ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်တွင်း လုပ်ငန်းဆောင်တာများ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်တွင်း လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ အထက်လွှတ်တော်ရဲ့ အကြိမ် ၂၅၀ မြောက် အစည်းအဝေးကျင်းပမှုနှင့်အတူ တနင်္လာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ၃ ပတ်ကြာမြင့်မယ့် အစည်းအဝေးကာလရဲ့ အဓိက ဦးစားပေးချက်ဖြစ်ပါတယ်။ အခမ်းအနားသို့ အမှာစကား ပြောကြားရာမှာ ပါလီမန် လွှတ်တော်အမတ်တွေအနေနှင့် ပြည်သူလူထုအခြေခံ အရေးကိစ္စတွေကို မီးမောင်းထိုးပြဖို့ အဟန့်အတားတွေနှင့်ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုကို ပိုမိုနှစ်သက်သင့်ကြောင်းဖော်ပြလျှက် နိုင်ငံတော် ဦးတည်ချက်နှင့် ဒေသဆိုင်ရာ အကျိုးတရားများအကြား လိုက်လျောညီထွေရှိစေဖို့အတွက် ဝန်ကြီးချုပ် Mr. Narendra Modi က ၎င်းတို့ကို တောင်းဆိုဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီစနစ် ၁ ခုမှာ ဘက်မျှမှုရှိစေဖို့အတွက် အထက်လွှတ်တော် ထားရှိဖို့ မဖြစ်မနေလိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အရောင်အသွေး ကွဲပြားစုံလင်မှုတွေနှင့် အိန္ဒိယနိုင်ငံရဲ့ စည်းလုံးညီညွတ်မှုတို့ဟာ အထက်လွှတ်တော်အတွင်းမှာ လှလှပပ ထင်ဟပ်နေတယ်လို့ Mr. Modi က ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးရာတွေမှာ လွှတ်တော်ရဲ့ အခမ်းကဏ္ဍနှင့် ပြုပြင်မွမ်းမံဖို့ လိုအပ်ချက်တို့အကြောင်းဖော်ပြရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲခဲ့ကြတဲ့ နိုင်ငံဖခင်ကြီးတွေဟာ ပါလီမန် အဖွဲ့ ၂ ဖွဲ့ထားရှိရေး လုပ်ငန်းဘောင်တရပ်ကို မျှော်မှန်းခဲ့ကြပြီး ဒီသဘောတရားဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီစနစ်ကို တိုးတက်အားကောင်းစေခဲ့ကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လုပ်ဆောင်ကြဖို့ ရွေးကောက်ပွဲ နိုင်ငံရေးရာတွေကနေ ကင်းကွာနေသူတွေအတွက် အခွင့်အလမ်းတရပ် ပေးအပ်ထားကြောင်းလည်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ပြည်နယ်များ ကောင်စီအဖွဲ့ဟာ လွှတ်တော်အမတ်တွေကို ပူးပေါင်းလုပ်ဆောင်မှုရှိတဲ့ ဖက်ဒရယ်စနစ် သဘောသဘာဝအသွင် ပိုမိုအခွင့်ပေးနေကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စရပ်မှာ အထက်လွှတ်တော်ဟာ တနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးထောက်ပံ့မှုအဖြစ် ဆက်လက်တည်ရှိနေရမယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။
အထက်လွှတ်တော်သို့ စာဖြင့် ရေးသားဖြေကြားချက်တရပ်မှာ ပြည်ထဲရေး ဒုဝန်ကြီး G. Kishan Reddy ကတော့ Jammu နှင့် Kashmir ဒေသအစိုးရဟာ လွန်ခဲ့တဲ့ ၆ လအတွင်း Jammu နှင့် Kashmir ဒေသကို လာရောက်ခဲ့ကြတဲ့ နိုင်ငံခြားသား ခရီးသွား ၁၃၀၀၀ တို့အပါအဝင် စုစုပေါင်း ခရီးသွား ၃၅ သိန်းရှိတယ်လို့ အသိပေး ဖော်ပြခဲ့ပြီး ပြည်နယ်အစိုးရဟာ အဲဒီကာလအတွင်း ခရီးသွားလာရေး လုပ်ငန်းကတဆင့် ဝင်ငွေစုစုပေါင်း ရူပီး ၂၅ ကုဋေရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အခြေခံဥပဒေဟာ နိုင်ငံရဲ့ ဘာသာစကားအားလုံးတို့အတွက် တန်းတူအရေးပါမှု ပေးအပ်ထားကြောင်းဖော်ပြလျှက် အစိုးရဟာ ၁ နိုင်ငံ-ဘာသာစကား ၁ မျိုးထားရှိရေး အဆိုတင်သွင်းချက်ကိုမဆို ပယ်ချတယ်လို့လည်း အဆိုပါ ဒုဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
Jammu နှင့် Kashmir ဒေသအတွင်း အခြေအနေတို့ဟာ ပကတိ ပုံမှန်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပီး တင်းကျပ်မှုတွေကိုလည်း စုစုပေါင်း ရဲစခန်းဌာန ၁၉၅ နေရာစလုံးတို့မှ ရုပ်သိမ်းထားပြီးဖြစ်ကြောင်း ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က ဖော်ပြခဲ့ပါတယ်။ အဲဒီဒေသအတွင်း လုံခြုံရေး အခြေအနေတွေကို တွက်ချက်ပြီးတဲ့နောက် ပြည်နယ် အာဏာပိုင်တွေရဲ့ အကြံပြုချက်အရ သင့်လျောတဲ့အချိန်မှာ အင်တာနက် ဝန်ဆောင်ရေး ပြန်လည်ပေးအပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
တရုပ်နိုင်ငံရဲ့ စင်္ကြံတခု လမ်းတခုစီမံကိန်းနှင့်ပတ်သက်ပြီး အစိုးရရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သားပြီး ပုံသေဖြစ်တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး Mr. V Muraleedharan က ဖော်ပြခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အစပျိုးချက်တွေကို နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းတွေအပေါ် အခြေခံရမယ်ဆိုတဲ့အချက်ကို အိန္ဒိယနိုင်ငံက အခိုင်အမာ ယုံကြည်လက်ခံထားကြောင်းလည်း ၎င်းကဖော်ပြခဲ့ပါတယ်။
အောက်လွှတ်တော်မှာတော့ နိုင်ငံရဲ့မြို့တော်အတွင်း လေထုညစ်ညမ်းမှု အရေးကိစ္စအပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စရပ်ဟာ အလွန်အရေးကြီးပြီး နိုင်ငံရေးမပါဘဲ အစောလျင်ဆုံး ဖြေရှင်းဖို့လိုအပ်ချက်ကို ပါတီအသီးသီးတို့မှ အဖွဲ့ဝင်တွေက ဖော်ပြခဲ့ကြပါတယ်။ အမတ်တွေဟာ ရိုးပြတ် မီးရှို့မှုတွေ လျော့ပါးဖို့အတွက် တောင်သူလယ်သမားတွေကို စီးပွားရေးအရ အခွင့်အာဏာ ပေးအပ်ရေးနှင့် လေထု သန့်စင်ရေး တာဝါတိုင်တွေ စိုက်ထူဖို့အတွက် ဝန်ကြီးချုပ်ရဲ့ MPLAD ရံပုံငွေ အသီးသီးတို့ထံကနေ ရူပီး ၂ ကုဋေ ပေးအပ်လှူဒါန်းရေးတို့လို ပြဿနာဖြေရှင်းဖို့ အကြံပြုချက်တွေကို ပေးအပ်ခဲ့ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment