“၂၀၂၀ ခုနှစ် Raisina Dialogue”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ လူမှုရေးသိပ္ပံတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Nairain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၂၀ ခုနှစ် Raisina Dialogue” ညီလာခံအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ကျွန်ုပ်တို့ဟာ ၂၁ ရာစုနှစ်ထဲ ဝင်ရောက်နေကြတုံးမှာ ကမ္ဘာကြီးဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုပေါင်းစုံတို့နဲ၊ အဓိကအာဏာပြောင်းလဲမှုတွေကို တွေ့မြင်နေရပါတယ်။ အင်အားရှင်သစ်တွေ အထက်သို့မြင့်တက်နေချိန်မှာ တချို့သောစွမ်းအားရှင်ဟောင်းတွေဟာ သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာရပ်တည်ချက်မှာ ယိုယွင်းမှုတွေကို ခံစားမိကြပါတယ်။ သမိုင်းဝင်စွမ်းအားပြောင်းလဲမှုနှစ်မျိုး ပေါ်ပေါက်နေပါတယ်။ အဲဒါတွေက အာဏာလွှဲပြောင်းခြင်းနဲ့ အာဏာကျဆင်းစေခြင်းတို့ဖြစ်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ စွမ်းအားမြင့်မားမှု အစဉ်အလာဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ရေဒါမှာ ကြီးမားစွာပေါ်ပေါက်နေပါတယ်။ အာရှတိုက်ဟာ တကမ္ဘာလုံးရဲ့ စီးပွားရေးဆွဲအားအဖြစ်သော်၎င်း၊ လုံခြုံရေးတင်းမာမှုတွေ တိုးများလာနေတဲ့ဇာတ်ခုံအဖြစ်၎င်း၊ ကမ္ဘာလုံးဆိုင်ရာ ပါတ်ဝန်းကျင်ရေးရာပြောင်းလဲမှုမှာ အရေးပါတဲ့ လွှမ်းမိုးမှုအရင်းအမြစ်အဖြစ် ပေါ်ထွန်းလျှက်ရှိပါတယ်။
ဆန်းသစ်တီထွင်မှုဟာ အနာဂါတ်ရဲ့တောင်းဆိုမှုဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုရဲ့ သမိုင်းဟာ အကြံဥာဏ်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အကယ်၍သာ သင်ဟာ ဆန်းသစ်တီထွင်မှုမပြုလုပ်ဘူးဆိုရင် သင်ဟာ မေ့ပျောက်သွားမှုထဲ အိပ်ပျော်နေတုံး လမ်းလျှောက်သွားလိမ့်မယ်ဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံခြားရေးပေါ်လစီရဲ့ နည်းဗျူဟာကျ အကျိုးစီးပွားတွေ တိုးတက်စေရေးမှာလည်း ထပ်တူထပ်မျှ မှန်ကန်ပါတယ်။ ကမ္ဘာသစ်ရဲ့ ရှုပ်ထွေးမှုသစ်တွေဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ပေါ်ပေါက်စေသလို အခွင့်အရေးတွေလည်း ပေးဆောင်နေပါတယ်။ ကမ္ဘာကြီးရဲ့ ဗဟိုအချက်အချာဟာ အရှေ့ဘက်ကို ရွေ့လျားနေပြီး၊ အနောက်ဖက်နဲ့ ကာလရှည်စွာ ထိပ်တန်းနိုင်ငံတွေအဖြစ် တည်ရှိနေဒါက နိဂုံးချုပ်လျှက်ရှိပါတယ်။ ဒါပေမဲ့ ထွန်းကားလာနေတဲ့ စွမ်းအားရှင်နိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေဟာ အားပြိုင်မှုလုံးဝကင်းမဲ့ဒါတော့မဟုတ်ပါဘူး။ ဒီအချက်ဟာ တွေးခေါ်မှုသစ်တွေနဲ့ ကမ္ဘာ့ရှုမြင်ချက်သစ်တွေလိုအပ်ပါတယ်။ ဒီအချက်တွေအားလုံးကို နောက်ခံထားပြီး၊ Raisina Dialogue ကို အိန္ဒိယနိုင်ငံရဲ့ ပထဝီရေးရာနိုင်ငံရေးနဲ့ ပထဝီရေးရာ စီးပွားရေးရဲ့ ရှေ့ပြေးစင်္ကြန်ဖြစ်တယ်ဆိုဒါကို ခွဲခြမ်းစိတ်ဖြာလေ့လာဘို့ လိုအပ်ပါတယ်။
Mr Narendra Modi အစိုးရရဲ့ အရေးပါမှုနဲ့အတူ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ အင်အားပြည့်ဝပြီး အကျိုးဆောင်လုပ်ကိုင်မှုကို အလေးထားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့စွမ်းအားဖြစ်တဲ့ ဒီမိုကရေစီ၊ ဒေသပိုင်းတခုအတွင်း ပိုင်းခြားခြင်းနဲ့ ကြီးမားတဲ့ဈေးကွက်တွေကို နိုင်ငံခြားရေးပေါ်လစီ ပန်းတိုင်ရောက်ရှိရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ Raisina Dialogue ညီလာခံဟာ ၎င်းရဲ့အောင်မြင်မှုကို အိန္ဒိယနိုင်ငံရဲ့ ခိုင်မာတဲ့စီးပွားရေးနဲ့ ၎င်းရဲ့နိုင်ငံခြားရေးပေါ်လစီ အရေးယူဆောင်ရွက်ခြင်းကြောင့် ရရှိခဲ့ဒါဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ Raisina Dialogue ဟာ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့ဗိသုကာမှ အကျိုးဖြစ်ထွန်းမဲ့နယ်ပယ်တွေကို ၂၀၁၇ ခုနှစ်မှာ “new normal” နဲ့ ၂၀၁၈ ခုနှစ်က အဖျက်သဘောဆောင်သော ပြောင်းလဲမှုတွေ၊ ၂၀၁၉ ခုနှစ်က ကမ္ဘာ့အရေးကိစ္စသစ်တွေနဲ့ ၂၀၂၀ ခုနှစ် “Navigating the Alpha Century” တို့မှ အာရုံပြုခဲ့ပါတယ်။
Raisina Dialogue ညီလာခံသို့တက်ရောက်အမှာစကားပြောကြားတဲ့အခါ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ ရှုပ်ထွေးတဲ့ဆက်ဆံမှုတွေရှိနေပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ ဒီဆက်ဆံရေးကို မှားယွင်းအောင် မပြုလုပ်နိုင်ကြပါဘူးလို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနိုင်ငံက Regional Comprehensive Economic Partnership (RCEP) အတွက် တံခါးပိတ်ထားခြင်းမရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။
ကမ္ဘာတဝှမ်းလုံးမှခေါင်းဆောင်တွေဟာ အိန္ဒိယနိုင်ငံကို သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကမ္ဘာကြီးတည်တံ့ခိုင်မြဲရေးအတွက် သော့ချက်ကျ နိုင်ငံတနိုင်ငံအဖြစ် ရှုမြင်ကြပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Mr Javad Zarif က အမေရိကန်ပြည်ထောင်စုကို တဖက်သတ်ဝါဒကျင့်သုံးတဲ့နိုင်ငံအဖြစ် သမုတ်ခဲ့ပြီး၊ ဥရောပနိုင်ငံတွေအား Atlantic ပင်လယ် တဖက်တချက်မှ အနှောင့်အယှက်ပေးမှုတွေကို ရပ်ဆိုင်းကြပါရန် တိုက်တွန်းခဲ့ပါတယ်။
အဆိုပါ (၃) ရက်ကြာ အစည်းအဝေးပွဲကိုတက်ရောက်ကြတဲ့ တခြားဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေမှာ နယူးဇီလန်ဝန်ကြီးချုပ် Ms Helen Clark, Afghan သမ္မတဟောင်း Mr Hamid Karzai, ကနေဒါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Stephen Harper ၊ ဆွီဒင်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Carl Bildt ၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Anders Rasmussen ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Tshering Tobgay နဲ့ တောင်ကိုးရီးယားဝန်ကြီးချုပ်ဟောင်း Mr Han Seung-soo တို့ ပါဝင်ကြပါတယ်။ သူတို့အများစုတို့ဟာ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Anders Rogh Rasmussen ရဲ့ အိန္ဒိယနိုင်ငံအား တောင့်တင်းတဲ့ “ဒီမိုကရေစီအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်” အဖြစ် မြင်တွေ့လိုခဲ့ဒါကို ပြန်လည်ဖေါ်ပြခဲ့ကြပါတယ်။ ကနေဒါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Stephen Harper က အကျယ်တဝန့် ပြောကြားရာမှာ အနာဂါတ်အတွင်း အဖြေရဲ့ ကြီးမားသောအပိုင်းတခုဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးမှုတွေမှာ အိန္ဒိယနိုင်ငံက အခန်းကဏ္ဍတခုမှ ပါဝင်လုပ်ကိုင်လိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်းများစွာကို ကျော်လွှားလာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ယခုတိုင် စိန်ခေါ်မှုများစွာတို့နဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းမှဖြစ်ပါတယ်။ သတိမပြုခဲ့ကြတဲ့ အခွင့်အရေးတွေရှိပါတယ်။ ဒီအချက်ဟာ ပထဝီရေးရာ နိုင်ငံရေးနယ်ပယ်အတွက် ထောက်ပံ့မှုတွေအား ဖြစ်စေရေးအတွက် ရှာဖွေမှုတခုဖြစ်ပြီး၊ ညီမျှစေမှုကို ဆက်လက်ပြုလုပ်သွားလိမ့်မယ်ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က အကြမ်းဖက်ဝါဒမှာ အဓိကအန္တရာယ်တခုဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အစိုးရက ဗိုလ်ချုပ်ကြီး Rawat ဖေါ်ပြခဲ့တဲ့ နိယာမကို လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ လူငယ်များကို အခြေအမြစ်မှ ပြန်လည်ပြောင်းလဲလာစေခြင်းကို စောင့်ကြည့်ဘို့ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment