“၂၀၁၉ ခုနှစ်ဆိုင်ရာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကြည်း၊ ရေ၊ လေ၊ တပ်မတော် (၃) ခုတို့ရဲ့ စစ်ရေးလေ့ကျင့်မှု”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၁၉ ခုနှစ်ဆိုင်ရာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကြည်း၊ ရေ၊ လေ၊ တပ်မတော် (၃) ခုတို့ရဲ့ စစ်ရေးလေ့ကျင့်မှု” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဒုတိယမြောက် Modi အစိုးရရဲ့ သော့ချက်ကျဦးစားပေးမှုများမှ တခုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတခု တည်ဆောက်ရေးဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ များမကြာမှီကာလမှာ အိန္ဒိယနိုင်ငံရဲ့စီးပွားရေး ပြုပြင်တည်ဆောက်မှုနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ ကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်ရေးအတွက် စိတ်အားထက်သန်မှုမှာ မခွဲနိုင်တဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ ကာကွယ်ရေးဆက်ဆံမှုတွေက နှစ်နိုင်ငံ အပြန်အလှန်ဖက်စပ်လုပ်ကိုင်ရေးမှာ သော့ချက်ကျ တိုင်းလုံးတလုံးသဏ္ဍာန် ရပ်တည်နေပါတယ်။ မကြာမှီသောနှစ်များမှာ အပြန်အလှန်ဆက်ဆံမှုအလားအလာတွေ တိုးတက်ပွင့်လှမ်းလာခဲ့ပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သူတို့ရဲ့ ပထမဦးဆုံးသော ကြည်း၊ ရေ၊ လေတပ်ပေါင်းစုတို့ရဲ့ လူမှုရေးရာအထောက်အကူနဲ့ ရုတ်တရက်ဘေးအန္တရာယ်သက်သာချောင်ချိရေး HADR ဖြစ်တဲ့ “Tiger Triumph” လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေကို Andra Pradesh ပြည်နယ်ရဲ့ ကမ်းလွန်ဒေသမှာ ပြုလုပ်လျှက်ရှိကြပါတယ်။ အမေရိကန်မရိန်းတပ်ဖွဲ့နဲ့ ရန်သူတွေကို ကင်းထောက်လှမ်းရေး အထူးတပ်ဖွဲ့တွေနဲ့ အိန္ဒိယရေတပ်မှ P8i တာဝေးရေကြောင်းကင်းထောက်လှမ်း အထူးတပ်ဖွဲ့နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ်တွေနဲ့ တခြားတပ်ဖွဲ့တွေက ဒီလေ့ကျင့်ခန်းမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။ “The harbour phase” ခေါ် ကမ်းခြေပေါ် လေ့ကျင့်ခန်းအပိုင်းကို Visakhapatnam မြို့မှာ နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိကျင်းပပြီး၊ ဒုတိယပိုင်းကို Kakinada မြို့မှာ နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပသွားလိမ့်မယ်ဖြစ်ပါတယ်။ အိန္ဒိယကြည်းတပ်မတော်မှ အချက်ပြ၊ ဆေးဖက်ဆိုင်ရာနဲ့ ဆက်သွယ်ရေးအပါအဝင် တပ်စုပေါင်း ၄၀၀ ကျော်တို့က အဲဒီလေ့ကျင့်ခန်းတွေမှာ ပါဝင်ကြမယ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံတနိုင်ငံတည်းကသာလျင် အတိတ်ကာလမှာ အလားတူလေ့ကျင့်ခန်းတွေ ပူးတွဲပြုလုပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးတို့မှာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း တည်ငြိမ်မှုကိုလိုလားတဲ့ ရှုမြင်ချက်တွေရှိနေပြီး၊ အဲဒီဒေသပိုင်းအတွင်း နိုင်ငံရေးစိတ်ဓါတ်ရှိနေတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေက နှစ်နိုင်ငံစလုံးတို့ကို အချင်းချင်းအသုံးပြုနိုင်တဲ့ သဘောတူစာချုပ်တွေဖြစ်ကြတဲ့ Logistics Exchange Memorandum of Agreement (LeMOA) နဲ့ Communications Compatibility and Security Agreement (CCSA) တို့ကို လက်မှတ်ရေးထိုးဘို့ အခွင့်လမ်း ပေါ်ပေါက်စေလိုက်ပါတယ်။ ဒါ့အပြင် တတိယစာချုပ်တခုဖြစ်တဲ့ Basic Exchange and Cooperation Agreement (BECA) ချုပ်ဆိုဘို့ရာ ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ နှစ်စဉ် တိုက်ခိုက်ရေးလေ့ကျင့်ခန်း အမြောက်အများတို့ကို ပြုလုပ်လေ့ရှိကြပါတယ်။ Japan နိုင်ငံနဲ့အတူ ထိပ်တန်းရေတပ်မတော်လေ့ကျင့်ရေးဖြစ်တဲ့ Malabar စစ်ရေးလေ့ကျင့်ခန်းတွေဖြစ်ကြတဲ့ Vajra Prahar နဲ့ Yudh Abhyas တို့ကို ပြုလုပ်လေ့ရှိကြပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ ဒီလေ့ကျင့်ခန်းတွေကို တပ်ဖွဲ့တွေအားစစ်ဆင်ရေးအနေအထားတွေမှာ ပြုလုပ်ကြဘို့နဲ့ တခြားတဖက်ရဲ့ စစ်ဆင်ရေးတည်ဆောက်ပုံတွေအား နားလည်ဘို့ အခွင့်လမ်းတွေ ပေးထားကြပါတယ်။ အဲဒီတပ်ပေါင်းစုံလေ့ကျင့်ရေးကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပခဲ့တဲ့ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ (2+2) ဆွေးနွေးပွဲမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြဒါဖြစ်ပါတယ်။ တနေ့တခြား အလျင်အမြန်ကြီးထွားလာနေတဲ့ စစ်တပ်မှ စစ်တပ်သို့ဆက်ဆံရေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝန်ကြီးချုပ် Mr Modi ရဲ့ အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အလည်အပတ်ခရီးစဉ်အတွင်း Texas ပြည်နယ်မှာ သမ္မတ Mr Trump က Howdy Modi အခမ်းအနားမှာ ကြေငြာခဲ့ဒါဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကုန်းမြေနယ်စပ်တွေနဲ့ပင်လယ်ရေကြောင်း နှစ်ဖက်စလုံးတို့မှ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဘို့ရာ ကာကွယ်ရေးစွမ်းရည်အား မြင့်တင်တည်ဆောက်ဘို့ လိုအပ်ပါတယ်။ အဲဒီအတွက် ခေတ်မှီနည်းပညာနဲ့ ပစ္စည်းကိရိယာတွေလိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မျှော်မှန်းချက်ကြီးမားတဲ့ ကာကွယ်ရေးပစ္စည်းများထုတ်လုပ်ရာ “Make in India” အစီအစဉ်ကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဘယ်နည်းနဲ့မဆို ကမ္ဘာပေါ် ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးမှုတွေမှာ ထိပ်ဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဖက်စပ်လုပ်ကိုင်မှုကိုတော့ ကြိုဆိုရမယ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အိန္ဒိယနိုင်ငံဟာ အင်ဒို-ပစိဖိတ် အရပ်ဒေသအတွင်းက ပေါ်ထွန်းလာနေတဲ့ စိန်ခေါ်မှုတွေအား ရင်ဆိုင်ဖြေရှင်းရာမှာ အလားအလာရှိတဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကာကွယ်ရေးဖက်စပ်လုပ်ကိုင်မှု တိုးချဲ့ရေး၊ စွမ်းအားတည်ဆောက်မှုအစီအစဉ်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးစွမ်းရည်တို့မှာ ၎င်းရဲ့ဆက်ဆံမှုတွေကို ရှေ့ရှု့လျှက်ရှိပါတယ်။ နှစ်နိုင်ငံတို့ဟာ ၂၀၁၂ ခုနှစ်ဆိုင်ရာ အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးနည်းပညာတွေနဲ့ ကုန်သွယ်ရေးအစပျိုးမှုတွေကို အစပျိုးတည်ထောင်မှုတွေနဲ့ တတိယနိုင်ငံအတွင်း ပြည်ပတင်ပို့ရောင်းရေး နည်းလမ်းတွေအား စူးစမ်းရှာဖွေတဲ့ ပရိုဂျက်တွေအား ထည့်သွင်းဘို့ ပြန်လည်သုံးသပ်လျှက်ရှိကြပါတယ်။ ဒီလိုပြုလုပ်ခြင်းက လုပ်ငန်းတခုမှတခုသို့ အပြန်အလှန်ဆက်ဆံမှုတွေကို သုတေသနနဲ့ ဖွံ့ဖြိုးရေးတိုးချဲ့မှုအတွက် ပိုပြီးအခွင့်အလမ်းရရှိစေမယ်ဖြစ်ပါတယ်။ ယခုအခါ အာရုံစိုက်မှုဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကကျင်းပခဲ့တဲ့ 2+2 ဝန်ကြီးများအဆင့် အစည်းအဝေးပွဲမှ အပြန်အလှန်ဆက်ဆံမှုတွေအတွက် ပြုလုပ်ခဲ့တဲ့တိုးတက်မှုတွေအား ပြန်လည်သုံးသပ်ဘို့ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment