COVID-19 ကာလ အိန္ဒိယနိုင်ငံ၏ ဂျုံ၊ စပါးများ ဖူလုံစွာသိုလှောင်ထားနိုင်မှုက အဓိက အသက်ရူချောင်စရာ ဖြစ်စေခဲ့ခြင်း
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ကာလ အိန္ဒိယနိုင်ငံ၏ ဂျုံ၊ စပါးများ ဖူလုံစွာသိုလှောင်ထားနိုင်မှုက အဓိက အသက်ရူချောင်စရာ ဖြစ်စေခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြပါရစေ။
COVID-19 က ဖန်တီးလိုက်သည့် တနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်မှု (lockdown) နှင့် အလွန်နည်းပါးသည့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများသာရှိနေသည့် ကာလမှာ အသေးစားစီးပွားရေးလုပ်ငန်းများတွင် မှတ်သားလောက်စရာ ဖြစ်ပေါ်တိုးတက်မှုအနေဖြင့် နိုင်ငံ၏ စပါးကျီတွင် ဂျုံနှင့်စပါး စာသောက်ကုန်များ စံချိန်တင် သိုလှောင်ထားနိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ ယခုလိုရလဒ်က လူတန်းစားအလွှာ အသီးသီးကို မျှော်လင့်ချက်များပေးပြီး အသက်ရူချောင်စေခဲ့ပါတယ်။ အလျှံပယ်ဖြစ်တဲ့ စားသောက်ကုန်များအားအသုံးပြုပြီး လုံလောက်မှုရှိစေရန် လုပ်ဆောင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။
၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သည့် ယခုနှစ်ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ စားသောက်ကုန်သိုလှောင်ထားနိုင်မှုမှာ ၇၃.၈၅ မက်ထရစ်တန်ဖြစ်ပြီး၊ အမြင့်မားဆုံးဖြစ်ပြီး၊ အနိမ့်ဆုံး အရန်သိုလှောင်ထားမှု လိုအပ်ချက်ဖြစ်သော ၂၁.၀၄ မက်ထရစ်တန်ထက် သုံးဆခွဲ ပိုမိုများပြားနေခြင်းဖြစ်ပါတယ်။ တနိုင်ငံလုံးရှိ သာမန်လူတန်းစားများအား အကျိုးပြုစေမည့် အရေးတကြီးလုပ်ဆောင်ရန်လိုအပ်သော ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ကြပါရန် လက်ရှိ Lockdown ချမှတ်ထားသည့်ကာလအတွင်း အခြေအနေများနှင့်စပ်လျင်းပြီး ဝန်ကြီးချုပ် Modi သည် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ၄ ကြိမ်မြောက်အဖြစ် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။ ယခုလို ဝန်ကြီးချုပ်၏ တိုက်တွန်းပြောကြားချက်မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကြောင့် လူထု၏ပါဝင်လုပ်ဆောင်မှုများ ပျက်ကွက်နေစဉ် အသက်ရှင်သန်ရေးနှင့် အသက်မွေးဝမ်းကျောင်း အကြား ဆွေးနွေးငြင်းခုံခြင်းများ ပေါ်ပေါက်နေသည့်ကာလအတွင်း နီးကပ်စွာထွက်ပေါ်လာခြင်းတော့ မဟုတ်ပါ။
အိန္ဒိယအစားအစာကော်ပိုရေးရှင်း (FCI) ရဲ့ စာပါးကျီမှာ စားသောက်ကုန်များအလျှံပယ် ဝင်ရောက်လာမှုမှာ ဆန် ၄၉.၁၅ မက်ထရစ်တန်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့အတွက် အနိမ့်ဆုံး ပျှမ်းမျှလိုအပ်ချက်ဖြစ်တဲ့ ၁၃.၅၈ မက်ထရစ်တန်ထက် ၃.၆ ဆ ပိုမိုများပြားခြင်းဖြစ်ကာ၊ ဂျုံ ကလည်း၂၄.၇ မက်ထရစ်တန်ဖြစ်ကာ ဧပြီလ ၁ ရက်နေ့အတွက် အနိမ့်ဆုံးပျှမ်းမျှလိုအပ်ချက်ဖြစ်တဲ့ ၇.၄၆ မက်ထရစ်တန် ထက် ၃.၃ ဆ ပိုမိုများပြားခဲ့ပြီး၊ စားသောက်ကုန်အသစ်များ စတင်ဝယ်ယူရရှိရန် ရာသီကျရောက်လာချိန်လည်းဖြစ်ပါတယ်။
စားသောက်ကုန်များကို ဝယ်ယူသည့် အိန္ဒိယအစိုးရ၏ မူဝါဒမှာ ကန့်သတ်ထားခြင်းမရှိဘဲ၊ လယ်သမားများအား ကူညီထောက်ပံ့မှုပေးနိုင်ရန် ပြည်နယ်အစိုးရကချမှတ်ထားသည့် အနိမ့်ဆုံးသတ်မှတ်ထားသည့် စျေးနှုန်းအလိုက် လယ်သမားများမှ ရောင်းချပေးသည့် ဂျုံနှင့် စပါးများကို ဝယ်ယူခြင်းဖြစ်ပါတယ်။ လယ်သမားများအား ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး သတ်မှတ်ထားသည့် အခြေခံစျေးနှုန်းမှာ တနှစ်ပတ်လုံး စားသောက်ကုန်များ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အစိုးရအနေဖြင့် ယခုလိုမူဝါဒအား ချမှတ်လုပ်ဆောင်လာခဲ့ခြင်းမှာ၊ လွန်ခဲ့သောအချိန်များက နိုင်ငံအတွင်း စားသောက်ကုန်မလောက်ငှမှုကြောင့် “ship to mouth” ဟု ခေါ်တဲ့ နိုင်ငံခြားမှ တင်သွင်းမှုကို အားကိုးကာ ရှင်သန်ရသည့် အခြေအနေမျိုးမှ ရှောင်လွှဲနိုင်ရန်အတွက် သတိထား လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။
ယခုလိုရလဒ်ကောင်းများ ရရှိလာခဲ့ခြင်းမှာ “green revolution” ဟုအမည်ပေးထားသည့် ကွဲပြားသော စီမံကိန်းအမျိုးမျိုးနှင့် ခိုင်မာသည့် စီစဉ်ဆောင်ရွက်မှုများက မုတ်သုံရာသီကာလ လယ်သမားများတွေ့ကြုံရင်ဆိုင်နေရမြဲ အခက်အခဲများကို လျော့ချပေးနိုင်ခဲ့ကြောင့်သာ ဖြစ်ပြီး၊ ရိတ်သိမ်းချိန် တနှစ်ပြီး တနှစ် အထွက်များပိုမိုကောင်းမွန်လာခဲ့ပါတယ်။ အဆက်မပြတ် တိုးမြင့်လုပ်ဆောင်နေတဲ့ အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအား ထောက်ပံ့ကူညီပေးသည့် စီမံကိန်းများနဲ့အတူ အိန္ဒိယနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်နိုင်မှုမှာ ၂၀၀၀-၂၀၀၁ ခုနှစ်မှာ ၁၉၇ မက်ထရစ်တန်ရှိနေခဲ့ရာက၊ ၂၀၁၉-၂၀၂၀ မှာ ၂၉၂ မက်ထရစ်တန်တို့ တိုးမြှင့်ခဲ့ခြင်းက အံ့သြစရာတော့မဟုတ်ပါဘူး။ အဆိုပါစီမံကိန်းတွေထဲမှာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလကစတင်ခဲ့တဲ့ လယ်သမားများအား တနှစ်လျင် ရူပီးငွေ ၆ ထောင် တိုက်ရိုက်ထောက်ပံ့ပေးအပ်သည့် Pradhan Mantri Kisan Samman Nidhi Yojana စီမံကိန်းနှင့် အသက် ၆၀ ပြည့်သည့် လယ်သမားများအား ပင်စင်ပေးသည့် Pradhan Mantri Kisan Maan Dhan Yojana စီမံကိန်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။
မတ်လ ၂၇ ရက်နေ့ကစတင်ခဲ့သည့် Pradhan Mantri Garib Kalyan Yojana သက်သာချောင်ချိရေး စီမံကိန်းကလည်း ပြည်သူများ စားသောက်ကုန်များဖြန့်ဝေမှုအား လွယ်ကူစွာရရှိစေခဲ့ပြီး၊ နိုင်ငံတော် စားသောက်ကုန်လုံခြုံရေးအက်ဥပဒေကလည်း ကျေးလက်တောရွာများမှ အိမ်ထောင်စုအားလုံးရဲ့ ၄ ပုံ ၃ ပုံနဲ့ မြို့ပြနေ အိမ်ထောင်စုအားလုံးရဲ့ ထက်ဝက်အား ဆန်နှင့်ဂျုံ အပို ၅ ကီလိုအား အခမဲ့ပေးဝေစေနိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇွန်လအထိ တလလျှင် ဂျုံ ၅ ကီလိုအထက် ရောင်းချမှုစျေးနှုန်းအား ဂျုံတကီလို ၂ ရူပီးနှင့် ဆန် တကီလို ၃ ရူပီးအဖြစ်သတ်မှတ်မှုကလည်း စားသောက်ကုန် ရှင်းထုတ်နိုင်ဖို့ ကူညီခဲ့ပါတယ်။
ယခုလို ထောက်ပံ့ကူညီပေးတဲ့ စီမံကိန်းတွေကြောင့် လယ်သမားတွေကလည်း မည်ကဲ့သို့သော် သဘာဝဘေးဒါဏ်များကျရောက်ပါစေ၊ နိုင်ငံအတွက် လိုအပ်သည့် အခြေခံ စာသောက်ကုန်များ လောက်ငှစွာထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ကိုင်နိုင်စေခဲ့ပါတယ်။ သဘာဝအင်အားစုများကဖန်းတီးသည့် မည်ကဲ့သို့သော ခြိ်မ်းခြောက်မှုများကိုမဆို ရင်ဆိုင်တိုက်ခိုက်ရာမှာ အိန္ဒိယနိုင်ငံရဲ့ လယ်သမားများမှာ စစ်မှန်သည့်အနစ်နာခံသူများနဲ့ ရှေ့တန်းမှ တိုက်ပွဲဝင်သည့် စစ်သားများဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment