွေ့ဆုံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအတောအတွင်း ခေါင်းဆောင်နှစ်ဦးတို့ဟာ နိုင်ငံပေါင်းစုံစေ့စပ်ဆွေးနွေးပွဲအဖြာဖြာတို့မှာလည်း တွေ့ဆုံဖွယ်ရှိပါတယ်။ အဆိုပါဆွေးနွေးပွဲတွေမှာ G-20 ထိပ်သီးညီလာခံ၊ BRICS ထိပ်သီးညီလာခံနဲ့ Shanghai Cooperation Organisation (SCO) ထိပ်သီးညီလာခံတို့ ပါဝင်ပါတယ်။ ဒီအစည်းအဝေးပွဲတွေမတိုင်မှီ ဝန်ကြီးချုပ် Mr Narendra Modi ဟာ မေလအတွင်း Moscow မြို့ကို ၇၅ ကြိမ်မြောက် “The Victory Day” နှစ်ပါတ်လည်အခမ်းအနားသို့ တက်ရောက်ဘို့ ပြင်ဆင်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mr Lavrov ဟာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့အကြား အထူးနဲ့ အခွင့်ထူးပေးဆောင်တဲ့ မဟာဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုဖွံ့ဖြိုးရေးမှာ တိုးတက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ Mr Lavrov နဲ့ Dr. Jaishankar တို့ဟာ အပြန်အလှန်ဆက်ဆံမှုတွေရဲ့ လက်ရှိအနေအထားကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ် Vladivostok မြို့မှာကျင်းပခဲ့တဲ့ အကြိမ် (၂၀) မြောက် နှစ်ပါတ်လည်ထိပ်သီးညီလာခံပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေငြာစာတမ်းမှာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ စင်ပြိုင်ကမ္ဘာရဲ့ ပရမ်းပတာ ဖြစ်တဲ့အမှန်တရားတွေကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖေါ်ပြထားပြီး၊ ပြင်ပမှ ဖိအားတွေအောက် အညံ့ခံလိမ့်မယ်မဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။ အိန္ဒိယ-ရုရှားဆက်ဆံရေးတခုလုံးရဲ့ ဖွံ့ဖြိုးမှုဟာ နှစ်နိုင်ငံစလုံးတို့အတွက် နိုင်ငံခြားရေးပေါ်လစီအား ဦးစားပေးဒါဘဲဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုတွေ ပိုမိုကျယ်ပြန့်စေဘို့ရာ အိန္ဒိယနဲ့ရုရှားနိုင်ငံတို့ဟာ သက္ကရာဇ် ၂၀၂၅ ခုနှစ်အရောက် အပြန်အလှန်ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာပေါင်း (၃၀) ဘီလီယံအထိ ရောက်ရှိရေး ရည်မှန်းချက်အား ချမှတ်ထားကြပါတယ်။ အဆိုပါရည်မှန်းချက် အောင်မြင်ဘို့အတွက် နှစ်နိုင်ငံစလုံးတို့ဟာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ရဲ့ အားတက်စရာကောင်းလှတဲ့ အရင်းအမြစ် အလားအလာတွေမှာ အပြုသဘောဆောင်စွာ လုပ်ကိုင်ကြဘို့ သဘောတူခဲ့ကြပါတယ်။ ယခုအခါမှာ နှစ်နိုင်ငံတို့ဟာ နည်းပညာသစ်တွေနဲ့ ရင်းနှီးမြှပ်နှံမှု ဖက်စပ်လုပ်ကိုင်မှုသစ်တွေ ဖန်တီးဘို့နဲ့ အထူးသဖြင့် ခေတ်မှီတဲ့ အဆင့်မြင့်နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်သစ်တွေ ဖန်တီးဘို့ ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။

နှစ်ဖက်စလုံးတို့ဟာ ဖက်စပ်လုပ်ကိုင်ရာနဲ့ နည်းပညာရေးရာနယ်ပယ်တွေမှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုက မိမိတို့ရဲ့ အပြန်အလှန် အထူးနဲ့ အခွင့်ထူးခံစားရတဲ့ မဟာဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုရဲ့ တိုင်းလုံးကြီးတခုဖြစ်ဒါကို အသိအမှတ်ပြုကြပါတယ်။ ဒီစိတ်ဓာတ်နဲ့အတူ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ အထူးသဘောတူစာချုပ်တခုဖြစဲ့် နည်းဗျူဟာအရ S-400 ဒုံးကျည်ပစ်ခတ်ရေးစနစ်ကို အမေရိကန်တို့ရဲ့ ဖိအားရှိနေသည့်တိုင် အိန္ဒိယနိုင်ငံကို ရောင်းချဘို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရုရှားနိုင်ငံဟာ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို တောင့်တင်းစေရာမှာ ယုံကြည်စိတ်ချရတဲ့ ဖက်စပ်လုပ်ကိုင်သူဖြစ်ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ Forum အဖြာဖြာတို့မှာ အိန္ဒိယနိုင်ငံဘက်ကရပ်တည်ပြီး အကူအညီတွေပေးခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းအဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်ဖြစ်လာရေးအတွက် ထောက်ခံလျှက်ရှိပြီး၊ ဂုဏ်သရေမြင့်မားတဲ့ အဖွဲ့ဝင် (၄၈) နိုင်ငံပါဝင်တဲ့ အနုမြူဖြန့်ဖြူးသူများအုပ်စု (NSG) မှာ ဝင်ခွင့်ရရှိဘို့ မြင့်မားစွာ ထောက်ခံလျှက်ရှိပါတယ်။



ဒီအကြောင်းကိစ္စတွေအားနောက်ခံထားပြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်ဟာ ဆက်လက်တည်ရှိနေသော နည်းဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေကို ပြန်လည်သုံးသပ်ဘို့ အကောင်းဆုံးအခွင့်အရေးတခု ရရှိစေပါတယ်။ အင်ဒို-ရုရှားဆက်ဆံရေးဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို ခံစားရပ်တည်ခဲ့ပြီး လျင်မြန်စွာ ပြောင်းလဲလာနေတဲ့ ပထဝီရေးရာ နိုင်ငံရေးညီမျှမှုတွေမှာ အလွန်ယုံကြည်ရတဲ့ အနာဂါတ်ကို ပေးဆောင်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”