“အိန္ဒိယနဲ့ Latvia နိုင်ငံတို့အကြား ဆက်ဆံမှုများအတွင်း အရှိန်အဟုန်သစ်များ”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ဟောင်း ဆောင်းပါးရှင် Asoke Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ Latvia နိုင်ငံတို့အကြား ဆက်ဆံမှုများအတွင်း အရှိန်အဟုန်သစ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။
Latvia နိုင်ငံခြားရေးဝန်ကြီး Mr Edgars Rinkevics ရဲ့ အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပါတ်ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ Latvia နိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံမှုတွေမှ မကြာသေးမှီက အရှိန်အဟုန်ကို ရှေ့သို့ချီစေလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယပြန်ကြားရေး နည်းပညာနဲ့ တရားဥပဒေရေးရာဝန်ကြီး Mr Ravi Shankar Prasad ဟာ Latvia နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ Latvia နိုင်ငံရဲ့ဝန်ကြီးချုပ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သမိုင်းတွင်ရစ်တဲ့ အိန္ဒိယနိုင်ငံသို့ ပထမဆုံး အလည်အပါတ်ခရီးစဉ်နဲ့ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အိန္ဒိယဒုသမ္မတ Mr M Venkaiah Naidu က Latvia နိုင်ငံကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Latvia နိုင်ငံနဲ့ဆက်ဆံရေးတွေဟာ ရှေးနှစ်ပေါင်း (၁၀၀) ကျော်ကတည်းက တည်ရှိနေဒါဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၂၁ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့မှာ Latvia နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်လာပါတယ်။ လွန်ခဲ့တဲ့သက္ကရာဇ် ၁၉၂၀ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ကတည်းက ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မူရင်းတည်ထောင်သူများအဖွဲ့ဝင်ဖြစ်တဲ့အလျောက် အိန္ဒိယနိုင်ငံဟာ Latvia နိုင်ငံကို ကမ္ဘာကြီးရဲ့ ပထမဦးဆုံးသော နိုင်ငံပေါင်းစုံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ဖြစ်လာဘို့ ထောက်ပံ့ကူညီခဲ့ပါတယ်။ ပညာရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဟာ အိန္ဒိယနဲ့ Latvia နိုင်ငံတို့ဟာ အဲဒီအဖွဲ့ကြီးမှာ အစအဦးဆက်နွယ်မှုတွေ ထွန်းကားစေခဲ့ကြပါတယ်။ သက္ကရာဇ် ၁၉၂၃ ခုနှစ်မှာ Latvia နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုနဲ့ Latvia နိုင်ငံရဲ့ အမျိုးသားဥာဏ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကော်မတီဟာ Riga မြို့မှာ တက္ကသိုလ်ကျောင်းတကျောင်း ဖွင့်လှစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက သက္ကရာဇ် ၁၉၃၀ ခုနှစ်များမှာ ဒီအသင်းအဖွဲ့ကြီးရဲ့ နိုင်ငံတကာ ဥာဏ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်သမ္မတဖြစ်တဲ့ Dr. Sarvepalli Radhakrishnan က ကိုယ်စားပြုခဲ့ပါတယ်။ အဆိုပါကော်မတီဟာ ၁၉၄၆ ခုနှစ်မှာ ကုလသမဂ္ဂပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံအဖွဲ့ကြီး (UNESCO) ကို Paris နိုင်ငံမှာ တည်ထောင်ရာမှာ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့မှာ Latvia နိုင်ငံခြားရေးဝန်ကြီးက JNU တက္ကသိုလ်မှ ပါမောက္ခ Sadhana Naithani ရေးသားခဲ့တဲ့ “Folklore in Baltic History” လို့ နာမည်ပေးထားတဲ့စာအုပ်ကို New Delhi မြို့မှာရှိတဲ့ Latvia နိုင်ငံသံရုံးမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီအရေးပါတဲ့အလုပ်ဟာ Baltic အရပ်က တိုင်းရင်းတေးသီချင်းတွေနဲ့ သူတို့ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေအပေါ် အကျိုးသက်ရောက်မှုတွေကို ဖေါ်ပြထားပါတယ်။
Mahatma Gandhi ကြီးရဲ့ လွတ်လပ်ရေးရရှိဘို့အတွက် အကြမ်းမဖက်ရေးကိုအသုံးပြုပြီး အိန္ဒိယနိုင်ငံက အောင်ပန်းဆင်ခဲ့ဒါကို ခိုင်မာစွာယုံကြည်လေးစားပြီး၊ Latvia နိုင်ငံမှာ ပြန်လည်ရှင်သန်စေလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ အကြမ်းမဖက်တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုနဲ့ လွတ်လပ်တဲ့ Latvia နိုင်ငံ ပြန်လည်ပေါ်ထွန်းလာစေခဲ့ဒါကို ကြိုဆိုခဲ့ပါတယ်။ Lativia နိုင်ငံခြားရေးဝန်ကြီး Mr Rinkevics က သူ့ရဲ့တရားဝင်ခရီးစဉ်ကို Rajghat မှာရှိတဲ့ Gandhiji ရဲ့ ဂူဗိမ္မာန်မှာ ပန်းခွေချ ဂါရဝပြုခြင်းနဲ့ စတင်ခဲ့ပါတယ်။
ဒီသမိုင်းဟာ ယနေ့ခေတ်အိန္ဒိယနဲ့ Latvia နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးအတွက် အလေးအနက်လုပ်ကိုင်ရေးအတွက် အခြေအမြစ်ဖြစ်ပါတယ်။ လက်ရှိကာလမှာ Riga တက္ကသိုလ်ဟာ အိန္ဒိယကျောင်းသားပေါင်း ၁၅၀၀ ခန့်ကို ဆေးပညာနဲ့ နည်းပညာရေးရာသင်တန်းတွေမှာ လက်ခံသင်ကြားပို့ချလျှက်ရှိပါတယ်။ အဲဒီတက္ကသိုလ်က ၂၀၁၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ လေ့လာမှုများနဲ့ ယဉ်းကျေးမှု ဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။ Jawaharlal Nehru တက္ကသိုလ်ရဲ့ Baltic လေ့လာရေးဌာနနဲ့ Haridwar မြို့မှာရှိတဲ့ Dev Sanskriti တက္ကသိုလ်တို့ဟာ ဖွံ့ဖြိုးနေတဲ့ အပြန်အလှန်ပညာရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးဆိုင်ရာ သဘာဝဖက်စပ်လုပ်ကိုင်သူနိုင်ငံဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာ Latvia နိုင်ငံဟာ Baltic ပင်လယ်ဒေသပိုင်းထဲက နိုင်ငံတွေမှာ Digital နည်းပညာကို သူတို့ရဲ့နိုင်ငံသားတွေအား အာဏာပေးအပ်မှုနဲ့ လူမှုရေးရာစီးပွားရေးအရှိန်မြှင့်တင်မှုအတွက် အသုံးပြုရေးကို ဦးစားပေးတဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ Digital India အစီအစဉ်နဲ့အတူ အဆိုပါဦးစားပေးမှုကို မျှဝေလျှက်ရှိပါတယ်။ Latvia နဲ့ အိန္ဒိယနိုင်ငံတို့အကြား အထူးသဖြင့် အမျိုးသမီးတွေအတွက် အလုပ်ခန့်အပ်ရေးအတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုအပါအဝင် Digital နည်းအရ ရှေ့ဆောင်လုပ်ကိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ကြဘို့ အလားအလာများရှိနေပါတယ်။
သက္ကရာဇ် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းမှာ အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရဖွယ်ရှိပါတယ်။ တချိန်တည်းမှာဘဲ Latvia နိုင်ငံဟာ သက္ကရာဇ် ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်ဖြစ်လာဘို့အတွက် လျှောက်တင်ထားပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဝါဒမှ ထိရောက်တဲ့ညီတူညီမျှရှိစေမှုအတွက် ခံယူထားကြပါတယ်။ ဒီအချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပိုမိုကြီးမားတဲ့ ပွင့်လင်းမြင်သာမှုတွေအား ဒီကောင်စီရဲ့ လုပ်ငန်းအစဉ်အလာမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံတို့ရဲ့ Veto အာဏာသုံးစွဲခွင့်ကို ဖယ်ရှားမှသာ အကောင်အထည်ဖော်နိုင်လိမ့်မယ်ဖြစ်ပါတယ်။
အိန္ဒိယနဲ့ Latvia နိုင်ငံတွေအတွက် အလားအလာတွေဟာ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုမူဝါဒကိုအခြေခံတဲ့ ပြန်လည်ပြုပြင်ဖွဲ့စည်းရေးမှတဆင့် ကြိုးပမ်းမှုအပေါ် မူတည်နေပါတယ်။ ပထမအခွင့်အရေးကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ၇၅ ကြိမ်မြောက် နှစ်ပါတ်လည်အထိမ်းအမှတ်ကိုကျင်းပမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ ရရှိလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Asoke Mukerji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment