COVID-19 တိုက်ဖျက်မှုတွင် ပြည်သူများအား ဝန်ကြီးချုပ်ကချီးကျူး
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 တိုက်ဖျက်မှုတွင် ပြည်သူများအား ဝန်ကြီးချုပ်ကချီးကျူး” ဆိုတဲ့အကြောင်း အစီအရင်ခံ တင်ပြပါရစေ။
၂၀၂ဝခုနှစ် ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က All India Radio အစီအစဉ်အားလုံးမှ ထုတ်လွှင့်ခဲ့သည့် ၎င်း၏ Mann Ki Baat အစီအစဉ်မှတဆင့် ဝန်ကြီးချုပ် Narendra Modi က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင်အတူတကွပူးပေါင်လုပ်ဆောင်နေသည့် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
တနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်သည့် (lockdown) အမိန့်ချမှတ်ထားသည့်ကာလအတွင်း ပြည်သူ-ဗဟိုပြု၊ ပြည်သူ-ဦးဆောင် ဆိုသည့်ဆောက်ရွက်မှုကို ရွေးချယ်ကာ လုပ်ဆောင်မှုက ကမ္ဘာပေါ်ရှိ ပေါ်လစီမူဝါဒရေးဆွဲသူများကြား ပြောစမှတ်တခု ဖြစ်လာခဲ့ကြောင်း Mr Modi က ပြောပါတယ်။
အိန္ဒိယနိုင်ငံ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်လာ အာယုဗေဓဆေးဝါး ချမ်းသာကြွယ်ဝမှုအား ဖော်ထုတ်ကြပါရန် အိန္ဒိယ လူငယ်လူရွယ်များအား ဝန်ကြီးချုပ်က တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၏ ရှေးယဉ်ကျေးမှု ဆေးဖက်ဆိုင်ရာ ကုထုံးများက လူအများခံစားတွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းပေးခဲ့ပြီး၊ ယခုလိုအကြပ်အတည်းကာလတွင် အိန္ဒိယလူငယ် လူရွယ်များအနေဖြင့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးကြပါရန် Mr Modi က တိုက်တွန်းခဲ့ပါတယ်။ တီထွင်ဆန်းသစ်မှုသည် အနာဂါတ်ကာလ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
တနိုင်ငံလုံးရှိ ရဲများမှာ ၎င်းတို့၏ တာဝန်ဝတ္တရားဖြစ်သည့် တရားဥပဒေစိုးမိုးရေးရှိရန် လုပ်ဆောင်မှုထက်ကျော်လွန်ကာ၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် အစားအသောက်များနှင့် အကူအညီများကို ပေးဝေရေးသို့တွင် ရှေ့တန်းမှပါဝင်လုပ်ဆောင်နေကြပြီး၊ ရဲတပ်ဖွဲ့၏ အသွင်အပြင်သစ်ကို ဖော်ထုတ်လိုက်ကြောင်း ဝန်ကြီးချုပ်က ၎င်း၏ ရေဒီယိုအစီအစဉ်ထုတ်လွှင့်စဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ လူတချို့အား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးရာတွင် ရဲတပ်ဖွဲ့များက လုပ်ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
COVID-19 တိုက်ဖျက်ရေးနှင့် ကုသရေးတို့တွင် ရှေ့တန်းမှပါဝင်ကာ တာဝန်ထမ်းဆောင်နေသည့် သူရဲကောင်းများဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ အကူဝန်ထမ်းများနှင့် အခြားပါဝင်လုပ်ဆောင်နေသူများ၏ လုံခြုံရေးအတွက် အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေမှာ နေ့စဉ်နှင့်အမျှလိုအပ်ချက်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး သူရဲကောင်းများကို တိုက်ခိုက်ကြသူများမှာ ယဉ်ကျေးသည့် လူမှုအသိုင်းအဝိုင်းတွင် စာရိတ္တကို စွန်းထင်စေသည့်အပြုအမူဖြစ်ပြီး၊ ဥပေဒချိုးဖောက်သူများမှာ အရေးယူခံရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို ကာကွယ်တားဆီးသည့် လုပ်ဆောင်ချက်ဖြစ်သည့် lockdown ချမှတ်မှုက ကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေခဲ့ပြီး၊ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုက ပုံမှန်သွားလာလှုပ်ရှား လည်ပတ်မှုတို့ကို ရပ်တန့်စေခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုက လူများအား အဓိကဦးစားပေးရမည့်အရာများကို တွေးတောရာတွင် အသစ်သော တွေးတောမှုများ ပေးဝေခဲ့ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာလ အလွန် ကမ္ဘာကြီးမှာ အစောပိုင်းကာလနှင့် ခြားနားသွားမည်ဖြစ်ကာ၊ လိုအပ်ချက်အနည်းငယ်ဖြင့် ဘဝကို ရိုးရှင်းစွာနေထိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။
ကျွန်ုပ်တို့အနေဖြင့် သတိလက်လွတ်ဖြစ်ကာ အားရကျေနပ်နေမှု သို့မဟုတ် မိမိကိုယ်ကို ယုံကြည်မှုများ လွန်ကဲနေခြင်းတို့ မဖြစ်စေရန် စောင့်ထိန်းမှု သတိအနေအထားကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ ဗိုင်းရပ်စ်က ကျွန်ုပ်တို့၏ အိမ်နီးချင်း သို့မဟုတ် အိမ်ထဲသို့ မဝင်လာခဲ့သေးရင်တောင် အမြဲသတိရှိနေသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံအများအပြားမှာ သတိရှိမှုအား လေထဲလွှင့်ပစ်ခဲ့သည့်အတွက် ကြီးမားသည့် ပေးဆပ်မှုများကို ပေးလိုက်ရသည်ကို တွေ့မြင်ရပြီဖြစ်ကြောင်း ၎င်းကပြောပါတယ်။
Lockdown ကာလအတွင်း ပြည်သူများ အိမ်ပြင်မထွက်ဘဲ အိမ်ထဲတွင်သာ နေထိုင်ကြရန် ဝန်ကြီးချုပ်က ပြန်လည်တဖန် တိုက်တွန်းပြောကြားခဲ့ပြီး၊ lockdown ချမှတ်ထားသည့် ကာလပြီးဆုံးခဲ့ရင်တောင် တချို့သော တင်းကြပ်မှုများ ဆက်လက်ချမှတ်ထားရန် လိုအပ်ကြောင်း ပြောပါတယ်။ လူတဦးနှင့်တဦး ၂ ကိုက် အကွာနေထိုင်ရေး မူမှာ ယခုအချိန်တွင် အလွန်အရေးကြီးလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။
Lockdown ချမှတ်ထားသည့်အချိန်ကာလအတွင်း ဘာသာရေးပွဲ အခမ်းအနားများကို မိမိတို့၏ နေအိမ်ထဲတွင်ပင်နေထိုင်ကာ ကျင်းပခဲ့သည့် ပြည်သူများအား ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး၊ ဟိန္ဒူဘာသာဝင်များ၏ Akshay Tritiya ပွဲလမ်းသဘင်ကာလနှင့် အစ္စလမ်ဘာသာဝင်တို့၏ သန့်ရှင်းမြင့်မြတ်သောလ Ramzan ဝင်ရောက်လာသည့် ကာလတွင် ပြည်သူများကို ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ပါတယ်။ အစာရှောင်ဝတ်ပြုဆုတောင်းကြရာတွင် ပြည်သူများ အနေဖြင့် ဒေသခံ သက်ဆိုင်ရာ အာဏာပိုင်းများ၏ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ Lockdown ချမှတ်ထားသည့်ကာလအတွင်း လူအများစုရုံးခြင်းကိုရှောင်ရှားပြီး၊ လူစုလူရုံးဖြင့် ဝတ်ပြုဆုတောင်းခြင်းတို့ကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းပြောဆိုကြသည့် မူစလင် ဘာသာရေးဆရာများနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Comments
Post a Comment