“ဗြိတိန်နိုင်ငံမှာ ရုတ်တရက်ပေါ်ပေါက်သောရွေးကောက်ပွဲများနဲ့ပါတ်သက်တဲ့ သုံးသပ်လေ့လာမှုတခု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပအရေးကိစ္စများ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗြိတိန်နိုင်ငံမှာ ရုတ်တရက်ပေါ်ပေါက်သောရွေးကောက်ပွဲများနဲ့ပါတ်သက်တဲ့ သုံးသပ်လေ့လာမှုတခု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။


ဗြိတိသျှဝန်ကြီးချုပ် Mr Boris Johnson ဟာ သူ့ရဲ့ Brexit အစီအစဉ်ကို အကောက်အထည်ဖော်ဘို့ရာ ပါလီမန်လွှတ်တော်မှာ အမတ်ဦးရေအများစုတို့အား ရယူနိုင်ရန် ကြိုးပမ်းမှုတခုအဖြစ် စောလျင်စွာ ရွေးကောက်ပွဲတွေကို လာမဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာကျင်းပဘို့ ကြေငြာလိုက်ပြီး၊ ဒီရွေးကောက်ပွဲတွေဟာ (၅) နှစ်အတွင်း စတုတ္ထအကြိမ်ကျင်းပခြင်းဖြစ်ပါလိမ့်မယ်။ ဝန်ကြီးချုပ်ဟာ ယခုလိုပြုလုပ်ရဒါက လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက Brexit သဘောဆန္ဒကောက်ယူပြီးတဲ့နောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးလိပ်ခဲတင်းလင်းဖြစ်မှုတွေအား ရှင်းလင်းဘို့ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နောက်ဆုံး ရုတ်တရက်ရွေးကောက်ပွဲတွေကို ၂၀၁၇ ခုနှစ်မှာ အဲဒီအချိန်က ဝန်ကြီးချုပ် Ms Theresa May ကျင်းပစေခဲ့ဒါဖြစ်ပေမဲ့ အာဏာမှာ ဆက်လက်တည်ရှိဘို့အတွက် Democratic Unionist Party (DUP) ရဲ့ ထောက်ခံမှုကို ရယူခဲ့တဲ့ Conservative Party ဟာ ဗြိတိသျှပါလီမန်လွှတ်တော်မှာ လိုအပ်တဲ့အမတ်ဦးရေအများစု မရရှိနိုင် ဖြစ်ခဲ့ရပါတယ်။

အထွေထွေရွေးကောက်ပွဲပြီးအတွက် မဲဆွယ်မှုတွေဟာ တတိယအပါတ်ထဲ ဝင်ရောက်နေပြီးဖြစ်တဲ့အလျောက် ကြိုတင်သဘောထားဆန်းစစ်မှုတွေမှာ Conservatives ပါတီက Labour Party ထက် (၁၉) မှတ်အသာနဲ့ ဦးဆောင်နေဒါကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Conservatives ပါတီဟာ မဲအရေအတွက်စုစုပေါင်း ၄၇% ရရှိထားပြီး၊ Labour Party က ၂၈% Liberal Democrats ပါတီက ၁၂% ရရှိထားကာ၊ Brexit Party က ၃% သို့ ကျဆင်းသွားခဲ့ပါတယ်။ ယခုလိုအရေးကြီးတဲ့အချိန်မှာ အဓိကပါတီကြီးတွေရဲ့ ရွေးကောက်ပွဲကိုအကြမ်းအားဖြင့် လေ့လာသုံးသပ်တဲ့အခါ Brexit အရေးကိစ္စဟာ ဆက်လက်တည်ရှိနေဒါကို တွေ့မြင်ရဒါကို သံသယဖြစ်စရာမရှိပါဘူး။ Conservatives ပါတီက သူတို့ရဲ့မဲဆွယ်မှုတွေမှာ လာမဲ့နှစ် ဇန်နဝါရီလကုန်လောက်ပြီးပြတ်စေလိုကြတဲ့ Brexit အရေးကိစ္စကို ဗဟိုပြုထားကြပါတယ်။ အဲဒီပါတီက Brexit အရေးကိစ္စကို ပြီးပြတ်စေမှသာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ NHS ၊ ကျောင်းတွေနဲ့ ရဲတပ်ဖွဲ့တွေအပေါ် ရင်းနှီးမြှပ်နှံနိုင်ကြလိမ့်မယ်လို့ ဖေါ်ပြနေပါတယ်။

မကြာသေးမှီလေးက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းမှာ Labour Party ခေါင်းဆောင် Mr Jeremy Corbyn က သူ့ရဲ့ပါတီဟာ (၆) လအတွင်း Brexit အရေးကိစ္စကို ဖြေရှင်းပြီး ပြည်သူတို့ကို နောက်ဆုံးရလဒ်ကိုရရှိစေလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒီပါတီရဲ့သဘောတူညီချက်သစ်မှာ အမြဲတမ်းဖြစ်ပြီး၊ ဘက်စုံပါဝင်တဲ့ ဗြိတိန်တဝှမ်း အကောက်ခွန်သမဂ္ဂနဲ့ တခုတည်းသောဈေးကွက်နဲ့ နီးကပ်စွာ စေ့စပ်ပေါင်းစည်းမှုလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ တခြားတဖက်မှာ Mr Corbyn ဟာ အကယ်၍သာ သူ့ရဲ့ပါတီ အနိုင်ရရှိမယ်ဆိုရင် ၎င်းအနေနဲ့ “ထွက်ခွာရေး သို့မဟုတ် ဆက်လက်တည်ရှိနေရေး” အတွက် မဲဆွယ်လိမ့်မယ်မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ယခုလိုကြားနေရပ်တည်ချက်ဟာ Mr Corbyn ကို နောက်ပြန်ဘက်ကန်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဗြိတိသျှပြည်သူအများစုတို့ဟာ နိုင်ငံရဲ့ နှေးကွေးတွန့်ဆုတ်နေတဲ့ နိုင်ငံရေးအား ဖြေရှင်းနိုင်ပြီး၊ ၎င်းတို့ရဲ့လူမှုစီးပွားရေးဘဝမှာ သေချာတည်မြဲမှုတခု ဖန်တီးနိုင်တဲ့ခေါင်းဆောင်တဦးကို လိုလားကြလို့ဘဲဖြစ်ပါတယ်။ တခြားတဖက်မှာ Liberal Democrats ပါတီဟာ ပုဒ်မ ၅၀ ကို ဖျက်သိမ်းဘို့ သန္နိဋ္ဌာန်ပြုပြီး၊ အကယ်၍သာ သူတို့ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂမှာ ဆက်လက်တည်ရှိစေလိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။ The Brexit Party ကတော့ သန့်စင်သော Brexit ဖြစ်လာရေးကို အာရုံပြုနေပြီး၊ Conservative Party အား သဘောတူညီချက်တခုကို စီမံဘို့ တောင်းဆိုနေပါတယ်။

ဒီအတောအတွင်း လုံးဝခြားနားတဲ့ဖြစ်ရပ်တခုအဖြစ် Labour Party ဟာ ဗြိတိသျှရွေးကောက်ပွဲတွေမှာ မလိုအပ်ဘဲ အိန္ဒိယနိုင်ငံကို ဆွဲသွင်းလိုက်ပါတယ်။ ဖေါ်ပြဘို့လိုအပ်ဒါကတော့ Labour ပါတီဝင်တွေဟာ စက်တင်ဘာလကကျင်းပခဲ့တဲ့ ပါတီရဲ့ညီလာခံတခုမှာ “Kashmir ပြည်နယ်မှာ လူမှုရေးဆိုင်ရာပြဿနာတွေရှိနေတယ်” လို့ ဖေါ်ပြခဲ့ကြပြီး၊ Kashmir ပြည်နယ်သူ ပြည်နယ်သားတွေကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ ပေးကမ်းရလိမ့်မယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။ ဒီအချက်ဟာ အမှန်တကယ်နဲ့ ဝေးကွာပြီး၊ ယုတ္တိမရှိဒါဘဲဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းပြောင်းလဲမှုတွေပြုလုပ်ပိုင်ခွင့်ရှိနေပါတယ်။ ပုဒ်မ ၃၇၀ အား ဖျက်သိမ်းခြင်းကို အိန္ဒိယနိုင်ငံအတွင်းနဲ့ ပြည်ပမှလည်း ထောက်ခံမှုတွေရရှိခဲ့ပါတယ်။ Kashmir ပြည်နယ်လို အရေးကိစ္စက ဗြိတိန်နိုင်ငံရဲ့ မဲဆန္ဒပေးမှုမှာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အကြောင်းရင်းတခုဖြစ်နေတဲ့အလျောက် ရွေးကောက်ပွဲမတိုင်မှီ တင်းမာမှုတွေ ပေါ်ပေါက်စေနိုင်ပါတယ်။

အကယ်၍သာ ဒီရွေးကောက်ပွဲကြီးဟာ ၎င်းရဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးနဲ့ပါတ်သက်ပြီး ဖြေရှင်းချက်အတွက် အဆုံးသတ်မှုတခု မပေးဆောင်နိုင်ဘူးဆိုရင်တော့ ဗြိတိန်နိုင်ငံရဲ့အနာဂါတ်ဟာ အမှန်တရားမှ ဝေးကွာနေဦးမယ်သာဖြစ်ပါတယ်။ ယခုအချိန်ကာလဟာ အလွန်အရေးကြီးလှပြီး၊ Brexit လိပ်ခဲတင်းလင်းဖြစ်နေမှုက မသေမချာမရေရာမှုတွေက လာမဲ့နှစ်တွေမှာလည်း ဆက်လက်တည်ရှိနေမှာဖြစ်ပြီး၊ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို ရပ်တံ့သွားစေမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Mr Johnson ဟာ ရုတ်တရက်စောလျင်စွာ ရွေးကောက်ပွဲကျင်းပဘို့ စွန့်စားလိုက်ပြိး၊ ဘဏ္ဍာရေးဝန်ကြီး Mr Rishi Sunak ရဲ့ Brexit နဲ့ပါတ်သက်ပြီး သဘောတူညီမှုမပြုဘို့အတွက် ပြင်ဆင်မှုတွေကလည်း အကယ်၍သာ Conservatives က အနိုင်ရရှိမယ်ဆိုရင် ဆက်လက်ရှိနေမယ်သာဖြစ်ပြီး ဝန်ကြီးချုပ်ကို ခက်ရာခက်ဆစ်တွေနဲ့ ရင်ဆိုင်စေလိမ့်မယ်ဖြစ်ပါတယ်။ ဒါ့အပြင် ဗြိတိသျှဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ဆွေးနွေးပွဲတွေကို ၂၀၂၀ ခု ဒီဇင်ဘာလထက်ကျော်လွန်ပြီး၊ တိုးချဲ့ရေးကို ပယ်ချရေးက အကျုံးဝင်ကာ၊ Mr Johnson အား EU က ကမ်းလှမ်းတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို လက်ခံဘို့ သို့မဟုတ် သဘောတူညီချက်တစုံတခုမှမရှိဘဲ ဗြိတိန်နိုင်ငံအား နုတ်ထွက်မှုကိုလက်ခံဘို့ အကြပ်ကိုင်လိမ့်မယ်ဖြစ်ပါတယ်။ ဗြိတိသျှပါလီမန်လွှတ်တော်မှာ Brexit ရဲ့ ဘယ်လိုရလဒ်အတွက်မဆို အများသဘောတူလက်ခံချက်မရရှိ ဆိုတဲ့ အဓိကအတားအဆီးဟာ ခိုင်မာတဲ့ဆုံးဖြတ်ချက်မချမှတ်မှိ လွှမ်းမိုးနိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”