အစ္စရေး နဲ့ ယူအေအီးနိုင်ငံတို့ရဲ့ တရားဝင်ချည်နှောင်ခြင်းများနဲ့ အကျိုးသက်ရောက်မှုများ
သောတရှင်များခင်ဗျား ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှလေ့လာဆန်းစစ်ရေး ဗဟိုဌာန ဂျာဝါဟာလာနေရူးတက္ကသိုလ်မှ ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အစ္စရေး နဲ့ ယူအေအီးနိုင်ငံတို့ရဲ့ တရားဝင်ချည်နှောင်ခြင်းများနဲ့ အကျိုးသက်ရောက်မှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ အစ္စရေးနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်လည်ထားရှိသွားဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံသမ္မတ အိမ်ဖြူတော်မှာ Arafat-Clinton-Rabin တို့ ၃ ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ သမိုင်းဝင်အဖြစ်အပျက်နောက်ပိုင်း ဇာတ်လမ်းဆန်တဲ့ အကြီးမားဆုံး ဖြစ်ပေါ်တိုးတက်တခုဘဲ ဖြစ်ပါတယ်။ အလွန်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့အရာတခုကတော့ နှစ်နိုင်ငံအကြား တိုးတက်တဲ့ ချဉ်းကပ်မှုတွေဖြစ်ပေါ်ခဲ့ရင်လည်းဘဲ၊ အဲသည့်ကြေညာချက်ကိုတော့ အမေရိကန်နိုင်ငံသမ္မတ Donald Trump က ကြေညာခဲ့တာဘဲဖြစ်ပါတယ်။ ဒါဟာ ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေအပေါ် အစ္စရေးနိုင်ငံရဲ့ ချဉ်းကပ်မှု စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ခြင်းလဲဘဲ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ Emirates အိမ်ရှေ့စံမင်းသား၊ Abu Dhabi ရဲ့ အုပ်ချုပ်ရေးခေါင်းဆောင် Mohammed bin Zayed al-Nahyan တို့အကြား ဝါရှင်တန်မြို့မှာ တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။
အဆိုပါကြေညာချက်ဟာ စိတ်လှုပ်ရှားစရာ ကွေ့ကောက်လှည့်ပတ်မှုတွေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်ခဲ့ခြင်းအတွက် အပြန်အလှန်အားဖြင့် အစ္စရေးနိုင်ငံက West Bank နယ်မြေတွေကို ၎င်းတို့ရဲ့ အချုပ်အချာပိုင် နယ်မြေဖြစ်ကြောင်း ကြေညာထားချက်ကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်၊ ဒါဟာ ယခုနှစ်ဇန်နဝါရီလက ၎င်းချပြခဲ့တဲ့ ငြိမ်းချမ်းရေးစီမံကိန်းမှာ ပါဝင်တဲ့ အချက်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက ဖိအားတွေအရ ဝန်ကြီးချုပ် Netanyahu ဟာ ၂၀၂၀ ခုနှစ် မတ်လက ပြုလုပ်ခဲ့တဲ့ Knesset (အစ္စရေးနိုင်ငံရဲ့) ရွေးကောက်ပွဲမတိုင်မီ ၎င်းကတိပေးပြောကြားထားတဲ့အတိုင်း West Bank က နယ်မြေအစိတ်အပိုင်းတချို့ကို သိမ်းပိုက်ဖို့ အရေးတကြီးလုပ်ဆောင်မှာမဟုတ်ပါဘူး။ နယ်မြေသိမ်းပိုက်ဖို့ကို စွန့်လွှတ်လိုက်သည့်အတွက် ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရသော်လည်း၊ Netanyahu ဟာ Emirati ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။ အစ္စရေးနိုင်ငံရဲ့ နယ်မြေသိမ်းပိုက်ဖို့အတွက် မူဝါဒကို စွန့်လွှတ်လိုက်ခြင်းဟာ UAE နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ ပါလက်စတိုင်းအပေါ် ထောက်ခံကူညီမှုကို ဖော်ပြတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတခုအဖြစ် ထင်မြင်ထားပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် အစ္စရေး ၊ UAE နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးပုံမှန်ထားရှိရေး ကြေညာလိုက်ခြင်းဟာ အားလုံးအတွက် အထူးသဖြင့် ပင်လယ်ကွေ့ဒေသအတွက် အနိုင်-အနိုင် အခြေအနေဖြစ်ပါတယ်။
Emirati ဖက်က ဆုံးဖြတ်ချက်က အဓိကအချက် ၃ ချက်ကို ထုတ်ဖော်လိုက်ပါတယ်။ ဒေသအတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုန့်ပြန်ချက်က မျှော်လင့်ထားတဲ့အတိုင်းဖြစ်ပါတယ်။ ဘာရိန်း၊ အီဂျစ်နဲ့ အိုမန်နိုင်ငံတို့က ပွင့်ပွင့်လင်းလင်းဘဲ Emirati ရဲ့ ဆုံးဖြတ်ကို ကြိုဆိုခဲ့ကြပြီး၊ ပါလက်စတိုင်းကတော့ သစ္စာဖောက်ခံရခြင်း၊ ရောင်းစားခံရခြင်းနဲ့ စိတ်ပျက်စေခဲ့တယ်လို့ ခံစားရပါတယ်။ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riyad al-Malki က Abu Dhabi က ပါလက်စတိုင်းသံအမတ်ကို ပြန်လည်လာဖို့ အမိန့်ပေးခဲ့ပါတယ်။ အစ္စရေးနိုင်ငံနှင့် တရားဝင်သံတမန်ဆက်ဆံရေးရှိတဲ့ တူရကီနိုင်ငံကလည်း UAE နိုင်ငံရဲ့ ယခုလို သူတော်ကောင်းယောင်ဆောင်တဲ့ အပြုအမူကို ဘယ်တော့မှ မမေ့ဖို့နဲ့ ခွင့်မလွတ်ဖို့ ဒေသအတွင်းက လူတွေကို သတိပေး ပြောကြားခဲ့ပါတယ်။ တူရကီသမ္မတ Recep Tayyip Erdogan က တဆင့်တက်ပြီး၊ UAE နဲ့ ဆက်ဆံရေး ရပ်ဆိုင်းကောင်း ရပ်ဆိုင်းနိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံသမ္မတ Hassan Rouhani ကလည်း ဒါဟာ အိမ်နီးချင်း အာရပ်နိုင်ငံရဲ့ ကြီးမားတဲ့ မှားယွင်းလုပ်ဆောင်မှုတခုဖြစ်ကြောင်း ပြောပါတယ်။
အာရပ်စော်ဘွားများနိုင်ငံ (Emirati) ရဲ့ ယခုလိုလုပ်ဆောင်မှုဟာ ဒေသအတွင်း ပါလက်စတိုင်းအရေးကိစ္စများမှာ အရေးပါမှု လျော့နည်းလာတာကို နောက်ထပ်ဖော်ပြလိုက်တဲ့ လက္ခဏာတစ်ခုဘဲဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ ဆက်ဆံရာမှာ ဒေသအတွင်းက အနည်းဆုံး တချို့နိုင်ငံတွေဟာ ပါလက်စတိုင်းရဲ့ မေးခွန်းထုတ်မှုများနဲ့ ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေး မျှော်လင့်ချက်တွေကို ဖြေရှင်းဖို့ စိတ်မဝင်စားတော့တာဘဲဖြစ်ပါတယ်။ သမ္မတ Trump ထုတ်ပြန်ကြေညာခဲ့သလိုဘဲ၊ အစ္စရေးနိုင်ငံဟာ နယ်မြေသိမ်းပိုက်မှုကို ဖျက်သိမ်းလိုက်ခြင်းမဟုတ်ဘဲ၊ ရပ်နားထားခြင်းဘဲဖြစ်သော်လည်လည်း၊ သည်လောက်အတိုင်းအတာကဘဲ Emirates နိုင်ငံအတွက်ကတော့ ဒေသအတွင်းက အဓိကအတိုက်အခံတွေကို ကျော်လွှာဖို့နဲ့ ၎င်းရဲ့ ပါလက်စတိုင်းလိုလားတဲ့ အထောက်အထားတွေကို တည်ဆောက်သွားဖို့ လုံလောက်တယ်လို့ ယူဆပုံရပါတယ်။
အစ္စရေးနိုင်ငံအတွက် အလွန်ဘဲ အထောက်အကူပြုတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ချက်ချင်းဘဲ လိုက်လံလုပ်ဆောင်သွားဖို့ရှိမှာမဟုတ်ရင်လဲ၊ ၎င်းရဲ့ ဘာမှမပြောဘဲ ထောက်ခံနေမှုဟာ Abu Dhabi အတွက်တော့ အလွန်ဘဲ ရေးပါလှပါတယ်။ Riyadh အစိုးရဟာ သမ္မတ Trump ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး လူသိရှင်းကြား ထုတ်ပြန်ကြေညာချက် ဘာမှမလုပ်သေးပါဘူး၊ ဒါပေမယ့် Emirati အိမ်ရှေ့စံမင်းသား al-Nahyan နဲ့ ဆော်ဒီရဲ့ အိမ်ရှေ့မင်းသား Mohammed bin-Salman (MbS) တို့အကြား နီးကပ်တဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုတွေကို ဖန်တီးပေးထားပါတယ်။ အဲသည့် လုပ်ရှားမှုက ပင်လယ်ကွေ့ဒေသနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးမှာ စာမျက်နှာသစ်ဖွင့်လှစ်ဖို့အတွက် လုပ်ဆောင်ရာမှာ သေခြာစီစဉ်ထားတဲ့ ကောင်းမွန်တဲ့ခြေလှမ်းတရပ်ဘဲဖြစ်ပါတယ်။ Emirati ရဲ့ လှုပ်ရှားမှုက ပင်လယ်ကွေ့ဒေသပူးပေါင်းလုပ်ဆောင်ရေးကောင်စီအဖွဲ့ဝင် အထူးသဖြင့် ဘာရိန်းနဲ့ အိုမန်နိုင်ငံတို့ကို ၎င်းတို့နောက်လိုက်ပြီး လုပ်ဆောင်ဖို့ လှုံ့ဆော်မှုတွေပေးနိုင်ပါတယ်။ သိပ်မကြာသေးတဲ့ နှစ်တွေမှာဘဲ အဲသည့်နိုင်ငံတွေဟာ ပုံမှန်ဆက်ဆံရေးကို ထောက်ခံတဲ့ ထုတ်ပြန်ကြေညာချက်တွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။ ကွယ်လွန်သွားပြီးဖြစ်တဲ့ အိုမန်နိုင်ငံရဲ့ ပသီဘုရင် Qaboos ဟာ အစ္စရေးနိုင်ငံဝန်ကြီးချုပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကာတာနိုင်ငံဟာလည်း အစ္စရေးနိုင်ငံအပေါ် ရန်လိုမှုတွေမရှိဘဲ၊ ဝန်ကြီးချုပ် Netanyahu ရဲ့ အုပ်ချုပ်ရေးအစိုးရနဲ့ ပူးပေါင်းပြီး Gaza ကမ်းမြောင်ဒေသက ပြည်သူတွေအတွက် ငွေကြေးနဲ့ တခြားထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးပို့ရာမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
အချိန်ကိုက်လုပ်ဆောင်မှုနဲ့ ဝါရှင်တန်က ထွက်ပေါ်လာတဲ့ ကြေညာချက်ဟာ သမ္မတ Trump ရဲ့ ရွေးကောက်ပွဲအတွက် တွက်ချက်လုပ်ဆောင်မှုဘဲဖြစ်ပါတယ်။ ဝါရှင်တန်အစိုးရရဲ့ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကိုင်တွယ်လုပ်ဆောင်မှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် လူကြိုက်နည်းခဲ့တဲ့ရလဒ်တွေကြောင့် သမ္မတဟာ အဓိကစစ်တမ်းကောက်ယူရာမှာ ထောက်ခံမှုနှုန်း ကျဆင်းခဲ့ပါတယ်။ သမ္မတ Trump ဟာ အစ္စရေးနိုင်ငံရဲ့ UAE နိုင်ငံနဲ့ တခြား ပင်လယ်ကွေ့နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ပြေလည်သွားအောင် ဆောင်ရွက်မှုတွေကတဆင့် ကွန်ဆာဗေးတစ်တွေရဲ့ ထောက်ခံမှုတွေ ပြန်လည်တိုးမြှင့်ရရှိသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ဟာ ဝန်ကြီးချုပ်ရာထူး ထပ်မံတဖန် ပြန်လည်ထမ်းဆောင်ခဲ့ချိန်ကစပြီး၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့အလယ်ပိုင်းမူဝါဒမှာ အစ္စရေးနိုင်ငံကို ပုံမှန်ဆက်ဆံရေးတွေကို ပြန်လည်ထားရှိသွားဖို့ ကြိုးပမ်းခဲ့ပါတယ်။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ဒေသအတွင်းနဲ့ နည်းဗျူဟာကျ လုပ်ကိုင်ဖက်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသား al-Nahyan က ဝန်ကြီးချုပ် Netanyahu နဲ့ ပိုမိုနီးကပ်လာဖို့ ကြိုးပမ်းခဲ့ပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဆက်ဆံရေးတွေ ပုံမှန်ပြည်လည်တည်ဆောက်သွားဖို့ ဖြစ်ပေါ်တိုးတက်မှုအဟာ အစ္စရေး- UAE နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေးတွေကို ပိုမိုတိုးတက်အားကောင်းအောင် လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယနိုင်ငံအတွက်ကတော့ လက်ခံကြိုဆိုစရာ ဖြစ်ပေါ်တိုးတက်မှုဘဲ ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment