ကြီးမားတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ကြပါရန် ဝန်ကြီးချုပ်က စီးပွားရေးအစပြုလုပ်ငန်းတွေကို တိုက်တွန်းလိုက်ခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကြီးမားတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ကြပါရန် ဝန်ကြီးချုပ်က စီးပွားရေးအစပြုလုပ်ငန်းတွေကို တိုက်တွန်းလိုက်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Narendra Modi ဟာ All India Radio က ထုတ်လွင့်တဲ့ ၎င်းရဲ့ Mann Ki Baat အစီအစဉ်ကတဆင့် တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခုအစီအစဉ်ဟာ ၆၈ ကြိမ်မြောက် လစဉ်ထုတ်လွင့်တဲ့ Mann Ki Baat အစီအစဉ်ဖြစ်ပြီး၊ App တီထွင် ဖန်တီးထုတ်လုပ်တဲ့ ‘AatmaNirbhar Bharat’ ဖိတ်ခေါ်ပြိုင်ပွဲသို့ လူငယ်အများအပြား တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများထဲက ၃ ပုံ ၂ ပုံဟာ လူငယ်များဖြစ်ပြီး၊ ဒုတိယနဲ့ တတိယအဆင့် မြို့တွေကဖြစ်တာကို မှတ်သားသိရှိရပါကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Apps တွေထဲက Apps ပေါင်း ၂ ဒါဇင်ခန့်ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အဲသည့် Apps တွေဟာ ကဏ္ဍပေါင်းစုံထဲကဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အဲသည့် Apps တွေကို သိရှိအောင်ပြုလုပ်ပြီး ဆက်သွယ်လုပ်ဆောင် အသုံးပြုကြဖို့ All India Radio နားသောတဆင်သူတွေကို ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ Apps အများအပြားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ အဲသည့် Apps တွေထဲမှာ၊ ကလေးငယ်တွေကို သင်ကြားပြသပေးတဲ့ Kutuki app ၊ ကလေးငယ်များကို အကျိုးပြုစေတဲ့ app ၊ အသေးစား ဘလော့ဂ်အခြေခံ ku KOO ku app ၊ လူငယ်များကြား ခေတ်စားလာနေတဲ့ Chingari App ၊ အစိုးရစီမံကိန်းနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရရှိစေတဲ့ Ask Sarkar app နဲ့ Step Set Go-Fitness app စတာတွေလည်း ပါဝင်ပါတယ်။
ယနေ့အချိန်မှာ အသေးစား အစပြုစီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နေတဲ့ လုပ်ငန်းတွေဟာ နောင်တချိန်မှာ ကြီးမားတဲ့ ကုမ္ပဏီတွေဖြစ်လာပြီး၊ ကမ္ဘာ့အလယ်မှာ အိန္ဒိယနိုင်ငံကို ကိုယ်စားပြုသွားကြမှာဖြစ်ပြီး၊ ယနေ့ကမ္ဘာပေါ်မှာ ကြီးမားတဲ့ကုမ္ပဏီတွေဖြစ်နေတဲ့ ကုမ္ပဏီတွေဟာ တချိန်တခါတုန်းက သေးငယ်တဲ့ အစပြုလုပ်ငန်းတွေ ဖြစ်ခဲ့ကြတာကို သတိပြုကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အညတရ သူရဲကောင်းများရဲ့ အကြောင်းများကို ဖော်ထုတ်ကြဖို့အတွက် ဝန်ကြီးချုပ်က ကျောင်းသူ ကျောင်းသားများနဲ့ ဆရာဆရာမများကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ တစုံတယာက်က ၎င်းရဲ့အောင်မြင်မှုတွေကို ပြန်လည်ပြီး တွေးတောကြည့်မိမယ်ဆိုပါက၊ ထွက်ပေါ်လာမယ့်သူက ကျောင်းဆရာ ဆရာမတွေဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ရောဂါက ကျောင်းဆရာ ဆရာမများအတွက် စိန်ခေါ်မှုများဖြစ်ပြီး၊ အဲသည့် စိန်ခေါ်မှုတွေကို ကျောင်းဆရာ ဆရာမများက အခွင့်အရေးတရပ်အဖြစ် ပြောင်းလဲကာ အသုံးအဆောင်အသစ်များနဲ့ နည်းပညာများကို အသုံးပြုပြီး၊ ကျောင်းသူကျောင်းသားများကိုလည်း ဝေမျှပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အမျိုးသားပညာရေးမူဝါဒမှ ကျောင်းသူကျောင်းသားများရရှိနိုင်စေမည့် အကျိုးကျေးဇူးများကို ဖြန့်ဝေရာတွင် ဆရာ ဆရာမများမှ အဓိကအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်သွားကြမှာဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်ထားတာကို ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက လာမည့် ၂၀၂၂ ခုနှစ်မှာ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပသွားဖို့ရှိကြောင်း မှတ်ချက်ချပြောကြားခဲ့ပြီး၊ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အညတရသူရဲကောင်းများကို ကောင်းမွန်စွာ သိရှိထားဖို့မှာ ယနေ့ခေတ် ကျောင်းသူကျောင်းသားများအတွက် အလွန်အရေးကြီးတဲ့အရာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါမှဘဲ ကျောင်းသူကျောင်းသွားတွေဟာ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လုပ်ဆောင်ခဲ့တဲ့သမိုင်းကို ချီးမွှမ်းကြမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ကျောင်းသူကျောင်းသားများအတွက် စာတမ်းပြုစုရာမှာ ပေးအပ်မယ့်ခေါင်းစဉ်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားဆောင်ရွက်ချိန်အတွင်း ၎င်းတို့နေထိုင်တဲ့ ခရိုင်မှာ ဘယ်လိုဖြစ်ပွားခဲ့တာကို အခြေခံပြီး ရှာဖွေဆန်းစစ်စေသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကျောင်းသူကျောင်းသားများကို ၎င်းတို့ရဲ့ မြို့ရှိ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားဆောင်ရွက်မှုများနဲ့ ဆက်စပ်တဲ့ နေရာများကို သွားရောက်လည်ပတ်မှုများ စီစဉ်ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ၇၅ နှစ်ပြည့်မြောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တချို့ကျောင်းရှိ ကျောင်းသူ ကျောင်းသားများအနေဖြင့် ကဗျာပေါင်း ၇၅ ခုကို ရေးသားစပ်ဆိုခြင်းနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများရဲ့ အကြောင်းများကို ပြဇာတ်များအဖြစ် တင်ဆက်ကပြခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ယခုလိုလုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကာ လူမသိသူမသိ သေဆုံးပျောက်ကွယ်သွားခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အညတရ သူရဲကောင်းများရဲ့ အကြောင်းမြောက်များစွာကို ထုတ်ဖော်နိုင်မယ်ဖြစ်ပြီး၊ လာမည့် စက်တင်ဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ကျောင်းဆရာ ဆရာမများနေ့အတွက် အဆိုပါ ရည်မှန်းချက် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်နိုင်ရန် ဆရာ ဆရာမများအနေဖြင့် ကြိုတင်ပြင်မှုများကို စတင်လုပ်ဆောင်သွားကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
စက်တင်ဘာလကို အဟာရဓာတ် အထိမ်းအမှတ်လ ‘Poshan Maah’ အဖြစ် သတ်မှတ်ထားတာကို သိထားပြီး၊ နိုင်ငံနှင့် အဟာရဓာတ်သည် နီးကပ်တဲ့ ဆက်စပ်မှုများ ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ စိတ်ခွန်အားနဲ့ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုဟာ စားသောက်တဲ့ အစားအသောက်အရည်အသွေးပေါ်မှာ မူတည်ကြောင်း အဓိပ္ပါယ်ရတဲ့ “Yatha Annam Tatha Manam” ဆိုရိုးစကားကို ဝန်ကြီးချုပ်က ပြန်လည်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဟာရဓာတ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ အစားအဟာရတွေကို စားသုံးခြင်းဟာ ကလေးငယ်များနဲ့ ကျောင်းသူ ကျောင်းသားတွေကို ၎င်းတို့ရဲ့ အကောင်းဆုံးစွမ်းရည်တွေ ရရှိဖို့နဲ့ ၎င်းတို့ရဲ့ အပြုသဘောဆောင်မှုတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကလေးငယ်များကို အဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးမွေးဖို့နဲ့၊ မိခင်များအနေနဲ့ ကောင်းမွန်တဲ့ အဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရရှိဖို့လိုအပ်ကြောင်းကို ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အဟာရဓာတ်ကြွယ်ဝမှုလို့ ပြောဆိုရာမှာ စားသုံးခြင်းသာမက၊ ဆားဓာတ်နဲ့ ဗိုက်တာမင်ဓာတ်များ စသည်ဖြင့် တခြားလိုအပ်တာတွေလည်း ပါဝင်ကြောင်း ဝန်ကြီးချုပ်က ထပ်မံဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။
ကျောင်းခန်းများမှာ စောင့်ကြည့်သည့် မော်နီတာများတပ်ဆင်ထားသလို၊ အဟာရဓာတ် ကြွယ်ဝမှုကို စစ်ဆေးကြည့်ရှုသည့် မော်နီတာလည်း တပ်ဆင်ထားသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကျောင်းသူကျောင်းသားများ၏ မှတ်တမ်းလက်မှတ်များ ရီပို့ကဒ်ရှိသလို ၊ အဟာရဓာတ်နှင့်ပတ်သက်သည့် မှတ်တမ်းလက်မှတ်များလည်း ထားရှိသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အဟာရဓာတ်လအဖြစ် သတ်မှတ်ထားသည့် လတွင် အစားအသောက်နဲ့ အစာအဟာရဓတ်ဆိုင်ရာ ဉာဏ်စမ်းပဟေဋ္ဌိများနဲ့ meme ပြိုင်ပွဲများကို My Gov မှတဆင့် စည်းရုံးကြီးမှူးကျင်းပသွားမည်ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်သွားကြဖို့ ဝန်ကြီးချုပ်က ရေဒီယို နားသောတဆင်သူများအား ဖိတ်ခေါ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင် မတူညီသည့် အစားအသောက်ပေါင်းများစွာကို ထုတ်လုပ်ပေးနေသည်ဖြစ်ရာ၊ မတူညီသည့်ဒေသများတွင် ရာသီအလိုက် အဟာရဓာတ်ပြည့်ဝသည့် အစားအသောက်များကို စီမံရာတွင် ဒေသထွက် အသီးအနှံများနှင့် ထည့်သွင်းပေါင်းစပ်ကာ စီမံဖို့အရေးကြီးကြောင်း ဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment