“အထက်လွှတ်တော် Rajya Sabha က အကြိမ် ၂၅၀ မြောက် အစည်းအဝေးပိုင်း အထိမ်းအမှတ်အား ကမ္ဗည်းထွင်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အထက်လွှတ်တော် Rajya Sabha က အကြိမ် ၂၅၀ မြောက် အစည်းအဝေးပိုင်း အထိမ်းအမှတ်အား ကမ္ဗည်းထွင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အထက်လွှတ်တော် Rajya Sabha ဟာ အကြိမ် ၂၅၀ မြောက် လွှတ်တော်အစည်းအဝေးပိုင်းကို ကမ္ဗည်းထွင်လိုက်ခြင်းနဲ့အတူ အောင်မြင်မှုဝေဖြာသော အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး ဒီမိုကရေစီတိုးတက်မှုတွေအား ပြန်ပြောင်းသတိရကြဘို့လိုအပ်ပါတယ်။ အိန္ဒိယပါလီမန်လွှတ်တော်ဟာ လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်ကစပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ထိုက်ထိုက်တန်တန်ကြိုးပမ်းခဲ့ဒါကို ငြင်းဆိုနိုင်ဖွယ်မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်က ဟင်ဒူးထိမ်းမြှားမင်္ဂလာနဲ့ ကွာရှင်းမှုဥပဒေမူကြမ်းကို ခွင့်ပြုခြင်းကအစ ၂၀၁၉ ခုနှစ်က မူစလင်အမျိုးသမီးများအား ထိမ်းမြှားလက်ထပ်မှုကို ကာကွယ်စောင့်ရှောက်ရေးဥပဒေမူကြမ်းနှင့် ၂၀၁၉ ခုနှစ် Jammu နဲ့ Kashmir ပြန်လည်စီမံဖွဲ့စည်းရေးဥပဒေမူကြမ်းအထိ ကြိုးပမ်းလုပ်ကိုင်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့သက်တမ်းရှည်လျားပြီး၊ ဂုဏ်သိက္ခာအပေါင်းနဲ့ပြည့်ဝတဲ့ နိုင်ငံရေးသမိုင်းကို စံနမူနာတင်ခဲ့ပါတယ်။
ဒုသမ္မတ Mr M. Venkaiah Naidu က အထက်လွှတ်တော် Rajya Sabha ရဲ့ သဘာပတိလည်းဖြစ်တဲ့အလျောက် အထက်လွှတ်တော်ဟာ အကြိမ်ကြိမ်အဖန်ဖန် စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ကာ၊ နိုင်ငံရဲ့လိုအပ်မှုတွေအား သက်တမ်းရှည်လျားစွာ အာရုံပြုလျှက်ရှိနေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး “ဒါပေမဲ့ ကျွန်ုပ်တို့မှာ အထက်လွှတ်တော်ရဲ့စွမ်းအား အပြည့်အဝကို လက်လွှတ်ခဲ့ရတဲ့အချိန်တွေနဲ့ အခွင့်အရေးအား ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြင့် အထက်လွှတ်တော် လည်ပါတ်ပုံကို လေးစားခြင်းဖြင့် ကျွန်ုပ်တို့နိုင်ငံက သိရှိနားလည်လာအောင် ပြုလုပ်ဘို့ တာဝန်ရှိနေသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ကျင်းပလျှက်ရှိတဲ့ အထက်လွှတ်တော်ရဲ့ အကြိမ် (၂၅၀) ပြည့် အစည်းအဝေးပိုင်းမှာ လွှတ်တော်အမတ်များသို့ အမှာစကားပြောကြားတဲ့အခါ ဝန်ကြီးချုပ် Mr Narendra Modi ဟာ၊ အထက်လွှတ်တော် Rajya Sabha မှာ အိန္ဒိယနိုင်ငံရဲ့ ရောင်စုံကွဲပြားစုံလင်မှုရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအပေါ် ရောင်ပြန်ဟပ်လျှက်ရှိတယ်လို့ မှန်ကန်စွာဘဲ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆောက်ထားတဲ့ ဌာနကြီးတခုဖြစ်တဲ့အလျှောက် အထက်လွှတ်တော်ဟာ နိုင်ငံတော်အတွင်း လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ စည်းလုံးပါဝင်တဲ့အစိတ် အပိုင်းတခုဖြစ်ပါတယ်။ ဆင်းရဲ့နွမ်းပါးမှုပပျောက်ရေးဖြစ်စေ၊ ပညာမတတ်မှုတိုက်ဖျက်ရေး၊ ရောဂါဝေဒနာ၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဝါဒ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးပြဿနာသို့မဟုတ် ရာသီဥတုပြောင်းလဲမှုနဲ့ တိုးများလာနေတဲ့ ပါဝင်ကျင်ညစ်ညမ်းမှုဖြေရှင်းရေးတို့အတွက် နည်းလမ်းရှာဖွေမှုတွေမှာ အထက်လွှတ်တော်ရဲ့ ထူးကဲလှတဲ့ အခန်းကဏ္ဍကို အထင်သေးလို့မရပါဘူး။
