နက်ရှိုင်းစွာဖြစ်ပေါ်လာနေသည့် အိန္ဒိယ-ယူအေအီး၏ မဟာဗျူဟာမြောက်ဆက်နွယ်မှုများ

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှရေးရာနည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Mohammad Muddassir Quamarဝေဖန်ရေးသားထားတဲ့ “နက်ရှိုင်းစွာဖြစ်ပေါ်လာနေသည့် အိန္ဒိယ-ယူအေအီး၏ မဟာဗျူဟာမြောက်ဆက်နွယ်မှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီးတို့အကြား ငြိ်မ်းချမ်းရေးနဲ့ သာယာဝပြောရေး အတွေးအမြင်တွေကို အပြန်အလှန် မျှဝေခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Narendra Modi နဲ့ အိမ်ရှေ့စံမင်သား Mohamed Bin Zayed al Nahyan တို့ရဲ့ ခေါင်းဆောင်မှုအောက်မှာ နှစ်နိုင်ငံတို့ဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပညာရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေအပေါ် ထည့်ဝင်ရင်းနှီးမြှပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့ဟာ ဘက်စုံကဏ္ဍမှာ မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်မှုတွေကို ပူးတွဲကော်မရှင်အစည်းအဝေးကဲ့သို့သော နှစ်နိုင်ငံဆက်ဆံရေးယန္တရားကတဆင့် လုပ်ဆောင်ခဲ့ကြပါတယ်။
ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ရေးအတွက် အိန္ဒိယ-ယူအေအီး ပူးတွဲကော်မရှင်ရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးပွဲကို အွန်လိုင်းပေါ်ကတဆင့် ကျင်းပခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နှင့် ယူအေအီးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Abdullah Bin Zayed al Nahyan တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ နှစ်နိုင်ငံ ပူးတွဲကော်မရှင်ရဲ့ ယခုအစည်းအဝေးဟာ COVID-19 ကူးစက်ပျံ့ပွားမှု ပြဿနာကြောင့် အွန်လိုင်းပေါ်က ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရတဲ့ အစည်းအဝေးပွဲဖြစ်ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်းသွားဖို့အတွက် နှစ်နိုင်ငံတို့အကြား အမြင်များနဲ့ စိတ်ကူး စိတ်သန်းများကို အပြန်အလှန် မျှဝေသွားကြဖို့ ထုတ်ဖော်ခဲ့ကြပါတယ်။
အိန္ဒိယနဲ့ ယူအေအီးနိုင်ငံတို့ဟာ တကမ္ဘာလုံး ကူးစက်ပျံ့နှံ့နေတဲ့ ကပ်ရောဂါအား တိုက်ဖျက်ရာမှာ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ဧပြီလမှာ COVID-19 ကူးစက်ခံထားရတဲ့ လူနာတွေကို ဆေးကုသပေးဖို့အတွက် အိန္ဒိယနိုင်ငံဟာ ယူအေအီးနိုင်ငံကိုhydroxychloroquine ဆေးအလုံးပေါင်း ၅.၅ သန်း ပေးပို့ခဲ့ပါတယ်။ မေလမှာ အိန္ဒိယနိုင်ငံဟာယူအေအီးနိုင်ငံရှိ ဆေးရုံများမှာ ကျန်းမာရေးဆိုင်ရာ အကူအညီများ ကူညီလုပ်ဆောင်ပေးဖို့အတွက်  အရေးပေါ် သူနာပြုပေါင်း ၈၈ ဦးကို စေလွှတ်ပေးခဲ့ပါတယ်။ အခြားတဖက်မှာလည်း COVID-19 ကာကွယ်တိုက်ဖျက်ရာမှာ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ယူအေအီးနိုင်ငံဟာ အိန္ဒိယနိုင်ငံသို့ ဆေးဝါးပစ္စည်း မက်ထရစ်တန်ပေါင်း ၇ တန် ပေးပို့ခဲ့ပါတယ်။ ဝန်ကြီးချုပ် Narendra Modi နဲ့ အိမ်ရှေ့မင်းသား Mohamed တို့ကလည်း တယ်လီဖုန်ဆက်သွယ်စကားပြောဆိုမှုကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပူးပေါင်လုပ်ဆောင်မှုများကို တိုးမြှင့်သွားနိုင်ဖို့ အမြင်များ ဖလှယ်ခဲ့ကြပါတယ်။
ပူးတွဲကော်မရှင် အစည်းအဝေးပွဲအတွင်းမှာ နှစ်နိုင်ငံစလုံးတို့ဟာ လွန်ခဲ့သော လအနည်းငယ်အတွင်း COVID-19 တိုက်ဖျက်ရေးမှာ နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ ကပ်ရောဂါကြောင့် နှစ်နိုင်ငံစလုံးတွင် ဖြစ်ပေါ်နေတဲ့ လူမှုရေး နဲ့ စီးပွားရေး ထိခိုက်မှုများကို နည်းဗျူဟာကျ ပူးတွဲလုပ်ကိုင် ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးနဲ့ တကမ္ဘာလုံးဟာ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးနဲ့ လုပ်ငန်းလည်ပတ်မှုပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေကို ဖန်တီးကြံ့ဆနေရာမှာ ယခုလို စီစဉ်မှုဟာ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတခုလည်းဖြစ်ပါတယ်။
ဘက်စုံကဏ္ဍအပေါ် နည်းဗျူဟာကျ ပူးပေါင်းလုပ်ဆောင်ရေးအောက် နယ်ပယ်အသီးအသီးတို့မှာ နှစ်နိုင်ငံအကြား ရှေ့ဆက်ပူးတွဲလုပ်ကိုင်မှုတွေကို အားရကြေနပ်မှုရှိကြောင်း အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ ပူးပေါင်းလုပ်ကိုင်နေပြီးဖြစ်တဲ့ နယ်ပယ်တွေမှာ ပိုမိုးအားဖြည့်လုပ်ကိုင်သွားဖို့နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ နောက်ထပ် နယ်ပယ်သစ်တွေကိုလည်း ရှာဖွေသွားဖို့ သဘောတူညီခဲ့ကြပါတယ်။ အထူးသဖြင့် အရင်တခါက ကျင်းပခဲ့တဲ့ ပူးတွဲကော်မရှင်အစေည်းအဝေးပွဲမှာ၊ နှစ်နိုင်တို့ဟာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံ့မှုကဏ္ဍ၊ ကောင်စစ်ဝန်နှင့် လူမှုအသိုင်းအဝိုင်းအရေးကဏ္ဍ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ ယဉ်ကျေးမှုနဲ့ လူငယ်ကဏ္ဍ စတဲ့နယ်ပယ် ၅ ခုတို့အတွက် အဆင့်မြင့်ဖလှယ်မှုတို့ လုပ်ဆောင်ရန်အတွက် ကော်မတီခွဲ ၅ ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ကော်မတီခွဲ ၅ ခုက အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ယူအေအီးနိုင်ငံတို့က ကော်မတီဝင်တွေဟာ ပူးတွဲကော်ရှင်အစည်းအဝေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အွန်းလိုင်းပေါ်ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပူးတွဲကော်မရှင် အစည်းအဝေးပွဲမှာ တောင်နဲ့ အနောက်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စနဲ့အတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းနဲ့ တခြားဘက်ပေါင်းစုံ ပါဝင်လုပ်ဆောင်သည့် အဖွဲ့အစည်းများမှာ အိန္ဒိယ-ယူအေအီးတို့ရဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကိုပိုမိုတောင့်တင်းခိုင်မှာအောင် လုပ်ဆောင်သွားဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်-အစ္စရေး-ယူအေအီး နိုင်ငံတို့က ပူးတွဲ ထုတ်ပြန်ကြေညာခဲ့တဲ့ အနောက်အာရှဒေသမှာ အိန္ဒိယနိုင်ငံရဲ့ နီးကပ်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဖော်ကိုင်ဖက် နှစ်နိုင်ငံဖြစ်သော ယူအေအီးနဲ့ အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးတွေကို ပုံမှန်ပြန်လည်ထားရှိသွားဖို့ ဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုခဲ့တာကို မှတ်သားရပါမယ်။
အစည်းအဝေးပွဲအတွင်းမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. Jaishankar ဟာ ယူအေအီးနိုင်ငံကအိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ အဓိကစိုးရိမ်မှုဖြစ်တဲ့ အရာတွေ အထူးသဖြင့် အစ္စလမ်မစ်ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့ (OIC) ကဲ့သို့သော အဖွဲ့အစည်းများကို ပါကစ္စတန်နိုင်ငံမှ မကြာခနဆိုသလို ဝင်ရောက်ခြယ်လှယ်ပြီး အိန္ဒိယကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းတို့မှာအိန္ဒိယနိုင်ငံဖက်က နားလည်ပေးပြီး ဆက်လက်ထောက်ခံမှုများပေးခဲ့တာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ယူအေအီးနိုင်ငံတွင် ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသူနိုင်ငံသားများကို ထောက်ပံ့ကူညီပေးခဲ့သည့်အတွက် ယူအေအီးနိုင်ငံ အာဏာပိုင်များကိုကျေးဇူတင်ကြောင်း ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ ယူအေအီးနိုင်ငံတို့ရဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေး၊ သိပ္ပံနှင့်နည်းပညာနဲ့ ပညာရေးတို့အပါအဝင် ကျယ်ပြန့်တဲ့ ကဏ္ဍတွေအတွင်း နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ မကြာသေးမီနှစ်များအတွင်း မကြုံစဖူးတိုးတက်လာခဲ့ပါတယ်။ ယူအေအီးနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ပင်လယ်ကွေ့နိုင်ငံတွေထဲက အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှပ်မှုအကြီးမားဆုံး လုပ်ဆောင်နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာလည်း ယူအေအီးနိုင်ငံသို့ အလုပ်သမားအင်အားနဲ့ စီးပွားရေးလုပ်ငန်းရှင် အများဆုံးပို့ဆောင်ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံတို့ဟာ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု တိုက်ဖျက်ရေးမှာ ဆက်လက်ပြီး ပူးပေါင်လုပ်ကိုင်နေပြီး၊ COVID-19 အလွန်ကာလကမ္ဘာမှာလည်း နှစ်နိုင်ငံတို့ရဲ့ မဟာဗျူဟာမြောက် ပူးတွဲလုပ်ကိုင်မှုဟာ ပိုမိုနက်ရှိုင်းစွာ တည်ရှိသွားမည်ဖြစ်ကြောင်း ဆောင်းပါးရှင် Dr. Mohammad Muddassir Quamar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား

Comments

Popular posts from this blog

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”