“အိန္ဒိယနိုင်ငံက နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမှုစီးဝင်တဲ့ ထိပ်တန်း (၁၀) နိုင်ငံမှာ မိမိရဲ့နေရာကို ထိန်းသိမ်းထားလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါမောက္ခ Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမှုစီးဝင်တဲ့ ထိပ်တန်း (၁၀) နိုင်ငံမှာ မိမိရဲ့နေရာကို ထိန်းသိမ်းထားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနိုင်ငံဟာ သက္ကရာဇ် ၂၀၁၉ ခုနှစ်မှာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) စီးဝင်မှုက အမေရိကန်ဒေါ်လာပေါင်း (၄၂) ဘီလီယံမှ ဒေါ်လာပေါင်း (၄၉) ဘီလီယံအထိ ၁၆% တိုးမြှင့်မှုရယူကာ၊ နိုင်ငံခြားမှတိုက်ရိုက်စီးဝင်မှုရယူတဲ့ ထိပ်ဆုံး (၁၀) နိုင်ငံမှာ မိမိရဲ့နေရာကို ထိန်းသိမ်းထားလိုက်ပါတယ်။ “Investment Trend Monitor” လို့နာမည်ပေးထားတဲ့ UNCTAD သို့မဟုတ် (United Nations Conference on Trade and Development) ရဲ့ မကြာသေးမှီက တင်သွင်းခဲ့တဲ့အစီအရင်ခံချက်မှာ တင်ပြခဲ့တဲ့အချက်ကို ဖေါ်ပြထားခဲ့ပါတယ်။ အဆိုပါအစီအရင်ခံချက်မှာ အိန္ဒိယနိုင်ငံမှာ တွန်းအားရရှိခဲ့ဒါက (၂၀၁၉) ခုနှစ်အတွင်း တကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမှုဟာ ကျဆင်းလာခဲ့ပြီး၊ ဒေါ်လာပေါင်း ၁.၄၁ ထရီလီယံမှ ၁% ကျဆင်းလာကာ၊ ဒေါ်လာပေါင်း ၁.၃၉ ထရီလီယံသို့ ရောက်ရှိလာနေချိန်မှာ ရရှိခဲ့ဒါဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နှစ်နိုင်ငံတို့က နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကြီးထွားရေး ၀% ရှိနေတဲ့အချိန်မှာ FDI မှာ ထိပ်တန်းစာရင်းဝင် ဖြစ်လာခဲ့ပါတယ်။
တောင်အာရှဒေသပိုင်းဟာ FDI မှာ တိုးမြှင့်မှု ၁၀% နဲ့အတူ ဒေါ်လာပေါင်း ၆၀ ဘီလီယံရှိပြီး၊ အဲဒီထဲမှာ အိန္ဒိယနိုင်ငံက ၈၀% ရယူထားပါတယ်။ အများစုတို့ဟာ IT ပြန်ကြားရေးနည်းပညာအပါအဝင် လုပ်ငန်းဆောင်တာနယ်ပယ်တွေမှဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ဟာ FDI မှာ ကျဆင်းမှု ၆% နဲ့ ၂၀% သို့မဟုတ် ဒေါ်လာပေါင်း ၃.၄ ဘီလီယံနဲ့ ၁.၉ ဘီလီယံသို့ ရောက်ရှိခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်း နိုင်ငံရေးပြဿနာတွေဟာ FDI စီးဝင်မှုအပေါ် အကျိုးဆုတ်ယုတ်စေဒါကို တွေ့မြင်ရပြီး၊ ဗြိတိန်နိုင်ငံက Brexit အရေးကိစ္စကြောင့် FDI စီးဝင်မှု ၆% ကျဆင်းနေပြီး၊ ဥရောပသမဂ္ဂကလည်း ၁၅% ကျဆင်းကာ ဒေါ်လာပေါင်း (၃05) ဘီလီယံသို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ Brazil နိုင်ငံဟာ ပုဂ္ဂလိကပိုင်ဖြစ်စေရေး အစီအစဉ်ကို စတင်ခြင်းနဲ့အတူ FDI စီးဝင်မှု ၂၆% တိုးများလာခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးက FDI စီးဝင်မှုအတွက် အရေးပါလှတဲ့ဆုံးဖြတ်ချက်ပေးရာတခုဖြစ်ပြီး၊ နိုင်ငံရေးအခင်းဖြစ်ပွားမှုတွေက နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုအတွက် အနှောင့်အယှက်တခုအဖြစ် ဧကန်မုချ လှုပ်ရှားလာလိမ့်မယ်ဖြစ်ပါတယ်။
ဖွံ့ဖြိုးစဲနိုင်ငံတွေရဲ့ စီးပွားရေးဟာ ဆက်လက်ပြီး ကမ္ဘာလုံးဆိုင်ရာ FDI စီးဝင်မှုရဲ့ ထက်ဝက်ထက် ပိုမိုရရှိကြကာ၊ ထိပ်ဆုံးရရှိတဲ့နိုင်ငံတွေမှာ၊ တရုတ်၊ စင်္ကာပူ၊ ဘရာဇီလ်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ကြပြီး ခန့်မှန်းချေအားဖြင့် စုစုပေါင်း FDI စီးဝင်မှု ဒေါ်လာပေါင်း ၆၉၅ ဘီလီယံခန့်ရှိပါတယ်။ ထိပ်ဆုံးနေရာကို အမေရိကန်ပြည်ထောင်စုဟာ ၁% ကျဆင်းမှုနဲ့အတူ FDI စီးဝင်မှုဒေါ်လာပေါင်း (၂၅၁) ဘီလီယံရယူထားပါတယ်။
ဒေသပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို သတိပြုမယ်ဆိုရင် Africa ၊ Latin America နဲ့ Caribbean စီးပွားရေးတို့ဟာ အလုံးအရင်းနဲ့ အမြတ်အစွန်းရရှိကြသူတွေဖြစ်ပြီး တိုးမြှင့်မှုဟာ ၃% မှ ၁၆% အထိရှိပါတယ်။ မြောက်အမေရိကတိုက်မှ FDI စီးဝင်မှုတိုးမြှင့်ရေးက ၀% ဖြစ်ပါတယ်။ အာရှနဲ့ ဥရောပနိုင်ငံတွေမှာ တိုးတက်မှု ပျမ်းမျှအဆင့်မှာရှိပြီး၊ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေကြသူတွေဖြစ်ကာ၊ ၆% နဲ့ ၄% အထိ ကျဆင်းမှုကို ကြုံတွေ့နေကြပါတယ်။ ဖွံ့ဖြိုးမှုရှုထောင့်မှကြည့်မယ်ဆိုရင် ကူးပြောင်းမှုစီးပွားရေးက အမြတ်အစွန်း ၆၅% ကျော်ရရှိပြီး၊ ဖွံ့ဖြိုးစဲနိုင်ငံတွေမှာ တိုးတက်မှုမရှိဘဲ၊ ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံတွေက FDI ကျဆင်းမှု ၆% ကို တွေ့ကြုံနေရပါတယ်။
ကုလသမဂ္ဂရဲ့ အစီအရင်ခံချက်မှာ M & As ခေါ် (Mergers and Acquisitions) နယ်ခြားဖြတ်ကျော် စီးပွားရေးက ၂၀၁၉ ခုနှစ်မှာ ၄၀% ကျဆင်းခဲ့ပြီး ဒေါ်လာပေါင်း (၄၉၀) ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နယ်ခြားဖြတ်ကျော် M&As ရောင်းချမှုတွေမှ ကျဆင်းမှုဟာ များသောအားဖြင့် လုပ်ငန်းဆောင်တာနယ်ပယ်မှ အမြစ်တွယ်ခဲ့ပြီး၊ ၅၆% ကျဆင်းလာကာ ဒေါ်လာပေါင်း (၂၀၇) ဘီလီယံသို့ ရောက်ရှိခဲ့ကာ ကုန်ထုတ်လုပ်ရေးနယ်ပယ်မှာ ကျဆင်းမှု ၁၉% နဲ့အတူ ဒေါ်လာပေါင်း (၂၄၉) ဘီလီယံသို့ရောက်ရှိခဲ့ပြီး၊ အစအဦးပိုင်းမှာ ၁၄% နဲ့အတူ ဒေါ်လာပေါင်း (၃၄) ဘီလီယံသို့ ကျဆင်းလာခဲ့ဒါကို တွေ့ရပါတယ်။ ကုလသမဂ္ဂအစီအရင်ခံချက်မှာ အပြုသဘောဆောင်တဲ့ လေ့လာမှုတွေကို အလေးအနက်ဖေါ်ပြထားပြီး၊ FDI စီးဝင်မှုတွေဟာ သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ တဖြေးဖြေး မြင့်တက်လာမှုတွေကို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုနဲ့အတူ တွေ့မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဖေါ်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအတွင်း FDI စီးဝင်မှုနဲ့ပါတ်သက်တဲ့ အပြုသဘောဆောင်တဲ့သတင်းဟာ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီး (IMF) မှ စီးပွားရေးပညာရှင်ချုပ် Ms Gita Gopinath က အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကျဆင်းနေမှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖေါ်ပြခဲ့တဲ့အချိန်အခါမှာ ပေါ်ထွက်လာဒါဖြစ်ပါတယ်။ စီးပွားရေးကြီးထွားမှုအပေါ် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွန်းအားတွေရဲ့ အကျိုးသက်ရောက်မှုဟာ လက်တွေ့ကျတဲ့မေးခွန်းတခုဖြစ်ပြီး၊ ရေရှည်ကာလမှာ ဆန်းစစ်လေ့လာဘို့ လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံအစိုးရဟာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြောင်းလဲတည်ဆောက်မှုတွေကို ငွေကြေးဆိုင်ရာ နဲ့ ဘဏ္ဍာရေးနယ်ပယ်တွေမှာပြုလုပ်နေခြင်းက စီးပွားရေးဆိုင်ရာကြီးထွားမှုနဲ့ Macro စီးပွားရေးဆိုင်ရာတည်တံ့မှုအတွက် အလွန်အရေးကြီးလှပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment