“အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံအား CPEC နှင့်ပတ်သက်၍ သတိပေးလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တရုတ်နိုင်ငံရေးရာ ဆန်းစစ်လေ့လာသူဆောင်းပါးရှင် SANA HASHMI ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံအား CPEC နှင့်ပတ်သက်၍ သတိပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) ကို ဖွင့်လှစ်ခဲ့တဲ့အချိန်ကစပြီး၊ အထူးသဖြင့် China-Pakistan Economic Corridor (CPEC) ခေါ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ဟာ ဒေသပိုင်းအတွင်းက စည်းမျဉ်းဥပဒေ အခြေခံအမိန့်တွေနဲ့ပါတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်ပေါက်စေတဲ့အပြင် အိန္ဒိယနိုင်ငံအတွင်းမှာလည်း အိန္ဒိယနိုင်ငံရဲ့ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်နဲ့ပါတ်သက်ပြီးလည်း စိုးရိမ်ကြောင့်ကြမှုတွေကို ဖန်တီးလျှက်ရှိနေပါတယ်။ မူဝါဒနဲ့ကိုက်ညီပြီး၊ ခိုင်မာတဲ့ရပ်တည်ချက်တခုအနေနဲ့ အိန္ဒိယနိုင်ငံဟာ CPEC ကို ဆန့်ကျင်ခဲ့ပါတယ်။ အမှန်တကယ်ဆိုရရင် အိန္ဒိယနိုင်ငံဟာ BRI ကို ဆန့်ကျင်တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပြီး၊ တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အရင်က Belt and Road Forums အစည်းအဝေးနှစ်ခုသို့ ကိုယ်စားလှယ်တွေစေလွှတ်ခြင်းမပြုခဲ့တဲ့ တခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။ BRI နဲ့ ပါတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တည်တံ့နေပါတယ်။ အိန္ဒိယနိုင်ငံဟာ BRI ရဲ့ ရှေ့ပြေးပရိုဂျက်ဖြစ်တဲ့ CPEC ဟာ ပါကစ္စတန်တို့သိမ်းပိုက်ထားတဲ့ Kashmir အရပ်ဒေသ (PoK) ထဲ ဖြတ်ကျော်သွားဒါမို့ လက်မခံနိုင်ဒါကို ထုတ်ဖေါ်လျှက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တရားဝင်ရပ်တည်ချက်က “CPEC ကို ထည့်သွင်းခြင်းမှာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်နဲ့ နယ်နိမိတ်ပေါင်းစည်းမှုအပေါ် အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လေးစားအာရုံပြုခြင်းကင်းမဲ့နေတယ်” ဆိုဒါဘဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတခုတည်းသာမဟုတ်ဘဲ တခြားနိုင်ငံများစွာတို့ကလည်း BRI နဲ့ပါတ်သက်ပြီး၊ အထူးသဖြင့် CPEC တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အပေါ် ကြေနပ်မှုမရှိကြောင်း ဖေါ်ပြခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက အဆိုပါစင်္ကြန်နဲ့ပါတ်သက်ပြီး မကြေမနပ်မှုကို ဖေါ်ပြခဲ့ပါတယ်။ တောင်နဲ့ ဗဟိုအာရှဒေသအရေးကိစ္စများဆိုင်ရာ အမေရိကန်ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms Alice Wells က Washington မြို့မှာ CPEC နှင့်ပါတ်သက်ပြီး သူမရဲ့မှတ်ချက်တွေကို Washington DC အခြေစိုက် Woodrow Wilson International Centre for Scholars ဗဟိုဌာနမှာ ထုတ်ဖေါ်ပြောကြားတဲ့အခါ “အိန္ဒိယနိုင်ငံဟာ ဒီစီမံကိန်းပေါ်ပေါက်လာတဲ့အချိန်ကတည်းက BRI ရဲ့ ပထဝီရေးရာ နိုင်ငံရေးရဲ့ သဘာဝအချက်အလက်တွေကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ခဲ့ကြပါတယ်။ ကျွန်ုပ်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုဖြစ်တဲ့ BRI မှာ စီးပွားရေးအခြေခံတစုံတခုမျှမရှိဘဲ၊ ပါဝင်တဲ့နိုင်ငံတွေကို စိုးမိုးအုပ်ချုပ်ပိုင်ခွင့်အာဏာကို နစ်နာစေခြင်းသာဖြစ်တယ် ဆိုတဲ့အား အတူတကွထောက်ခံလျှက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ms Wells ရဲ့ မှတ်ချက်ဟာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ အင်ဒို-အမေရိကန်ပြည်ထောင်စု ဖက်စပ်လုပ်ကိုင်မှုရဲ့ အလားအလာတွေကို ခွဲခြမ်းစိတ်ဖြာဖေါ်ပြခြင်းလည်း ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းက ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ အမေရိကန်ပြည်ထောင်စုသို့ခရီးစဉ်နဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ရဲ့ အမေရိကန်တို့ရဲ့ နည်းဗျူဟာကျ အသိုင်းအဝိုင်းသို့ သွားရောက်လည်ပါတ်ခဲ့ဒါကလည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေမှာ အရေးပါတဲ့ အပြုသဘောဆောင် အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး၊ မိမိတို့တဦးတယောက်ရဲ့ စိတ်ဝင်စားမှုနဲ့ မျှော်လင့်ချက်တွေနဲ့ ဆက်ဆံရေးများရဲ့ လမ်းဆုံမှာ အနာဂါတ်အရေးယူဆောင်ရွက်မှုတွေအား သိရှိနားလည်စေခဲ့ကြပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ကြီးထွားလာနေတဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်သူတွေအဖြစ် ဆက်ဆံရေးဟာ အမေရိကန်ပြည်ထောင်စု ပေါ်လစီရေးဆွဲကြသူတို့အား တရုတ်-ပါကစ္စတန် ဝင်ရိုးတန်းကြောင့် အိန္ဒိယနိုင်ငံက ရင်ဆိုင်နေရတဲ့ ဝမ်းနည်းဖွယ်ရာ စိုးရိမ်ကြောင့်ကြမှုတွေကို နားလည်ကြပါတယ်။ ယာယီ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ တခြားမှတ်ချက်တခုဟာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးအပေါ် CPEC ရဲ့ ဖြစ်နိုင်တဲ့အန္တရာယ်နဲ့ ဒီစင်္ကြန်ရဲ့ ပါကစ္စတန်နိုင်ငံအတွက် ရေရှည်အကျိုးဆုတ်ယုတ်နိုင်ဒါတွေကို မီးမောင်းထိုးပြသခဲ့ဒါဘဲဖြစ်ပါတယ်။ Ms Wells ဟာ BRI ဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမဲ့ ပရိုဂျက်မဟုတ်ဘဲ တရုတ်နိုင်ငံတခုတည်းကိုသာ အစွန်းအမြတ်ရရှိစေလိမ့်မယ်လို့ ပြတ်သားစွာ ဖေါ်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးဟာ ၃.၃% ကြီးထွားလာခဲ့ပြီး၊ ၎င်းရဲ့ ၂၀၂၀ ခုနှစ်အတွက် မျှော်လင့်ရတဲ့ ကြီးထွားမှုနှုန်းက ၂.၈% သာ ရှိနေပါတယ်။
CPEC ဟာ ဒေါ်လာဘီလီယံပေါင်းများစွာပါဝင်တဲ့ ပရိုဂျက်တခုဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံရဲ့ ပြည်ပအကြွေးအမှီကို မြင့်တက်စေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ ပြည်ပအကြွေးအမှီဟာ အမေရိကန်ဒေါ်လာပေါင်း ၁၀၅ ဘီလီယံသာရှိခဲ့ပြီး၊ GDP က အဲဒီနှစ်မှာဘဲ ဒေါ်လာ ၃၁၂ ဘီလီယံ ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မေလအတွင်း ပါကစ္စတန်နိုင်ငံဟာ စီးပွားရေးကို တည်တံ့စေဘို့အတွက် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ထံမှ အမေရိကန်ဒေါ်လာပေါင်း ၆ ဘီလီယံရှိတဲ့ ကူညီထောက်ပံ့မှုစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် CPEC နဲ့ BRI ပရိုဂျက်တွေအတွက် Saudi Arabia လို တခြားနိုင်ငံတွေဆီက ထောက်ပံ့ငွေတွေ တောင်းဆိုခဲ့ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်အရာရှိတွေက CPEC နဲ့ပါတ်သက်တဲ့ Ms Wells ရဲ့ ဝေဖန်ချက်ကို ပြင်းထန်စွာ ရှုတ်ချတုန့်ပြန်ခဲ့ကြပြီး လှည့်စားမှုတခုသာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီပရိုဂျက်ဟာ ပါကစ္စတန်နိုင်ငံအတွက် တာရှည်ခံနိုင်မှုမရှိနိုင်ဒါကို သက်သေပြနိုင်နေပြီး၊ အဲဒီနိုင်ငံရဲ့စီးပွားရေးကလည်း ယခုကတည်းက ရှုပ်ထွေးပွေလီဖြစ်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် SANA HASHMI ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment