“အိန္ဒိယ-ဘူတန် ဆက်ဆံရေးများက ထပ်လောင်းကြီးထွားလာရေးအတွက် အသင့်ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA မှ သုတေသီ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဘူတန် ဆက်ဆံရေးများက ထပ်လောင်းကြီးထွားလာရေးအတွက် အသင့်ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ဘူတန်နိုင်ငံခြားရေးဝန်ကြီး Dr. Lyonpo Tandi Dorji ရဲ့ တပတ်ကြာ အိန္ဒိယနိုင်ငံသို့ခရီးစဉ်ဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုတွေအတွက် အနည်းဆုံးဖြစ်ရမဲ့ အမှတ်အသားသစ်တခု တီထွင်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ Dr. Dorji က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ တွေ့ဆုံခဲ့ပြီး အင်ဒို-ဘူတန်ဆက်ဆံရေးများ အပြည့်အစုံတို့ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ နှစ်ဖက်စလုံးတို့ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး၊ ဖက်စပ်လုပ်ကိုင်ရေးနဲ့ Hydro Power ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အရေးကိစ္စအမြောက်အများတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့မတွေ့ဆုံမှီ Dr. Dorji ဟာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Mr Vijay Gokhale နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ Delhi မြို့ကို လာရောက်လည်ပတ်ပြီးတဲ့နောက် ဘူတန်နိုင်ငံခြားရေးဝန်ကြီးဟာ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာနဲ့ Rajgir မြို့တွေကို သွားရောက်လည်ပါတ်ခဲ့ပါလိမ့်မယ် အဲဒီမြို့တွေကနေပြီး ဘူတန်နိုင်ငံခြားရေးဝန်ကြီးက Kolkata မြို့ကိုသွားရောက်ပြီး၊ သူဟာ အနောက်ဘင်္ဂလားပြည်နယ်အုပ်ချုပ်ရေးအရာရှိချုပ်နဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Dr. Lyonpo Tandi Dorji ရဲ့ အလည်အပါတ်ခရီးစဉ်ဟာ တည်ရှိနေတဲ့ ပုံမှန်အလည်အပတ်သွားလာခြင်း ထုံးတမ်းအစဉ်အလာတွေကို ထိန်းသိမ်းထားခြင်းနဲ့ နှစ်နိုင်ငံတို့အကြား ဆက်ဆံရေးတွေကို အမြင့်ဆုံးအဆင့်မှာ အချင်းချင်းဖလှယ်ကြဘို့ စိတ်ထက်သန်တာကို ဆက်လက်ထိန်းသိမ်းထားဘို့ဘဲဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ဟာ ဝန်ကြီးချုပ် Mr Lotay Tshering ဦးဆောင်တဲ့ Druk Nyamrup Tshogpa (DNT) ပါတီဟာ အာဏာရအုပ်ချုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ သက်တမ်းတနှစ်ပြည့်ပြီးတဲ့နောက် ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ Mr Tshering ရဲ့အစိုးရဟာ ဖွံ့ဖြိုးရေးပရိုဂျက်တွေအတွက် ရံပုံငွေရှာဖွေရာမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအား ဘူတန် Nu ငွေ (၃.၅) ဘီလီယံသာ ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရဲ့ ၁၂ ကြိမ်မြောက် စီမံကိန်းအတွက် Nu ငွေ (၁၃) ဘီလီယံခန့် လိုအပ်ခဲ့ပါတယ်။ ဘူတန်အစိုးရဟာ နိုင်ငံခြားအကြွေးအမှီ မြင့်တက်လာမှု၊ ကုန်သွယ်ရေးကွာဟမှု၊ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI) နှေးကွေးလာခြင်းနဲ့ ဝင်ငွေများ အတက်အကျဖြစ်နေခြင်း စတဲ့ပြဿနာတွေကို စီးပွားရေးပြန်လည်ပြုပြင်ပြောင်းလဲသည့်တိုင် ရင်ဆိုင်ရလျှက်ရှိနေပါတယ်။

Thimphu အစိုးရရဲ့ခံစားချက်မှာ အနှုတ်လက္ခဏာပြနေတဲ့ Macro စီးပွားရေးအချက်ပြမှုတွေဟာ အိန္ဒိယစီးပွားရေးမှ နှေးကွေးမှုတွေနဲ့ စေ့စပ်လျှက်ရှိနေတယ်လို့ ယူဆကြပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတို့အကြား အဆင့်မြင့်အလည်အပါတ်ခရီးစဉ်ဖလှယ်မှုအပေါ် ရောင်ပြန်ဟပ်လျှက်ရှိပါတယ်။ နောက်ပြီး၊ အဆိုပါခရီးစဉ်ဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ Thimphu မြို့ကို အလည်အပါတ်ခရီးစဉ်နောက်ပိုင်း ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ စောစောပိုင်းက Dr. Jaishankar ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးတဲ့နောက် အိမ်နီးချင်းပထမပေါ်လစီမူဝါဒအရ Bhutan နိုင်ငံကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ အမှန်တကယ်တော့ အဲဒီခရီးစဉ်ဟာ Dr. Jaishankar ရဲ့ ပထမဦးဆုံးသော နိုင်ငံခြားသို့ခရီးစဉ်ဖြစ်ပါတယ်။ စောစောပိုင်းက ဘူတန်ဝန်ကြီးချုပ် Mr Lotay Tshering ဟာသူရဲ့ ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံကို လာရောက်လည်ပါတ်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဘူတန်နဲ့ အိန္ဒိယသမ္မတနိုင်ငံတို့အကြား သံတမန်ရေးရာဆက်ဆံမှုတွေအား သက္ကရာဇ် ၁၉၆၈ ခုနှစ်မှာ တည်ထောင်ခဲ့ကြပြီး၊ ဒီဆက်ဆံရေးဟာ အပြန်အလှန်ယုံကြည်အားကိုးမှု၊ နားလည်သဘောပေါက်မှုနဲ့ ရင့်ကျက်မှုတို့နဲ့အတူ တောင်အာရှဒေသပိုင်းမှာ အောင်မြင်ဆုံးအိမ်နီးချင်းဇာတ်လမ်းအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်က ချုပ်ဆိုခဲ့ပြီး၊ ၂၀၀၇ ခုနှစ်ဖေဖေါ်ဝါရီလမှာ ပြန်လည်သုံးသပ်မွမ်းမံခဲ့တဲ့ India-Bhutan Friendship and Cooperation သဘောတူစာချုပ်ဟာ ဒီဆက်ဆံမှုရဲ့ တိုင်လုံးကြီးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီစာချုပ်ဟာ အတားအဆီးမရှိသောနယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်သူတို့အချင်းချင်းဆက်ဆံရေး စတဲ့ အရေးပါတဲ့ စီမံမှုတွေအား ပေးကမ်းခဲ့ပါတယ်။ ဒီအတောအတွင်း ဘူတန်နိုင်ငံဟာ လက်ရှိကာလမှာ ပြည်ဝင်ခ ကင်းလွှတ်ခွင့် ရရှိထားကြတဲ့ အိန္ဒိယနိုင်ငံမှ ခရီးလှည့်လည်သွားလာကြည့်သူတို့အပေါ် အခနှုန်းချမှတ်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ဟိမဝန္တာမင်းနိုင်ငံမှာ ကမ္ဘာ့လှည့်ခရီးသည်တွေ အထူးသဖြင့် အိန္ဒိယနိုင်ငံမှ သွားရောက်လည်ပါတ်ကြသူတွေ အထူးတိုးများလာနေပါတယ်။ ၂၀၁၈ ခုနှစ်တခုတည်းမှာဘဲ အိန္ဒိယနိုင်ငံမှခရီးသည်တွေဟာ တောင်အာရှဒေသတခုလုံးမှ ခရီးသည်စုစုပေါင်းရဲ့ ထက်ဝက်ခန့်ရှိခဲ့ပါတယ်။ ဘူတန်နိုင်ငံခရီးသွားလာမှုလုပ်ငန်း အာဏာပိုင်တွေက Sustainable Development Fee ခေါ် အထောက်အကူဖြစ်စေမဲ့ ဖွံ့ဖြိုးမှုအစကို ကောက်ယူကြမယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအချိန်အထိ လက်ရှိ Permit Processing Fee အခကြေးငွေမှာ နောက်ထပ်ဖြည့်စွက်ဘို့ဆုံးဖြတ်ချက်ချရဦးမယ်ဖြစ်ပါတယ်။



Dr. Dorji ရဲ့ အလည်အပါတ်ခရီးစဉ်ဟာ နိုင်ငံရေးနဲ့ဘာသာရေး ရောစပ်မှုဖြစ်တာထင်ရှားနေပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်က ပိုမိုကျယ်ပြန့်တဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရည်စူးဒါလည်းဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ရဲ့အကြောင်းကိစ္စကတော့ သံတမန်ရေးရာဆက်ဆံမှုတွေကို တိုးချဲ့ရေးနဲ့ နှစ်နိုင်ငံတို့အကြား လက်ရှိဆက်ဆံမှုတွေအား ထပ်လောင်းခိုင်မာတောင့်တင်းစေရေးဘဲဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးစလုံးတို့ဟာ အရေးကိစ္စအဖြာဖြာတို့ကို အကျယ်တဝန့် ဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေကို ရှေ့သို့ချီဘို့ရာ နည်းလမ်းတွေအား ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဝန်ကြီးနှစ်ဦးတို့ဟာ ရာသီဥတုပြောင်းလဲမှု၊ လူနေမှုအခြေခံလိုအပ်ချက်အဆောက်အအုံ၊ လုံခြုံရေး၊ နည်းဗျူဟာကျ အရေးကိစ္စတွေ၊ ဘူတန်နိုင်ငံရဲ့ ၁၂ ကြိမ်မြောက် (၅) နှစ်စီမံကိန်းမှာ အိန္ဒိယနိုင်ငံရဲ့ နည်းပညာနဲ့ စီးပွားရေးအထောက်အကူတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးနှစ်ဥိးတို့ဟာ ပြောင်းလဲလာနေတဲ့ ဒေသပိုင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရှိန်အဟုန်နဲ့ကိုက်ညီစွာ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုတွေကို မြင့်တင်ဘို့ သဘောတူခဲ့ကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Nihar P Nayak ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”