“Mr Gotabaya Rajapaksa အား သတ္တမမြောက် သီရိလင်္ကာနိုင်ငံရဲ့သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကကဏ္ဍမှာ IDSA မှာ သုတေသန ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှ်င Dr. Gulbin Sultana ဝေဖန်ရေးသားပေးပို့ထားတဲ့ “Mr Gotabaya Rajapaksa အား သတ္တမမြောက် သီရိလင်္ကာနိုင်ငံရဲ့သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။


လွန်ခဲ့တဲ့စနေနေ့က သီရိလင်္ကာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ Sri Lanka Podujana Peramuna (SLPP) ပါတီမှ Mr Gotabaya Rajapaksa ဟာ ရွေးကောက်ပွဲတွေမှာ မဲရေတွက်ပေါင်း ၅၂.၂၅% ရရှိခဲ့ပြီး၊ အဲဒီနိုင်ငံရဲ့ သတ္တမမြောက် အာဏာရအမှုဆောင်သမ္မတအဖြစ် ရွေးချယ်ခြင်းကို ခံလိုက်ရပါတယ်။ Mr Rajapaksa ဟာ သီရိလင်္ကာနိုင်ငံရဲ့ Anuradhapura မြို့မှာ ရုံးတော်ဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ကြေငြာလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက Mr Gotabaya အား သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။


ဝန်ကြီးချုပ် Mr Modi ဟာ သူ့ရဲ့ Mr Gotabaya ထံပေးပို့တဲ့ သဝဏ်လွှာမှာ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးတွေ နက်ရှိုင်းစေဘို့ရာ ပိုမိုနီးကပ်စွာလုပ်ကိုင်လိုတဲ့ ၎င်းရဲ့ ခံယူချက်ကို ဖေါ်ပြထားပါတယ်။ အိန္ဒိယပြည်သူပြည်သားတွေနဲ့ မိမိကိုယ်တိုင်ရဲ့ ဆုမွန်ကောင်းတွေကို ဖေါ်ပြလျှက် ဝန်ကြီးချုပ်ဟာ Mr Rajapaksa ရဲ့ ဦးဆောင်မှုအောက် သီရိလင်္ကာပြည်သူတွေဟာ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေး၊ စည်းလုံးညီညွှတ်ရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင်ပြီး ယဉ်ကျေးမှုထွန်းကားရေးလမ်းကြောင်းပေါ် ထပ်လောင်းတိုးတက်ထွန်းကားမှုတွေ ပေါက်ပွားစေပြီး နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေကို ပိုမိုခိုင်မာစေလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖေါ်ပြလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ လာမဲ့သီရိလင်္ကာအစိုးရသစ်နဲ့ ဆက်လက်လုပ်ကိုင်သွားရန်ခံယူချက် ချမှတ်ထားကြောင်း ဖေါ်ပြခဲ့ပါတယ်။ Mr Rajapaksa ကလည်း ၎င်းရဲ့ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးအတွက် အိန္ဒိယနိုင်ငံနဲ့ နီးကပ်စွာ ပူးပွဲလုပ်ကိုင်ဘို့ အသင့်ရှိနေမှုကို ဖော်ပြခဲ့ပါတယ်။


အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးရေးနဲ့လုံခြုံရေး အထောက်အကူတွေပေးကမ်းခြင်းဖြင့် သီရိလင်္ကာနိုင်ငံရဲ့ အရေးပါလှတဲ့ ဖက်စပ်လုပ်ကိုင်သူဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Mr Mahinda Rajapaksa ရဲ့ ဒုတိယအကြိမ်အုပ်ချုပ်ရေးသက်တမ်းမှာ အင်ဒို-သီရိလင်္ကာဆက်ဆံရေးတွေမှာ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။


သီရိလင်္ကာနိုင်ငံမှာ အိန္ဒိယဖွံ့ဖြိုးရေးပရိုဂျက်တွေကို ကြံ့ကြာစေခြင်း၊ တရုတ်နိုင်ငံရဲ့ အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးထိပါးလွယ်မှုတွေဖြစ်စေနိုင်တဲ့ နည်းဗျူဟာက ဝင်ရောက်နေထိုင်မှုနဲ့ သီရိလင်္ကာ တမီလ်လူမျိုးတွေနဲ့ ပြန်လည်ပေါင်းစည်းရေး ပျက်ကွက်မှုတွေက စိုးရိမ်စရာ အရေးကိစ္စတွေဖြစ်ကြပြီး၊ အိန္ဒိ-သီရိလင်္ကာဆက်ဆံရေးတွေကို ထိခိုက်နစ်နာစေခဲ့ပါတယ်။


Mr Gotabaya Rajapaksa ရဲ့အောင်ပွဲနဲ့အတူ သူ့ရဲ့မိသားစုက အုပ်ချုပ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေမှ ပါဝင်လုပ်ကိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Mr Rajapaksa ရဲ့ ညီအကိုတချို့ပါဝင်တဲ့ အုပ်ချုပ်ရေးသစ်ဟာ အရေးကြီးတဲ့ကိစ္စတွေကို ဘယ်ပုံဘယ်နည်းနဲ့ ကိုင်တွယ်ဖြေရှင်းကြတယ်ဆိုဒါကို တွေ့မြင်ရပါလိမ့်မယ်။ Rajapaksa ဆွေမျိုးတသိုက်ဟာ Beijing အစိုးရနဲ့ နီးကပ်ကြတယ်လို့ သိရှိထားကြပါတယ်။ Mr Mahinda Rajapaksa ရဲ့ အုပ်ချုပ်ရေးကာလမှာ Gotabaya က ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို လုံးဝလျစ်လျူပြုခဲ့ပါတယ်။ Mr Rajapaksa တို့က နောက်ပိုင်းမှာ သူတို့ရဲ့အမှားကို လက်ခံခဲ့ပြီး၊ တခါပြန်ရွေးချယ်ခံရမယ်ဆိုရင် ဒီအမှားတွေကို ပြင်ဆင်ဘို့ ဂတိခံဝန်ချက် ပေးခဲ့ကြပါတယ်။


ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့အချိန်မှာ Mr Gotabaya Rajapaksa ဟာ သက္ကရာဇ် ၂၀၀၅ ခုမှ ၂၀၀၉ ခုနှစ်များအတွင်း LTTE ကို ချေမှုန်းဘို့ရာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့သူ့ကို လူ့အခွင့်အရေးများချိုးဖောက်မှုနဲ့ Sinhala ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီ အစွန်းရောက်သူများကိုထောက်ခံမှုနဲ့ သူတို့ရဲ့လူမျိုးရေးလှုပ်ရှားမှုတွေအတွက် စွတ်စွဲအပြစ်တင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ Mr Gotabaya က သူဟာ သီရိလင်္ကာနိုင်ငံသားအားလုံးတို့ရဲ့ သမ္မတဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။


ရွေးကောက်ပွဲမှာ အောင်ပွဲခံပြီးတဲ့နောက် သူ့ရဲ့ပထမဦးဆုံးသော မိန့်ခွန်းမှာ Mr Gotabaya ဟာ အထူးသဖြင့် Easter Sunday ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း ကျဆင်းလာနေတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးကို မြင့်တင်တည်ဆောက်ဘို့ အာရုံပြုလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Mr Gotapaya Rajapaksa ရဲ့ သမ္မတတဦးအနေနဲ့ တမီလ်လူမျိုးများ အရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံမှုတွေကို အာရုံပြုသွားလိမ့်မယ်ဖြစ်ပါတယ်။


Mr Gotapaya Rajapaksa ရဲ့ ခေါင်းဆောင်မှုအောက်မှာ လုံခြုံရေးကနေ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို New Delhi နဲ့ သီရိလင်္ကာအစိုးရတို့အကြား တည်ရှိသွားဘို့ မျှော်လင့်ကြပါတယ်။ အပြန်အလှန်နားလည်းသဘောပေါက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအား အပြန်အလှန်ဆက်ဆံရေးမှာ အောင်မြင်မှုတွေလိုအပ်နေပါတယ်။ ဒါကြောင့် Mr Gotabaya Rajapaksa ရဲ့ လူနည်းစုတွေ၊ လူ့အခွင့်အရေးများကိစ္စနဲ့ ပြန်လည်ပေါင်းစည်းရေး ယန္တယားတွေအပေါ် ချဉ်းကပ်မှုတွေဟာ အိန္ဒိယ-သီရိလင်္ကာဆက်ဆံရေးတွေအပေါ် ချဉ်းကပ်ဆက်ဆံမှုတွေက အိန္ဒိယ-သီရိလင်္ကာ အကျိုးသက်ရောက်မှုတွေ ရှိစေမယ်ဖြစ်ပါတယ်။


အိန္ဒိယ-သီရိလင်္ကာနိုင်ငံတို့ရဲ့ အနာဂါတ်ဆက်ဆံရေးကလည်း Mr Gotabaya Rajapaksa အုပ်ချုပ်ရေးရဲ့ စွမ်းဆောင်မှုရဲ့အပေါ်မူတည်ပြီး၊ ချိန်ခွင်ရှာတည်မြဲတဲ့ စွမ်းဆောင်မှုအပေါ် တည်ရှိပြီး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘက်မလိုက်မှုတွေ ညီမျှတဲ့မူဝါဒကို ဘယ်နိုင်ငံကိုမှ လိုက်လျောခြင်းမပြုဘဲ မည်သည့်နိုင်ငံဘက်ကိုမှမလိုက်ဘဲ ၎င်းတို့ရဲ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး အထောက်အကူတွေကိုထောက်ပြခြင်းမပြုဘဲ ပိုမိုနက်ရှိုင်းစေဘို့ ကြိုးပမ်းရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Gulbin Sultana ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”