မကြာသေးမှီသောအတိတ်ကာလမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအခွန်၊ Talaq သုံးကြိမ်ဆို၍ လင်မယားကွာရှင်းမှု၊ ဇါတ်မြင့်သူထံမှ စီးပွားရေးအရ ချို့တဲ့သူလူတန်းစားတို့အတွက် ၁၀% သီးသန့်ခွဲတမ်းချထားမှုနဲ့ ပုဒ်မ ၃၇၀ ကို ပယ်ချခြင်းတို့အား အထက်လွှတ်တော်ကခွင့်ပြုခဲ့ပါတယ်။ ပုဒ်မ ၃၇၀ နဲ့ ပါတ်သက်ပြီးဝန်ကြီးချုပ် Mr Modi ရဲ့ ထုတ်ပြန်ချက်မှာ အထက်လွှတ်တော်ရဲ့ သက်ရောက်မှုကို ဖေါ်ပြထားပါတယ်။ Mr Modi က Jammu နဲ့ Kashmir ပြည်နယ်အတွက် အထူးအကျိုးခံစားခွင့်ပြုသော ပုဒ်မ ၃၇၀ ကို အထက်လွှတ်တော်ရဲ့ ပထမဦးဆောင်ခေါင်းဆောင်က Mr N Gopalaswami Ayyangar က ပြဋ္ဌာန်းခဲ့ဒါဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာညောင်းပြီးတဲ့နောက် အဲဒီအထက်လွှတ်တော်ကဘဲ အဆိုပါပုဒ်မ ၃၇၀ ကို ဖျက်ဆီးမိခဲ့တယ်လို့ တင်ပြပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အထက်လွှတ်တော်မှာ နောက်ထပ်အောင်မြင်မှုတခုဆက်နွယ်လျှက်ရှိပါတယ်။ အထက်လွှတ်တော်မှာ လူတန်းစားအသီးသီးက အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားတွေပါဝင်လာကြပါတယ်။ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဖခင်ဖြစ်သူ Dr. Bhimrao Ambedkar ကလည်း နှစ်ကြိမ်တိုင်တိုင် အထက်လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် အကြိမ် ၂၀၀ ပြည့် ပါလီမန်လွှတ်တော်အစည်းအဝေးပိုင်း အထိမ်းအမှတ်နေ့မှာ ဝန်ကြီးချုပ်ဟောင်း Mr Atal Bihari Vajpayee က “မည်သူတဦးတယောက်ကမျှ ကျွန်ုပ်တို့ရဲ့ ဒုတိယလွှတ်တော်အား ဒုတိယအဆင့်လွှတ်တော်အဖြစ် ယူဆဆက်ဆံတဲ့အမှားကို မကျူးလွန်သင့်ပါဘူး။ အမှန်တကယ်တော့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေ၊ အနုပညာရှင်တွေ၊ တက္ကသိုလ်ပါမောက္ခတွေနဲ့ တခြားသူတွေအပါအဝင် ပညာတတ်ပုဂ္ဂိုလ်တွေပါဝင်တဲ့ အထက်လွှတ်တော်မှာ နိုင်ငံတော်ရဲ့ ကြွယ်ဝတဲ့ ဒီမိုကရေစီစိတ်ဓါတ်ရှင်သန်တက်ကြွရုံသာမက နိုင်ငံတော်ရဲ့ အရေးပါတဲ့ အေဂျင်ဒါတွေကိုလည်း တိုးတက်စေတယ်” လို့ ပြောကြားခဲ့ဒါကို ထောက်ပြပြောဆိုခဲ့ပါတယ်။
အိန္ဒိယပါလီမန်လွှတ်တော်ရဲ့ အထက်လွှတ်တော် Rajya Sabha ဟာ ကမ္ဘာတဝှမ်း၊ ဥပဒေပြုလွှတ်တော်နှစ်ရပ်စံနစ်ကို ဆက်လက်ကျင့်သုံးနေကြပြီး သက်ကြီးသူတွေပါဝင်တဲ့ လွှတ်တော်ဟာ အစဉ်အမြဲ မေးခွန်းထုတ်မှုတွေခံနေရတဲ့အချိန်မှာ ဦးမော့လာခဲ့တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ ဒါကြောင့် Rajya Sabha ရဲ့ အမွေအနှစ်ဟာ ကျွန်ုပ်တို့အား အိန္ဒိယနိုင်ငံသားတွေအဖြစ် ဂုဏ်ယူဘို့ ဖန်တီးခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment