ကာကွယ်ရေးပစ္စည်းထုတ်လုပ်ဖို့အတွက် လမ်းပြမြေပုံအား ဝန်ကြီးချုပ်က ချပြလိုက်ခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကာကွယ်ရေးပစ္စည်းထုတ်လုပ်ဖို့အတွက် လမ်းပြမြေပုံအား ဝန်ကြီးချုပ်က ချပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Narendra Modi ဟာ ဗီဒီယို ဆက်သွယ်ရေးကတဆင့် ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ညီလာခံမှာ အမှာစကားပြောကြားခဲ့စဉ် ကိုယ့်အားကိုယ်ကိုး မူဝါဒဖြစ်တဲ့ (Atmanirbhar Bharat) နဲ့ပါတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ အွန်လိုင်းပေါ်ကတဆင့် ပြုလုပ်ခဲ့တဲ့ ညီလာခံကို အိန္ဒိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအဖွဲ့အစည်း (SIDM) ၊ အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုကုန်သည်ကြီးများအသင်းချုပ် (FICCI) ၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ဦးစီးဌာန (DDP) နှင့် ကာကွယ်ရေး ဝန်ကြီးဌာန (MoD) တို့က ပူးပေါင်းစည်းရုံးကာ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ နည်းပညာအသစ်များကို တီထွင်ဖန်တီးပြီး ကာကွယ်ရေးကဏ္ဍမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အဓိကနေရာများတွင် ပေးအပ်သွားကြဖို့၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများထုတ်လုပ်မှုမှာ ကိုယ့်အားကိုယ်ကိုး (Atmanirbhar) မူဝါဒကို ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်နေမှုကို တွန်းအားပေးပြောဆိုသည့် အနေဖြင့် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ ၎င်းရဲ့အဖွဲ့က အဲသည့်မစ်ရှင်ဖော်ဆောင်မှုကို အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းလုပ်ဆောင်နေကြောင်းကို ဝန်ကြီးချုပ် Modi က ထည့်သွင်းပြောကြားခဲ့ပြီး၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုမှာ ကိုယ့်အားကိုယ်ကိုး ပြုလုပ်ရေးအတွက် ရည်မှန်းချက်များ မကြာမှီကာလအတွင်း သေချာပေါက် အရှိန်ရလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ချိန်မှာ နိုင်ငံဟာ ဂေဟစနစ်နှင့်အညီ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်မယ့် အလားအလာကောင်းများစွာရှိနေခဲ့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အရေးတယူ ကြိုးပမ်းအားထုတ်မှုတခုမျှလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အခုအချိန်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားပြီးဖြစ်ကာ၊ ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်ကြိုးပမ်းအားထုတ်မှုနှင့် အဆက်မပြတ်လုပ်ဆောင်မှုတို့နဲ့အတူ အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း Mr Modi က ပြောကြားခဲ့ပါတယ်။ အခုလိုရည်မှန်းချက်ကို ဖော်ဆောင်ရာမှာ ခိုင်မာတဲ့ အခြေခံလုပ်ဆောင်မှုတွေဖြစ်တဲ့ လိုင်စင်များချမှတ်ပေးမှုမှာ ပြောင်းလဲတိုးတက်မှု၊ ထုတ်လုပ်မှုဆိုင်ရာ တန်းတူယှဉ်ပြိုင်နိုင်ခွင့်နဲ့ ပြည်ပကို တင်ပို့ရောင်းချရာမှာ လွယ်ကူစွာလုပ်ဆောင်နိုင်စေဖို့ စတာတွေကို ဖော်ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ကာကွယ်ရေးကဏ္ဍမှာ ယုံကြည်မှုအားကောင်းလာရေးဟာ ခေတ်မှီပြီး၊ ကိုယ့်အားကိုယ်ကိုး အိန္ဒိယနိုင်ငံဖြစ်လာစေဖို့ တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့၊ ကာကွယ်ရေးစစ်ဦးစီးချုပ် အကြီးအကဲ နေရာကို ခန့်အပ်ရေး စသည်ဖြင့် ဆုံးဖြတ်ချက်မျိုးကို ယခုအချိန်မှာ လုပ်ဆောင်ခဲ့ပြီး၊ အဲဒါက အိန္ဒိယနိုင်ငံတော်သစ်ရဲ့ ယုံကြည်မှုကို ထင်ဟပ်ပြသလိုက်ခြင်းဘဲဖြစ်ပါတယ်။ ကာကွယ်ရေးစစ်ဦးစီးချုပ် အကြီးအကဲရာထူးကို ခန့်အပ်လိုက်ခြင်းဖြင့် ကြည်၊ ရေ၊ လေ တပ်ဖွဲ့ ၃ ဖွဲ့အကြား ပိုမိုပူးပေါင်းလုပ်ဆောင်လာနိုင်စေပြီး၊ ကာကွယ်ရေးဆိုင်ရာ ဖြည့်တင်းဝယ်ယူမှုများကို တိုးချဲ့ရာတွင် ကူညီထောက်ပ့ံမှုများ ရရှိစေမည်ဖြစ်သည်။ ကာကွယ်ရေးကဏ္ဍမှာ FDI ကို ၇၄% တိုက်ရိုက်လုပ်ဆောင်မှုလမ်းကြောင်းကတဆင့် ခွင့်ပြုလိုက်ခြင်းကလည်း ယုံကြည်မှုခိုင်မာတဲ့ အိန္ဒိယနိုင်ငံတော်သစ်ကို ထပ်မံပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အရင်းအနှီးဘတ်ဂျတ်၏ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းဖြစ်များအား ဝယ်ယူရေးအတွက်လျာထား သတ်မှတ်ခြင်း၊ ကာကွယ်ရေးပစ္စည်းအမျိုးအစားပေါင်း ၁၀၁ ခုတို့အား ပြည်တွင်းဖြစ်မှ ဝယ်ယူရန်လုပ်ဆောင်ခြင်းက ပြည်တွင်းမှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဝယ်ယူရေးစနစ်များ မြန်ဆန်စေရန်နှင့် စမ်းသပ်မှုစနစ်များ အစရှိသည်တို့ကို ပိုမိုကောင်းမွန်စေဖို့ အစိုးရကလုပ်ဆောင်နေပြီး၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံးများ ပူးပေါင်းလုပ်ဆောင်သွားဖို့အတွက် စီစဉ်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောကြားရာတွင်၊ စီစဉ်ဆောင်ရွက်နေမှုများပြီးသွားပါက အလုပ်သမားများနှင့် ကာကွယ်ရေးကဏ္ဍကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခေတ်မှီသည့် စစ်လက်နက်များကို ကိုယ်ပိုင်ထုတ်လုပ်ရေးတွင် လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုနှင့်ပတ်သက်ပြီးပြောကြားရာမှာ၊ အစိုးရဟာ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) မှာ ထပ်ဖြည့်သည့်အနေဖြင့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပုဂ္ဂလိကကဏ္ဍနှင့် ပညာရေးဌာနများတွင် လုပ်ဆောင်သွားဖို့ တိုက်တွန်းပြောဆိုထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံခြားမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးတွဲလုပ်ဆောင်သွားဖို့အတွက်လည်း စီစဉ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယအစိုးရရဲ့ ‘ပြုပြင်ပြောင်းလဲမှု၊ လုပ်ဆောင်မှုနှင့် အသွင်ကူးပြောင်းမှု’ ယန္တရားအပေါ် ကြိုးပမ်းအားထုတ်နေမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောကြားရာမှာ၊ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာ မူပိုင်ခွင့်၊ အခွန်ကောက်ခံခြင်း၊ ဒေဝါလီခံခြင်း နှင့် လူမွဲစာရင်းခံခြင်း၊ အာကာသနှင့် အနုမြူစွမ်းအင်ကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲမှုတို့ကို လုပ်ဆောင်သွားဖို့ စတင်စီစဉ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခြေခံအဆောက်အအုံအတွက် ညှိနှိုင်းလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောကြားရာမှာ၊ Uttar Pradesh နှင့် Tamil Nadu ပြည်နယ်တို့တွင် ကာကွယ်ရေးစင်္ကြံန်နှစ်ခုကို တည်ဆောက်သွားဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ခေတ်မှီသည့် အခြေခံအဆောက်အအုံတည်ဆောက်မှုအား Uttar Pradesh နှင့် Tamil Nadu ပြည်နယ်အစိုးရတို့က ပူးပေါင်းကာလုပ်ဆောင်နေပြီး၊ ယခုစီမံကိန်းအတွက် လာမည့် ၅ နှစ်အတွင်း ရူပီးငွေ ကုဋေပေါင်း ၂၀,၀၀၀ ရင်းနှီးမြှပ်နှံသွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အသေးစားနှင့်အလတ်စားလုပ်ငန်းများ MSME နှင့် အစပြုစီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား မြှင့်တင်ပေးရန် ရည်ရွယ်ပြီးလုပ်ဆောင်သည့် iDEX ညှိနှိုင်းလုပ်ဆောင်မှု အခြေအနေမှာ ကောင်းမွန်သည့်ရလဒ်ထွက်ပေါ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အဲသည့်အခြေခံလုပ်ဆောင်မှုကတဆင့် စီးပွားရေးအစပြုလုပ်ငန်းပေါင်း ၅၀ ကျော်သည် စစ်ဖက်ဆိုင်ရာအသုံးပြုသည့် နည်းပညာနှင့် ပစ္စည်းများကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံအား အင်အားကြီးတဲ့နိုင်ငံအဖြစ် တည်ဆောက်သွားဖို့ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးကို ပိုမိုကြံ့ခိုင်ပြီး တည်ငြိမ်မှုရှိကာ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှုကို ယူဆောင်ပေးလာနိုင်ဖို့ဘဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးမှာ Atmanirbharta လို့ခေါ်တဲ့ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရေး မူဝါဒရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ၎င်းရဲ့ မိတ်ဆွေနိုင်ငံတွေကို ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်တင်ပို့သွားနိုင်ဖို့ အလားအလာကောင်းတွေအများကြီး ရှိနေပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ နည်းဗျူဟာကျ လုပ်ဖော်ကိုင်ဖက် တည်ဆောက်သွားရေးကို ပိုမိုအားကောင်းလာစေမှာဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ဒေသအတွင်း လုံခြုံရေးကို ပေးကမ်းရာမှာ အိန္ဒိယနိုင်ငံရဲ့ အဓိကအခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေမှာဖြစ်ကြောင်း Mr Modi က ပြောပါတယ်။
ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့ရောင်းချရေး ဝါဒဆိုင်ရာ မူကြမ်း အကြံပြုချက်များက အထက်ဖော်ပြပါ မူဝါဒကို အစောဆုံး အကောင်အထည်ဖော်သွားဖို့ အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
စုပေါင်းအားထုတ်ကြိုးပမ်းမှုဟာ ကိုယ့်အားကိုယ်ကိုး နိုင်ငံ၊ Atmanirbhar Bharat ဖြစ်လာစေဖို့ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment