စိတ်နှလုံးမှပြောသော စကားများ (အပိုင်း-၆)
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ
ဒီကနေ့ ‘Mann Ki Baat’ အစီအစဉ်မှာ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ အပိုင်းမှာတော့ နိုင်ငံတော်ရဲ့ လူငယ်မောင်မယ်တွေ၊ တက်ကြွမှုတွေ၊ မျိုးချစ်စိတ်ဓာတ်တွေနှင့် ကိုယ်ကျိုးမဲ့ ဝန်ဆောင်မှုတွေနှင့် စတင်လိုက်ပါတယ်။ သင်တို့သိတဲ့အတိုင်း နှစ်စဉ် နိုဝင်ဘာလရဲ့ တနင်္ဂနွေနေ့တိုင်း အိန္ဒိယနိုင်ငံရဲ့ NCC ခေါ် နိုင်ငံတော် ဗိုလ်လောင်းတပ်သားနေ့ကို ကျင်းပလေ့ရှိပါတယ်။
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့
Pushkaram၊ Pushkaraalu နှင့် Pushkaraha ဆိုတဲ့ စကားလုံးတွေကို ကြားဖူးကြပါသလား။ ဒီစကားတွေက ဘာလဲဆိုတာကို သိကြပါသလား။ ကျွန်တော် ပြောပြပါ့မယ်။ ဒီစကားလုံးတွေဟာ နိုင်ငံတဝှမ်းမှာရှိတဲ့ မြစ်ကြီး ၁၂ သွယ်တို့အပေါ်ကျင်းပကြတဲ့ ပွဲတော်တွေရဲ့ အမည် အသီးသီးတို့ ဖြစ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း မြစ် ၁ ခုအပေါ် တကြိမ်သာကျင်းပကြတာကြောင့် ပွဲတော်ကျင်းပတဲ့ မြစ်အပေါ် နောက်တကြိမ် ပွဲတော်ကျင်းပဖို့ အချိန်ကာလ ၁၂ နှစ် ကြာမြင့်မှာဖြစ်ပြီး ဒီပွဲတော်ကို နိုင်ငံတဝှမ်းမှာရှိတဲ့ မြစ်ကြီး ၁၂ ခုတို့အပေါ် ၁ နှစ်စီ အလှည့်ကျ ကျင်းပလေ့ရှိပြီး ပွဲတော်အချိန်ကာလဟာ ၁၂ ရက်အထိ ကြာမြင့်ပါတယ်။ Kumbh ပွဲတော်လိုပဲ ဒီပွဲတော်ကလည်း အမျိုးသား စည်းလုံးညီညွတ်ရေး အယူအဆကို အားပေးလျှက်ရှိပါတယ်။ တခုတည်းသော အိန္ဒိယနိုင်ငံ- အကောင်းဆုံး အိန္ဒိယနိုင်ငံ ဆိုတဲ့အတွေးအခေါ် မယူအဆတွေကို ပဲ့တင်ထင်ဟပ်လျှက် ရှိပါတယ်။ Pushkaram ဆိုတာက ပွဲတော်တခုဖြစ်ပြီး မြစ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှု၊ အောင်မြင်မှု၊ ကျွန်ုပ်တို့ရဲ့ ဘဝအတွက် ဒီမြစ်ကြီးရဲ့ အရေးပါပုံတွေဖြစ်ကာ အဲဒီအချက်တွေအားလုံးကလည်း သဘာဝအရ ပေါ်လွင်လာကြတာဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ဘိုးဘေးတွေဟာ သဘာဝပတ်ဝန်းကျင်၊ ရေ၊ မြေနှင့် သစ်တောတွေကို အလွန် တန်ဖိုးထား လေးစားခဲ့ကြပါတယ်။ သူတို့တွေဟာ မြစ်ချောင်းတွေရဲ့ အရေးပါပုံကို နားလည်ခဲ့ကြပြီး လူ့ဘောင်အဖွဲ့အစည်းအတွင်း မြစ်တွေနှင့်ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ထင်မြင်ယူဆမှုတွေကို သိရှိစေခဲ့ကြပါတယ်။ သူတို့တွေဟာ မြစ်တွေကို ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနှင့် လူ့ဘောင်အဖွဲ့အစည်းနှင့်အတူပေါင်းစပ်ပေးဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီလိုလုပ်ဆောင်ခြင်းဟာ လူမှုအသိုင်းအဝိုင်းက မြစ်တွေနှင့် မိုနီးကပ်လာကြစေရုံသာမက ပြည်သူလူထုချင်းလည်း ပိုမို ရင်းနှီးလာစေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Pushkaram ပွဲတော်ကို Tamil Nadu ပြည်နယ်မှာရှိတဲ့ တာမီလ်နာဘာရာနီ မြစ်ပေါ်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာလည်း အဆိုပါပွဲတော်ကို ဗြဟ္မပုတ္တရမြစ်ပေါ်မှာ ကျင်းပခဲ့ပါတယ်။ နောက်နှစ်မှာလည်း Telangana၊ Andhra Pradesh နှင့် Karnataka ပြည်နယ်တို့မှာရှိတဲ့ တန်ဂါဘာဒရာ မြစ်ပေါ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနှင့် ပြည်သူတွေဟာ ခရီးလှည့်လည်သွားတာမှု တစိတ်တပိုင်းအားဖြစ့် ပွဲတော်ကျင်းပရာ ၁၂ နေရာတို့ကို သွားရောက်နိုင်ကြမယ်ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်အနေနှင့် နိုင်ငံတဝှမ်းမှ ဘုရားဖူးတွေကို နွေးထွေးပျူငှာပြီး ဧည့်ဝတ်ကျေပြွန်စွာ ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အာသံပြည်နယ်သားတွေကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ပွဲတော်စီမံကွပ်ကဲကြသူတွေကလည်း သန့်ရှင်းရေးကို အထူး ဂရုပြုခဲ့ကြသလို ပလစ်စတစ်မဲ့ ဇုံဒေသတွေဖြစ်အောင် သတိပြုခဲ့ကြပါတယ်။ နေရာအများအပြားတို့မှာ ဇီဝနည်းပညာသုံး အိမ်သာတွေကိုလည်း ဆောက်လုပ်ပေးခဲ့ကြပါတယ်။ ဒီလိုရှေးဟောင်းပွဲတော်တွေဟာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်တွေကိုလည်း မြစ်တွေနှင့်ရင်းနှီးလာဖို့ ဆောင်းကြဉ်းပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သတာဝပတ်ဝန်းကျင်နှင့် ရေတို့ဟာ ကျွန်ုပ်တို့ ခရီးလှည့်လည်သွားလာမှုအတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့ဘဝရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်သင့်ပါတယ်။
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့
NaMo အပလီကေးရှင်းပေါ်မှာ Madhya Pradesh ပြည်နယ်မှ ကလေးမလေး Shweta က စာရေးသားဖော်ပြခဲ့ပါတယ်။ သူမက ဆရာကြီးရှင်၊ ကျွန်မဟာ နဝမတန်းကျောင်းမှာ ပညာသင်ယူနေပြီး အစိုးရစစ် စာမေးပွဲဖြေဆိုဖို့ နောက်ထပ် အချိန် ၁ နှစ် ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်မဟာ ဆရာကြီးရဲ့ ကျောင်းသားတွေနှင့် စာမေးပွဲဖြေဆိုကြမယ့်သူတွေနှင့် ပြောဆိုမှုတွေကို ပုံမှန်အားဖြင့် နားထောင်လေ့ရှိပါတယ်။ ဒီစာရေးရတဲ့အကြောင်းရင်းကတော့ ဆရာကြီးဟာ ယခုအချိန်အထိ စာမေးပွဲတွေနှင့်ပတ်သက်ပြီး လာမယ့်ဆွေးနွေးမှုပြုလုပ်မယ့် နေ့ရက်အစီအစဉ်ကို မဖော်ပြထားသေးလိုဘဲ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး စောစာ စီမံပေးပါ။ တတ်နိုင်ရင် ဇန်နဝါရီလထဲမှာ စီစဉ်ပေးပါ။
မိတ်ဆွေအပေါင်းတို့
အဲဒီလိုအကြောင်းတွေကြောင့် ကျွန်တော်ဟာ “Man Ki Baat” သို့မဟုတ် စိတ်နှလုံးမှ ပြောသောစကား အစီအစဉ်ကို အမှန်တကယ် ကြိုက်နှစ်သက်ရပါတယ်။ Shweta လေးဟာ ဒီကိစ္စကို သင့်လျော်တဲ့အချိန်မှာ တင်ပြခဲ့ပါတယ်။ သူပြောတာမှန်ပါတယ်။ ဒီအစီအစဉ်ကို နည်းနည်းစောပြီး စီမံဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ စာမေးပွဲအကြောင်း ဆွေးနွေးမှုအပြီးမှာ ပြည်သူလူထုအများအပြားတို့က ဒီအစီအစဉ် ပိုထိရောက်စေဖို့ အကြံပြုချက်တွေ ပေးခဲ့ကြပါတယ်။ တချို့ကလည်း ဒီအစီအစဉ်ကို စားမေးပွဲတွေနှင့် နီးကပ်နေချိန်မှာ ထုတ်လွှင့်တယ်ဆိုပြီး တိုင်ကြားကြပါတယ်။ Shweta ပြောတာ မှန်ပါတယ်။ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် ကျွန်ုပ်ရဲ့အစိုးရအသင်းတို့ဟာ ဒီကိစ္စကို ပူးတွဲလုပ်ကိုင်နေကြပါတယ်။ စာမေးပွဲတွေနှင့် ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ဇန်နဝါရီလ အစောပိုင်း သို့မဟုတ် အလယ်ပိုင်းမှာ ပြုလုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အစီအစဉ်မှာ နိုင်ငံတဝှမ်းမှ ကျောင်းသူ/သားတွေအတွက် အခွင့်အရေး ၂ ခုရှိပါတယ်။ တခုက သက်ဆိုင်ရာ ကျောင်းတွေကတဆင့် သူတို့ ပါဝင်နိုင်ကြပြီး နောက်တခုကတော့ ဒေလီမှာကျင်းပတဲ့ ဒီအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လာရောက်နိုင်ကြပါတယ်။ ဒေလီအစီအစဉ်မှာ ပါဝင်ကြတဲ့ကျောင်းသားတွေကိုတော့ MyGov ဝဘ်ဆိုဒ်ကတဆင့် ရွေးချယ်တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ စာမေးပွဲတွေကိုကြောက်ကြတဲ့ အလေ့အထကို စုပေါင်းဖယ်ထုတ် ရှင်းလင်းသွားရမယ်ဖြစ်ပါတယ်။ စာမေးပွဲကာလမှာ ကျောင်းသားမိဘတွေ ပြုံပျော်နေကြတာကို ကျွန်ုပ်တွေ့မြင်လိုပါတယ်။ ကျောင်းသားမိဘတွေ စိုးရိမ်မှုကင်းရှင်းပြီး ဆရာ/မတွေကလည်း စိတ်ချလက်ချဖြစ်ကြဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့အားလုံး လာမယ့် စာမေးပွဲဆိုင်ရာ အစီအစဉ်ကို အတူတကွ ကျင်းပကြမှာဖြစ်ပါတယ်။ အားလုံးကိုလည်း လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
မိတ်ဆွေအပေါင်းတို့
ပြီးခဲ့တဲ့ စိတ်နှလုံးမှပြောသော စကားများ အစီအစဉ်မှာ ၂၀၁၀ ခုနှစ်က အယုဒ္ဓယ အရေးကိစ္စနှင့်ပတ်သက်ပြီး Allahabad တရားရုံးကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီအမိန့်အချမီမှာပဲဖြစ်စေ ဆုံးဖြတ်ချက် ချမှတ်ပြီးတဲ့အချိန်မှာဖြစ်စေ အေးချမ်းမှုကို ထိန်းသိမ်းထားခဲ့ကြပါတယ်။ ဒီတကြိမ်မှာလည်း အိန္ဒိယနိုင်ငံတော် တရားရုံးချုပ်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာလိုက်တဲ့အခါ သန်းပေါင်း ၁၃၀၀ မျှသော အိန္ဒိယပြည်သူလူထုတို့ဟာ အထွဋ်အမြတ်အဖြစ် ဒါကို သက်သေပြခဲ့ကြပါတယ်။ အေးချမ်းမှု၊ ညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတွေရဲ့တန်ဖိုးဟာ ကျွန်ုပ်တို့နိုင်ငံမှာ အမြင့်မားဆုံးဖြစ်ပါတယ်။ ဒီလို အမိန့်ချမှတ်မှုကို လွယ်ကူစွာနှင့် အေးချမ်းစွာ လက်ခံပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းခဲ့ကြတဲ့အတွက် နိုင်ငံသားအပေါင်းတို့အား ကျေးဇူးတင်ရှိကြောင်း ဒီကနေ့ စိတ်နှလုံးမှ ပြောသောစကား အစီအစဉ်မှာ ဖော်ပြလိုပါတယ်။
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့
ကျွန်ုပ်တို့ရဲ့ လူမှုဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတွေဟာ တကမ္ဘာလုံးကို အရောင်အသွေးစုံလင်မှုမှ ညီညွတ်ရေးဆုံးမစကားတွေ သွန်သင်ပေးလျှက်ရှိပါတယ်။ ကုဋေပေါင်း ၁၃၀ ခန့်သော လူဦးရေရှိတဲ့ နိုင်ငံ ၁ နိုင်ငံက ရေရဲ့အရသာဟာ ကီလိုမီတာ အကွာအဝေး အနည်းငယ်တိုင်းမှာ ပြောင်းလဲလေ့ရှိပြီး ဘာသာစကားဟာ မိုင်အနည်းငယ်တိုင်းမှာ ပြောင်းလဲလေ့ရှိတယ်လို့ ဆိုရိုးစကားရှိပါတယ်။ ရာစုနှစ်ပေါင်းများစွာကတည်းက ကျွန်ုပ်တို့နိုင်ငံမှာ ရာပေါင်းများစွာသော ဘာသာစကားတွေ ပေါက်ဖွား ထွန်းကားနေခဲ့ပါ။ တချိန်တည်းမှာပဲ အဲဒီဘာသာစကားတွေနှင့် ဒေသန္တရ ဘန်းစကားတွေ ဆက်လက်တည်ရှိရေးအတွက် စိုးရိမ်ပူပန်လျှက် ရှိကြပါတယ်။ မကြာသေးမီမ ကျွန်တော်ဟာ Uttaraakhand ပြည်နယ်၊ Dhaarchulaa အရပ်မှ ဇာတ်လမ်းတပုဒ်ကို ဖတ်မိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းက ကျွန်တော့်ရဲ့အာရုံကို ဆွဲဆောင်မှုရှိခဲ့တာက သဘာဝကျပါတယ်။ အဲဒီမှာ အချင်းချင်း Ranglo ဘာသာစကားနှင့်ပြောဆိုတဲ့ Rang လူမျိုးစု အများအပြား နေထိုင်ကြပါတယ်။ အဲဒီဘာသာစကားပြောဆိုမှုနှုန်း လျော့နည်းလာတာကြောင့် သူတွေ့တွေ အလွန်ပဲ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြပါတယ်။ တနေ့မှာ သူတို့တွေစုရုံးပြီး သူတို့ရဲ့ ဘာသာစကားကို ကာကွယ်စောင့်ရှောက်ဖို့ သန္နိဋ္ဌာန် ပြုခဲ့ကြပြီး များမကြာမီမှာပဲ Rang လူမျိုးစုအားလုံး ပါဝင်လာခဲ့ကြပါတယ်။ ဒီလူမျိုးစုမှာ လက်တဆုပ်သာလူတွေရှိကြတယ်ဆိုဒါကို ကြားရရင် အံ့အားသင့်မိပါလိမ့်မယ်။ အကြမ်းအားဖြင့် သူတို့ဟာ စုစုပေါင်း တသောင်းခန့်သာ ရှိပါလိမ့်မယ်။ ဒါပေမဲ့ Ranglo ဘာသာစကားကို ကာကွယ်ဘို့အတွက် လူတိုင်းလူတိုင်းဟာ သူတို့မှာရှိဒါတွေကို ထည့်ဝင်ခဲ့ကြပါတယ်။ အသက် ၈၄ နှစ်အရွယ်ရှိတဲ့ Diwan Singh ဘဲဖြစ်ဖြစ်၊ အသက် (၂၂) နှစ်အရွယ်ရှိတဲ့လူငယ် Vaishali Garbyaal ဘဲဖြစ်ဖြစ် ပါမောက္ခတဦးဘဲဖြစ်ဖြစ်၊ ကုန်သည်တဦးဘဲဖြစ်ဖြစ် လူတိုင်းလူတိုင်း သူတို့တတ်နိုင်တဲ့နည်းကနေ ထည့်ဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ဒီမစ်ရှင်မှာ လူမှုရေးကွန်ယက်ကိုလည်း အသုံးပြုခဲ့ကြပါတယ်။ WhatsApp အုပ်စုအများအပြားကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအုပ်စုတွေကတဆင့် ရာပေါင်းများစွာသော လူတွေကို ဒီမစ်ရှင်နဲ့ဆက်နွယ်နိုင်ခဲ့ပါတယ်။ ဒီဘာသာစကားမှာ ကမ္ဗည်းအက္ခရာတွေမရှိပါဘူး။ ဒီဘာသာစကားပြောဘို့အတွက်သာ အသုံးပြုကြပါတယ်။ ဒါကြောင့် ပြည်သူတို့ဟာ ဇာတ်လမ်းတွေ၊ ကဗျာတွေနဲ့ တေးသီချင်းတွေကို Internet မှာ ထည့်လာကြပါတယ်။ သူတို့တတွေဟာ တဦးတယောက်ရဲ့အမှားတွေကို ပြင်ဆင်လာခဲ့ကြပါတယ်။ ဒါကြောင့်တနည်းအားဖြင့် WhatsApp ဟာ သူတို့ရဲ့ စာသင်ခန်းဖြစ်လာခဲ့ပြီး၊ လူတိုင်းဟာ တချိန်တည်းမှာဘဲ ကျောင်းသားရော၊ ဆရာတွေပါ ဖြစ်လာကြပါတယ်။ Ranglo ဘာသာစကားကို ထိမ်းသိမ်းဘို့ ကြိုးပမ်းမှုတခုလည်း ရှိခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်အဖြာဖြာတို့ကိုကျင်းပကြပြီး မဂ္ဂဇင်းတွေလည်း ပုံနှိပ်ထုတ်ဝေကာ၊ လူမှုရေးဌာနတွေကလည်း သူတို့တတွေအား ထောက်ပံ့ကူညီလာခဲ့ကြပါတယ်။
မိတ်တွေများခင်ဗျား၊ မှတ်သားဘို့ကောင်းတဲ့တခြား အချက်တခုကတော့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ၂၀၁၉ ခုနှစ်ကို “International of Indigenours Languages” သို့မဟုတ် ၂၀၁၉ ခုနှစ်ကို နိုင်ငံတကာ ပြည်တွင်းဘာသာစကားများနေ့အဖြစ် ကြေငြာလိုက်တာဘဲဖြစ်ပါတယ်။ အဓိပ္ပါယ်ဖေါ်ရမယ်ဆိုရင်တော့ ဆက်လက်တည်ရှိဘို့အတွက် အဲဒီဘာသာစကားတို့အား ထိန်းသိမ်းကာကွယ်ရန် စောင့်ရှောက်မှုတွေပြုလုပ်ရေးဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅၀) ကျော်က ခေတ်သစ်ဟင်ဒီဘာသာရဲ့ဖခင်၊ Bharatendu Harichandra ကည် ‘The progress of one’s languages & the source of overall progress ၊ All the progress is meaningless of ones mother tongue is neglected’ လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုဖေါ်ပြချက်ရဲ့ အဓိပ္ပါယ်ကတော့ တဦးတယောက်ရဲ့ အမိဘာသာစကားနဲ့ပါတ်သက်ပြီး ဗဟုသုတမရှိဘဲ တိုးတက်မှုမဖြစ်နိုင်ဘူး ဆိုဒါဘဲဖြစ်ပါတယ်။ ဒါကြောင့် Rang လူမျိုးစုတို့ရဲ့ အစပျိုးလုပ်ကိုင်မှုတွေဟာ ကျန်ကမ္ဘာကို လမ်းပြနေဒါကတော့ သေချာပါတယ်။ အကယ်၍သာ သင်သည်လည်း ဒီဇာတ်လမ်းကြောင့် အားတက်မှုတွေရရှိခဲ့တယ်ဆိုရင် မိမိရဲ့ဘာသာစကား သို့မဟုတ် မိမိတို့ဒေသမှာပြောကြတဲ့ ဘန်းကစားကို ယနေ့မှစပြီး အသုံးပြုခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ သင့်ရဲ့မိသားစုတို့ကိုလည်း ဥာဏ်ကွန့်မြူးစေအောင် စတင်ပြုလုပ်ရမယ်ဖြစ်ပါတယ်။
၁၉ ရာစုနှစ်ကုန်လောက်မှာ ကဗျာဆရာကြီး Subramanyan Bharati က တမီလ်ဘာသာနဲ့ Muppadu Kodi Mugam uDai Yall Uyir moim bura un Dru Daiyaal ival Seppu moghipadi Nettu Dasyaal enil sindanai undrudaiyaal လို့ ဆိုခဲ့ပါတယ်။ ဒီစကားကို ကဗျာဆရာကြီးက တခါပြန်ဆိုခဲ့ပါတယ်။ ကျွန်တော်ဟာ (၁၉) ရာစုနှစ်ရဲ့ ဒုတိယပိုင်းကို ရည်ညွှန်းပါတယ်။ ကဗျာဆရာကြီးက အမိအိန္ဒိယနိုင်ငံမှာ မျက်နှာပေါင်း ၃၀ ကုဋေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်တလုံးတည်းဖြစ်ကာ ဘာသာစကား (၁၈) မျိုး ပြောဆိုပါတယ်။ သို့သော် ဘာသာစကားတခုတည်းလိုဘဲ ထင်မှတ်ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ချစ်လှစာသော နိုင်ငံသားအပေါင်းတို့
ဘဝမှာ လောကီရေးရာအကြောင်းကိစ္စတွေက ကျွန်ုပ်တို့အား ဆုံးမစကားအများအပြားနဲ့ပြည့်စုံစေပါတယ်။ တနေ့ကဘဲ ကျွန်တော်ဟာ သတင်းမီဒီယာမှာ Scuba ရေငုတ်သမားတွေနဲ့ပါတ်သက်တဲ့ ဇာတ်လမ်းတပုဒ်ကို မတ်မိပါတယ်။ ဒီဇာတ်လမ်းဟာ ကျွန်ုပ်တို့အားလုံးအတွက် စိတ်အားတက်ကြွစရာဖြစ်နိုင်ပါတယ်။ တနေ့မှာ Vishakhapatnum မှာ သင်ယူလေ့ကျင့်နေကြတဲ့ ဒီ Scuba ရေငုတ်သမားတွေဟာ ပင်လယ်ထဲကနေ Mangamcripetta ကမ်းခြေပေါ် ပြန်လာကြတဲ့အခါ ပလပ်စတိတ်ဗူးတွေနဲ့ အိပ်တွေနဲ့ အနှောင့်အယှက်ပေးမှုကို ခံခဲ့ကြပါတယ်။ ဒီအမှိုက်တွေကို ရှင်းနေတုံးမှာ သူတို့တတွေဟာ ဝမ်းနည်းဖွယ်ရာတွေကို မြင်တွေ့ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက်ပေါင်းများစွာမှာ သူတို့တတွေက လမ်းတလျှောက်လုံး ကျွန်ုပ်တို့ရဲ့ပင်လယ်ဟာ အမှိုက်တွေနဲ့ ပြည့်နေပါလားလို့ ခံစားမိခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက်ပေါင်းများစွာတို့မှာ သူတို့ဟာ ကမ်းခြေကနေ မီတာ ၁၀၀ ကျော်လောက်သွားရောက်ပြီး ရေနက်ထဲငုတ်ကာ ပြန့်ကျဲနေတဲ့ အမှိုက်တွေကို ယူဆောင်လာခဲ့ကြပါတယ်။ သူတို့တတွေဟာ ၁၃ ရက် သို့မဟုတ် နှစ်ပါတ်အတွင်းမှာဘဲ ပင်လယ်ထဲကနေ ပလပ်စတိတ်အမှိုက် ကီလိုဂရမ် (၄၀၀၀) ခန့်ကို ထုတ်ပယ်ခဲ့ကြတယ်လို့ ကျွန်ုပ်အား ပြောပြကြပါတယ်။ အဲဒီသေးငယ်တဲ့အစပျိုးမှုဟာ ကြီးမားတဲ့မစ်ရှင်တခုအဖြစ် အသွင်ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ယခုအခါ ဒေသခံပြည်သူတို့က သူတို့ကကူညီနေကြပါတယ်။ ဒေသခံ တံငါသယ်တွေကလည်း သူတို့ကို အစစအရာရာ အကူအညိပေးနေကြပါတယ်။ ဒီအကြောင်းကို ချင့်ချိန်ပြီး၊ အဲဒီ Scuba ရေငုတ်သမားတွေထံမှ စိတ်အားထက်သန်မှုတွေကို အတုယူကာ၊ အကယ်၍သာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ပါတ်ဝန်းကျင်အနီးတဝိုက်မှာရှိတဲ့ ပလပ်စတိတ်တွေကို ပယ်ရှားဘို့ သန္နိဋ္ဌာန်ပြုကြမယ်ဆိုရင် “Plastic Free India” သို့မဟုတ် ပလပ်စတိတ်ကင်းတဲ့ အိန္ဒိယနိုင်ငံ ပေါ်ပေါက်နိုင်ပြီး တကမ္ဘာလုံးအတွက် ဥပမာသစ်တခုဖြစ်နိုင်ပါတယ်။
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့
နိုဝင်ဘာလ (၂၆) ရက်နေ့ဟာ နှစ်ရက်အကွာမှာရှိနေပါတယ်။ ဒီနေ့ဟာ တနိုင်ငံလုံးအတွက် နေ့ထူးဖြစ်ပါတယ်။ ဒီနေ့ကို ကျွန်ုပ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနေ့အဖြစ် သတ်မှတ်ကျင်းပကြဒါမို့ ကျွန်ုပ်တို့သမ္မတနိုင်ငံအတွက် အထူးအရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်ုပ်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာလို့ နှစ်ပေါင်း (၇၀) ပြည့်နေ့ဖြစ်တာမို့ ပိုပြီးတောင် ထူးကဲလှပါတယ်။ ဒီအခါသမယကို ပါလီမန်လွှတ်တော်မှာ အထူးအစီအစဉ်တွေနဲ့ အထိမ်းအမှတ်ပြုပြီး၊ တခြားအခမ်းအနားတွေကိုလည်း နိုင်ငံတဝှမ်းလုံးမှာ တနှစ်ပါတ်လုံး ခင်းကျင်းကြလိမ့်မယ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဥပဒေပြုလွှတ်တော်မှ အဖွဲ့ဝင်အားလုံးတို့ကို ရိုသေလေးစားပြီး၊ ကျေးဇူးတင်ကြပါစို့။ ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆောက်တည်ထားတဲ့ အဝေးမှတွေ့မြင်နိုင်သော နိုင်ငံသားတဦးချင်းရဲ့ ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းကာကွယ်ထားပါတယ်။ ကျွန်ုပ်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့က ကျွန်ုပ်တို့ရဲ့ တာဝန်ဝတ္တရားများအား ဖွဲ့စည်းပုံဥပဒေရဲ့ စံနမူနာတွေနဲ့ တန်ဘိုးတွေကို ထိန်းသိမ်းထားပြီး၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ထည့်ဝင်လုပ်ကိုင်ကြဘို့ ပြန်လည်တွန်းအားပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဆုံးအားဖြင့် ဒီအချက်ဟာ ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်ဆောက်ရေးဆွဲခဲ့ကြသူတွေရဲ့ အိမ်မက်ဘဲဖြစ်ပါတယ်။
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့
ဆောင်းရာသီဟာ တီးခေါက်နေပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အနီးတဝိုက်မှာ ရာသီဥတုရဲ့ အလှအပတွေကို တွေ့မြင်နိုင်ပါတယ်။ ဟိမဝန္တာတောင်ကြီးရဲ့ တစိတ်တပိုင်းဟာ နှစ်မှုံလွှာကိုခြုံထားနေပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလရာသီဟာ “Fit India Movement” သို့မဟုတ် ကြံ့ခိုင်သောအိန္ဒိယနိုင်ငံလှုပ်ရှားမှု အချိန်ကာလလည်းဖြစ်ပါတယ်။ သင်တို့၊ သင်တို့ရဲ့ မိသားစု၊ သင်တို့ရဲ့ မိတ်ဆွေတွေ၊ သင်တို့ရဲ့မိတ်ဆွေအသိုင်းအဝိုင်း၊ သင်တို့ရဲ့ အပေါင်းအဖော်တွေ အားလုံး ဒီအခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။ ဒီရာသီဥတုကို “ကြံ့ခိုင်တဲ့အိန္ဒိယနိုင်ငံ” လှုပ်ရှားမှုကို ရှေ့သို့ချီဘို့အတွက် အခွင့်ကောင်းကို လက်မလွှတ်သင့်ပါဘူး။
ဆုမွန်ကောင်းများစွာဖြင့်
ကျေးဇူးတင်ရှိလျှက်

Comments
Post a Comment