လတ်တလော လုပ်ဆောင်လိုက်တဲ့ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားများကို ပိတ်ပင်တားမြစ်မှု အစစ်အမှန် သို့မဟုတ် စိတ်ကူးယဉ်ဆန်မှုလား
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးအကဲခတ် ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “လတ်တလော လုပ်ဆောင်လိုက်တဲ့ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားများကို ပိတ်ပင်တားမြစ်မှု အစစ်အမှန် သို့မဟုတ် စိတ်ကူးယဉ်ဆန်မှုလား” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ပါကစ္စတန်အစိုးရဟာ အကြမ်းဖက်သမား ၈၈ ဦးကို ဘဏ္ဍာရေးဆိုင်းရာ ပိတ်ပင်အရေးယူလိုက်တဲ့ လုပ်ဆောင်မှု အသိပေးကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ အကြမ်းဖက်အဖွဲ့နဲ့ ၎င်းတို့နဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အဓိကခေါင်းဆောင် အများအပြားပါဝင်ပါတယ်။ အဲသည့် ခေါင်းဆောင်တွေထဲမှာ ၂၀၀၈ ခုနှစ် မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်ကနေ ကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့ Jamaat-ud-D’awa အဖွဲ့ခေါင်းဆောင် Hafiz Saeed ၊ အိန္ဒိယပါလီမန်လွှတ်တော်တိုက်ခိုက်မှုကို နောက်ကွယ်ကနေ ကြံစည်လုပ်ဆောင်ခဲ့တဲ့ Jaish-e-Mohammad အဖွဲ့ရဲ့ခေါင်းဆောင် Masood Azhar ၊ လူပေါင်း ၂၀၀ ကျော် သေဆုံးစေခဲ့သော ၁၉၉၃ ခုနှစ် မွန်ဘိုင်းမြို့ ဗုံးဖေါက်ခွဲမှုတွင် အဓိကတရားခံဖြစ်ပြီး တရားမဝင်မှောင်ခိုလုပ်ငန်းများဖြင့် အိန္ဒိယနိုင်ငံ၏ အလိုအရှိဆုံး လူတဦးဖြစ်လာခဲ့သူ မြေအောက်ကမ္ဘာ လူဆိုးဂိုဏ်းခေါင်းဆောင် Dawood Ibrahim ၊ တာလီဘန်အဖွဲ့ခေါင်းဆောင်များဖြစ်တဲ့ Jalalludin Haqqani နဲ့ Khali Ahmad Haqqani တို့ ပါဝင်ပါတယ်။ အခြားပိတ်ဆို့အရေးယူခံရသူများမှာ Tehrik-e-Taliban Pakistan အဖွဲ့၊ Lashkar-e-Jangvi နှင့် Harkat-ul-Ansar နှင့် တခြားအကြမ်းဖက်အဖွဲ့ပေါင်းများစွာက အဖွဲ့ဝင်များဘဲ ဖြစ်ပါတယ်။ ပိတ်ပင်အရေးယူခြင်းခံရသူတွေရဲ့ ရွှေ့ပြောင်းလို့ရတဲ့ ပိုင်ဆိုင်မှုများနဲ့ ရွှေ့ပြောင်းလို့မရတဲ့ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီး၊ ၎င်းတို့ရဲ့ ဘဏ်အကောင့်များကို ပိတ်ပင်သိမ်းဆည်းလိုက်ကြောင်း အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၎င်းတို့ကို ငွေကြေးလွှဲပြောင်းပေးတဲ့ ဝန်ဆောင်မှုတွေကတဆင့် ငွေကြေးလွှဲပြောင်းခွင့်နဲ့ ပြည်ပတို့ ခရီးသွားခွင့်တွေကိုလဲ ပိတ်ပင်လိုက်ကြောင်း အသိပေးကြေညာစာမှာ ရေးသားဖော်ပြထားပါတယ်။ ယခုလိုအရေးယူဆောင်ရွက်မှုအားလုံးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Dawood Ibrahim ရဲ့ အမည်စာရင်းကို ၎င်းရဲ့ Karachi မြို့က နေရပ်လိပ်စာနှင့်တကွ ဖော်ပြလိုက်တာဟာ ပါကစ္စတန်အနေနဲ့ ၎င်းဟာ ပါကစ္စတန်နိုင်ငံမှာ ရှိနေကြောင်း ပထမဦးဆုံးအကြိမ် ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အထိ အစ္စလမ်မာဘတ်အစိုးရဟာ အိန္ဒိယနိုင်ငံဖက်က သက်သေအထောက်အထား ဘယ်လောက်ဘဲ ပြပြ ပါကစ္စတန်နိုင်ငံမှာ Dawood မရှိကြောင်း ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။
အပေါ်ယံကြည့်လိုက်မယ်ဆိုရင်တော့ အကြမ်းဖက်သမားတွေကို ကိုင်တွယ်ရာမှာ ပါကစ္စတန်နိုင်ငံရဲ့ အရေးယူလုပ်ဆောင်မှုတွေဟာ အကောင်းဖက်ကို သွားနေပြီလို့ ထင်ချင်စရာပါဘဲ။ ဒါပေမယ့် အမှန်မှာတော့ အဲသလိုဖြစ်ပုံ မရပါဘူး။
ပြင်သစ်နိုင်ငံအခြေစိုက် နိုင်ငံတကာ အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေးအဖွဲ့ Financial Action Tast Force (FATF) ဟာ ပါကစ္စတန်နိုင်ငံကို ၂၀၁၈ ခုနှစ်ကတည်းက မီးခိုးရောင် စာရင်းထဲ ထည့်သွင်းထားပြီး၊ ပါကစ္စတန်နိ်ုင်ငံကို ကြီးမားတဲ့ ဖိအားတွေ ပေးနေခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ်။ တကယ်လို့ ပါကစ္စတန်အနေဖြင့် မီးခိုးရောင်စာရင်းထဲကနေ လွတ်မြောက်ချင်ရင် အကြမ်းဖက်သများတွေကို အရေးယူလုပ်ဆောင်သွားဖို့ သတ်မှတ်ရက်တွေကို FATF အဖွဲ့က နောက်ထပ်အချိန် တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါမှမဟုတ် လုပ်ဆောင်ဖို့ပျက်ကွက်ပါက ပါကစ္စတန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံ၊ အီရန်နိုင်ငံတို့နဲ့အတူ အနက်ရောင် စာရင်းထဲကို ထည့်သွင်းခြင်းခံရမှာဖြစ်ပြီး၊ အနက်ရောင်စာရင်းထဲဝင်သွားပါက ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရုဖွံ့ဖြိုးရေးဘဏ်နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ငွေချေးဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးအခြေအနေ အခက်အခဲပြဿနာနဲ့ တွေ့ကြုံနေရပြီးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံအတွက် ဒါကိုခံနိုင်ရည်ရှိဖို့ မလွယ်ပါဘူး။
ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်သမားတွေကို အရေးယူလုပ်ဆောင်တာဟာ အသစ်အဆန်းတော့မဟုတ်တော့ပါဘူး။ ယခုလိုအရွေ့ဟာထက်ဝက်လောက်သာ ကောင်းမွန်ပြီး၊ ပါကစ္စတန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ဖျက်နှိမ်နှင်းရာမှာ ရိုးသားပွင့်လင်းစွာ လုပ်ဆောင်နေကြောင်း ကမ္ဘာတခုလုံးကို ပြသလိုတာကြောင့်ဘဲဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်ကာလအတွင်း Hafiz Saeed ကို ပြန်ဖမ်းလိုက် ပြန်လွှတ်ပေးလိုက် ထပ်ခါတလဲလဲလုပ်နေတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရရဲ့ အကြမ်းဖက်သမားတွေကို အရေးယူလုပ်ဆောင်မှုတွေမှာ မရိုးသားမှုအဖြစ် မြင်တွေ့နိုင်တာကာတော့ အဓိကအကြမ်းဖက်သမားတွေဟာ ပိတ်ပင်တားဆီးမှုတွေကို ကျော်လွှာနိုင်ဖို့ ၎င်းတို့ရဲ့ အဖွဲ့အစည်းတွေကို နာမည်အသစ်တွေပြောင်းလဲလိုက်ကြတာဘဲဖြစ်ပါတယ်။ Hafiz Saeed ဟာ LeT အဖွဲ့အဖြစ် စတင်ခဲ့ပြီး အဲသည့်နောက် Jamat ud D’awa အဖွဲ့နဲ့ နောက်ပိုင်းမှာ Falah-i-Insaniyat Foundation (FIF) အဖြစ် ၎င်းရဲ့အဖွဲ့အမည်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး ၎င်းရဲ့ ယုတ်ညံ့တဲ့ လှုပ်ရှားမှုတွေကို ယနေ့အချိန်အထိ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။ ပါကစ္စတန်အနေနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ရိုးသားစွာနဲ့ဘဲ လုပ်ဆောင်နေခဲ့တယ်ဆိုရင် ၎င်းရဲ့နိုင်ငံထဲမှာ Osama bin Laden ကို ၅ နှစ်လုံးလုံး ကွယ်ဝှက်ထားမှာမဟုတ်ပါဘူး။ Osama bin Laden ကို အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးနိုင်ဖို့ အဓိကကူညီလုပ်ဆောင်ပေးခဲ့တဲ့ Dr. Afridi ဟာ ယနေ့အချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပါတယ်။ ၂၀၀၈ ခုနှစ် မွန်ဘိုင်းမြို့တိုက်ခိုက်မှုမှာ အပြစ်ရှိသူတွေကို ဖမ်းဆီးအရေးယူဖို့ ပါကစ္စတန်နိုင်ငံကို ဘယ်အရာက နှောင့်နှေးကြန့်ကြာစေနေပါလဲ။
လတ်တလော အရေးယူပိတ်ပင်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ရင်လည်း ပါကစ္စတန်နိုင်ငံဟာ ၎င်းရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေအောက် Zaki-ur-Rehman Lakhvi နဲ့ Dawood Ibrahim တို့ကို အမည်စာရင်း မရေးသွင်းခဲ့ပါဘူး။ ၎င်းတို့အပေါ် သက်ညှာတဲ့စည်းမျဉ်းစည်းကမ်း အမိန့်တွေကိုသာ ချမှတ်ခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက်ဆန့်ကျင်ဘက် ပြောင်းလဲမှုအဖြစ် ထွက်ပေါ်ခဲ့တာကတော့ ပါကစ္စတန်နိုင်ငံဟာ Dawood ရဲ့ အမည်စာရင်း ပျံ့နှံ့ခဲ့ပြီး သိပ်မကြာခင်မှာဘဲ ၎င်းကို အမည်စာရင်းထဲက ပြန်ပြီးပယ်ဖျက်လိုက်တယ် ဆိုတာပါဘဲ။ ဒါက ဘာကိုပြနေသလဲဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားတွေအပေါ် အရေးယူမှုတွေဟာ ရိုးသားမှုမရှိကြောင်း ဖော်ပြနေခြင်းဘဲ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ နောက်ဆုံးပေါ်ထွက်လာတဲ့ ယခုလိုအရေးယူလုပ်ဆောင်မှုဟာ ယုံကြည်ဖို့ အနည်းငယ်သာရှိပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ပါကစ္စတန်နိုင်ငံအနေနဲ့ FATF ရဲ့ မီးခိုးရောင်စာရင်းထဲကနေ လွှတ်မြောက်နိုင်ဖို့ ကြိုးပမ်းမှုတခုသာဖြစ်ကြောင်း သိထားရပါတယ်။ ဒါပေမယ့် FATF အဖွဲ့ဟာ အစ္စလမ်မာဘတ်အဖွဲ့ရဲ့ ကစားကွက်ကို သိမြင်ထားတာနဲ့အညီ၊ အရေးယူလုပ်ဆောင်ဖို့ ပြောဆိုထားတဲ့ ၂၇ ချက်ထဲက ကျန်ရှိတဲ့ ၂၃ ချက်ကို ယခုနှစ် အောက်တိုဘာလမှာ အပြီးသတ်လုပ်ဆောင်သွားဖို့ ပြောကြားထားပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ဘဲ သဘောပေါက်ထားသင့်တဲ့အရာတခုကတော့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အကြမ်းဖက်အန္တရာယ်ကို အမြစ်ပါမကျန် မြေလှန်တိုက်ဖျက်ပစ်ဖို့ လိုအပ်တယ် ဆိုတာပါဘဲ။ ကံမကောင်းစွာပါဘဲ၊ ပါကစ္စတန်နိုင်ငံမှာ အဲသည့်ဉာဏ်ပညာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ပါကစ္စတန်နိုင်ငံဟာ ၎င်းရဲ့မူဝါဒမှာ အကြမ်းဖက်သမားတွေကို တံဆာပလာအဖြစ် ဆက်လက်အသုံးချနေဆဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment