“ပြဿနာမဟုတ်သောကိစ္စများနှင့် အလုပ်ရှုပ်နေသောပါကစ္စတန်”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ “ပြဿနာမဟုတ်သောကိစ္စများနှင့် အလုပ်ရှုပ်နေသောပါကစ္စတန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကာကွယ်ရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာရေးအဖွဲ့၊ တောင်အာရှဌာနမှ ညှိနှိုင်းရေးမှူး ဝါရင့်သုတေသီ ဒေါက်တာ Ashok Behuria ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့သော တလကျော်ကစပြီး အများမြင်တွေ့နေရတဲ့ အဖြစ်အပျက်တွေကြောင့် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့တလလုံးလုံး မော်လာနာ Fazlur Rahman ရဲ့ “Azadi March” ဆိုတဲ့ လွတ်လပ်ရေးချီတက်ဆန္ဒပြပွဲကို၎င်း၊ ကျန်းမာရေးအခြေအနေယိုယွင်းနေသော ဝန်ကြီးချုပ်ဟောင်းတဦးကို ဆေးဝါးကုသမှုခံယူဘို့ နိုင်ငံခြားသို့ သွားရောက်ခွင့်ပေးရမလား၊ မပေးရဘူးလား ငြင်းခုန်နေကြခြင်းကို၎င်း ဗဟိုပြုပြီးဖြစ်နေတဲ့ နိုင်ငံရေးဆပ်ကပ်ပွဲကို မြင်တွေ့နေရပါတယ်။ ပါကစ္စတန်ရုပ်မြင်သံကြား Channel တွေရဲ့ လူကြည့်အများဆုံးအချိန် ထုတ်လွှင့်မှုတွေမှာရော၊ သတင်းစာမျက်နှာဖုံးတွေမှာပါ၊ ပါကစ္စတန်နိုင်ငံရဲ့အနာဂါတ်အတွက် စိုးရိမ်ရမဲ့ပြဿနာများကို အာရုံစိုက်ရမဲ့အစား၊ အဲဒီဖြစ်ပျက်မှုတွေ မတန်တဆနေရာယူထားကြတာတွေ့ရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်တဲ့ Fazlur ရဲ့ချီတက်ပွဲကို မီဒီယာတွေက အကြီးအကျယ် အသားပေးဖေါ်ပြခဲ့ကြပါတယ်။ Sukkur မြို့က စတင်ထွက်ခွာခဲ့တဲ့ အဲဒီချီတက်ပွဲ၊ ရက်အနည်းငယ်အကြာမှာ Islamabad မြို့တော်သို့ ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီချီတက်ပွဲရဲ့ အဓိကရည်ရွယ်ချက်က၊ Imran Khan အစိုးရကို ဖြုတ်ချဘို့ဖြစ်ကြောင်း၊ အစိုးရမပြုတ်ကျမချင်း ချီတက်ပွဲ ဆင်နွှဲတဲ့ပုဂ္ဂိုလ်တွေ Islamabad က ပြန်မှာမဟုတ်ဖူးလို့ မော်လာနာ Fazlur Rahman က ပြောခဲ့ပါတယ်။ သူ့ပါတီရဲ့ ဝါးရင်းဒုတ်တွေကိုင်ဆောင်ထားကြသော ကေဒါတွေကို ရိုက်ကူးထားတဲ့ ဗီဒီယို Viral ဖြစ်သွားတော့၊ သတင်းဝေဖန်ရေးဆရာ အတော်များများက၊ သွေးထွက်သံယိုတွေဖြစ်ပြီး၊ အစိုးရ ယိမ်းယိုင်သွားလိမ့်မယ်ဆိုပြီး ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ရက်ပိုင်းအကြာမှာတော့၊ အစိုးရဟာ တဖက်မှာ အလျှော့ပေးမှာမဟုတ်သရောင်ပြပြီး၊ အခြားတဖက်မှာတော့ ဘာလုပ်လို့လုပ်ရမှန်းမသိကြောင်း ပြလာခဲ့ပါတယ်။ Fazlur နဲ့ သူ့ကိုဝတ်ကျေတန်းကျေထောက်ခံကြတဲ့ အတိုက်အခံခေါင်းဆောင်အချို့တို့နဲ့ အစိုးရက ဆွေးနွေးပွဲတော့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် Fazlur က၊ သူ့အားထောက်ခံကြသူများကို မြို့တော်က ပြန်လည်ထွက်ခွာကြဘို့နဲ့ နိုင်ငံအနှံ့မြို့ငယ်တွေမှာ လူထုဆန္ဒပြပွဲများပြုလုပ်ကာ၊ Imran Khan အစိုးရရဲ့ ပျက်ကွက်မှုတွေကို လူထုသိအောင် ဖွင့်ချကြဘို့ နှိုးဆော်ခဲ့ပါတယ်။ အဲဒီအခြေအနေကိုအကြောင်းပြပြီး ပါကစ္စတန်နိုင်ငံမှာ စစ်တပ်ရဲ့နောက်ကွယ်က ကြိုးကိုင်လုပ်ကြံမှုရှိနေတယ်လို့ ယူဆမှုတွေ ပျံ့နှံ့နေကြောင်း အကဲခတ်များက ပြောပါတယ်။ Fazlur Rahman ရဲ့ ချီတက်ဆန္ဒပြပွဲရဲ့နောက်ကွယ်မှာရော Islamabad မြို့တော်ရောက်ပြီး ရက်ပိုင်းအတွင်း ပြန်ပြီးထွက်ခွာသွားဘို့ မော်လနာကို နားချတာရဲ့ နောက်ကွယ်မှာပါ၊ ပါကစ္စတန်စစ်တပ်ရဲ့ နောက်ကွယ်ကကြိုးကိုင်မှုရှိတာကို သက်သေပြနေတယ်လို့ ယူဆကြပါတယ်။
အဲဒီချီတက်စုဝေး ဆန္ဒပြပွဲကြီးကြောင့် တိုင်းပြည်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေတုံး၊ Nawaz Sharif ဆေးဝါးကုသမှုခံယူဘို့ နိုင်ငံခြားသို့ ထွက်ခွာခွင့်ပေးရေး၊ မပေးရေးကိစ္စအပေါ်၊ မီဒီယာတွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်လာကြတာဟာ၊ အဲဒီချီတက်ဆန္ဒပြပွဲကြီးကနေ လူထုရဲ့အာရုံကို ပြောင်းအောင် လုပ်သရောင်ယူဆစရာဖြစ်လာပါတယ်။ အဂတိလိုက်စားမှုပေါင်းများစွာထဲက၊ တမှုကြောင့် ထောင်ဒဏ် (၇) နှစ် ကျခံနေရတဲ့ Nawaz Sharif ကို၊ အဂတိလိုက်စားမှုနောက်တမှုနဲ့ ပတ်သက်လို့ စစ်ကြောဖို့အတွက် NAB လို့အတိုကောက်ခေါ်တွင်တဲ့ အမျိုးသားတာဝန်ယူရေးတာဝန်ခံရေးဗျူရိုက၊ ချုပ်နှောင်လိုက်ပြန်ပါတယ်။ Nawaz Sharif ဟာ နာတာရှည်နှလုံးရောဂါခံစားနေရပါတယ်။ သူ့ရဲ့သွေးမှာ Platelet ဆိုတဲ့ ကလပ်စည်းအပိုင်းအစတွေရဲ့ ဦးရေတဟုန်ထိုး ထိုးကျသွားခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူဘို့ လိုအပ်လာခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကိုထောက်ထားပြီး၊ သူ့ကိုအာမခံပေးဘို့ Lahore တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ အာဏာရ PTI ပါတီအစိုးရဟာ Nawaz Sharif ကို ပြည်ပသို့ထွက်ခွာခွင့်မရသူများစာရင်းမှ ပယ်ဖျက်ပေးဘို့ ဝန်လေးပါတယ်။ အဲဒါကြောင့်ဘဲ တရားရုံးရဲ့အမိန့်စာကို မဖီဆန်နိုင်လို့ မတတ်သာဘဲ Nawaz Sharif ကို နိုင်ငံခြားသွားခွင့် ပေးလိုက်ရပေမဲ့ နိုင်ငံခြားမှာ သီတင်းပါတ် ၄ ပါတ်သာနေရမယ်ဆိုပြီး အကန့်အသတ်နဲ့ ခွင့်ပြုပါတယ်။ ဒါတင်မကသေးဘဲ၊ အာမခံငွေအဖြစ် ရူပီးငွေ ကုဋေ ၇၀၀ လည်း အပ်နှံထားစေပါတယ်။ အဲဒီကန့်သတ်ချုပ်ချယ်မှုတွေကို Nawaz ရဲ့ PML-N ပါတီက မျှော်လင့်ထားတဲ့အတိုင်းပဲ ပယ်ချပါတယ်။ နောက်ဆုံးမှာ၊ Lahore တရားရုံးချုပ်က နောက်တကြိမ်ထပ်ပြီးကြားဝင်ကာ၊ Nawaz ကို နိုင်ငံခြားသွားခွင့်ပေးဘို့ အစိုးရကို ညွှန်ကြားလိုက်ပါတယ်။ ရုံးတော်ရဲ့ညွှန်ကြားချက်ကို အစိုးရစောဒကမတက်ပဲ၊ Nawaz ကို လိုအပ်သောခွင့်ပြုချက်များပေးလိုက်ရပါတယ်။ နောက်ဆုံး၊ Nawaz Sharif ဟာ၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကာတာလေကြောင်းကုမ္ပဏီပိုင် လူနာတင်လေယာဉ်နဲ့ လန်ဒန်သို့ ဆေးကုသမှုခံယူဘို့ ထွက်ခွာသွားခဲ့ပါတယ်။
ဒီကိစ္စမှာလည်း အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသူတွေကို ပြည်ပသို့ ထွက်ခွာခွင့်မပေးဘူးဆိုတဲ့ ရပ်တည်ချက်ကို လျှော့ပေါ့ပေးဘို့ စစ်တပ်က၊ ဝန်ကြီးချုပ် Imran Khan ကို တိုးတိုးတိတ်တိတ် နားချခဲ့တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လာရင် အလျှော့မပေးဘူးဆိုတဲ့ ရပ်တည်ချက်ကို တင်းမာစွာ ခွဲကိုင်ထားခြင်းအားဖြင့် Imran ဟာ မလိုအပ်ပဲ မလူးသာမလွန့်သာတဲ့ အဖြစ်ကို ရောက်သွားရပါတယ်။ Nawaz ဟာ နိုင်ငံရေးဩဇာကြီးမားသူတဦးဖြစ်တာကိုထောက်ထားပြီး၊ သူ့ကို လုံးဝအလျှော့ပေးမှာမဟုတ်ကြောင်း၊ မိမိရဲ့ပါကစ္စတန်နိုင်ငံတော်သစ်မှာ ‘Riyasat-e-Madina’ ဆိုတဲ့ တမာန်တော် မိုဟာမက်ရဲ့ မဒီနာမြို့အုပ်ချုပ်ရေးကို နမူနာယူပြီး၊ လူတန်းစားအလွှာအလိုက်၊ မတူကွဲပြားတဲ့ စည်းမျဉ်းဥပဒေတွေ ကျင့်သုံးတဲ့စနစ်အတွက်၊ နေရာပေးမှာမဟုတ်ကြောင်း၊ Imran Khan က ပြောခဲ့ပါတယ်။
ဇာတ်လမ်းက ဒီမှာအဆုံးမသတ်သေးပါဘူး။ Nawaz ကိစ္စနဲ့ပတ်သက်ပြီး ပြောင်းပြန် ပြန်လှည့်တာကြောင့် အဝေဖန်ခံနေရတဲ့ Imran Khan ဟာ၊ ဒီလိုပြောင်းပြန် ပြန်လှည့်ရတဲ့အတွက် တရားရုံးတော်မှာ တာဝန်ရှိကြောင်း၊ သူကပြောလို့၊ ပါကစ္စတန်နိုင်ငံတော်တရားသူကြီးချုပ်က ချက်ချင်းသူ့ကို အပြစ်တင်မောင်းမဲလိုက်ပါတယ်။ Imran အနေနဲ့ မိမိရဲ့အစိုးရကချမှတ်တဲ့ ဆုံးဖြတ်ချက်အတွက် တရားရေးမဏ္ဍိုင်ကို အပြစ်မတင်သင့်ဘူးလို့ တရားသူကြီးချုပ်က ပြောပါတယ်။ ဒါနဲ့ဆက်စပ်ပြီး၊ Imran Khan ရဲ့ မူဝါဒတွေအပေါ် ဝေဖန်မှုတွေထပ်ပြီး ပေါ်ထွက်လာနိုင်စရာရှိပါတယ်။ နိုင်ငံရေးသမားတွေက ဒီလိုကိစ္စမျိုးတွေမှာ အလုပ်ရှုပ်နေကြပြီး၊ မိမိတို့ရဲ့အားနည်းချက်များ ပြသနေကြချိန်မှာ၊ ပါကစ္စတန်နိုင်ငံအပေါ် စစ်တပ်ရဲ့လောင်းရိပ်ဟာ၊ ပိုပြီးကျယ်ပြန်မဲမှောင်လို့ လာနေပါတယ်။
ငွေကြေးဖေါင်းပွမှု တနေ့တခြားမြင့်တက်နေပြီး၊ ကြက်သွန်နဲ့ ခရမ်းချဉ်သီးဈေးနှုန်းလည်း ခေါင်ခိုက်နေလို့ ပြည်သူလူထုရဲ့ မကြေမနပ်မှုတွေ ကျယ်ပြန့်လာနေတဲ့အချိန်မှာ၊ ဒီလိုနိုင်ငံရေး မငြိမ်မသက်ဖြစ်နေတာဟာ၊ ရေရှည်မှာ Imran Khan အစိုးရအတွက်ရော၊ ပါကစ္စတန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက်ပါ နမိတ်မကောင်းကြောင်း ဆောင်းပါးရှင်ဒေါက်တာ Ashok Behuria ရဲ့ ဝေဖန်သုံးသပ်ချက်ကို ဖတ်ကြားအစီရင်ခံလိုက်ပါတယ်ခင်ဗျား။

Comments
Post a Comment