အိန္ဒိယနိုင်ငံသည် Covid-19 ကူးစက်ရောဂါကို တိုက်ဖျက်လျှက်ရှိနေ
သောတရှင်များခင်ဗျာ ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် Covid-19 ကူးစက်ရောဂါကို တိုက်ဖျက်လျှက်ရှိနေ” ခြင်းအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့်အတူ ဒုက္ခခံစားလျှက် ရှိနေခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုပ်နိုင်ငံမှာ ဒီဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အချိန်ကတည်းက အိန္ဒိယ သိပ္ပံပညာနှင့် ဆေးပညာပိုင်း အသိုင်းအဝိုင်းတို့ဟာ ဒီဗိုင်းရပ်စ်ပိုးကို ဂရုတစိုက် လေ့လာနေခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် Kerala ပြည်နယ်မှာ ပထမဆုံး ကူးစက်ခဲ့တာဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူးစက်ခံခဲ့ရသူဟာ နိုင်ငံရပ်ခြားမှ ပြန်လာသူဖြစ်ခဲ့ပြီး အဲဒီကတည်းက အိန္ဒိယနိုင်ငံဟာ တခြားသော နိုင်ငံရပ်ခြား တိုင်းပြည်အများအပြားတို့မှာပြုလုပ်နေကြတဲ့ အစီအစဉ်တွေကို နေရာချထားလာခဲ့ပါတယ်။
ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှု ညွှန်ပြနေတဲ့အလျောက် ဖွံ့ဖြိုးပြီးကမ္ဘာဟာလည်း ကူးစက်ရောဂါရဲ့ ထိုးနက်မှုကို ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဗိုင်းရပ်စ်ဟာ ပိုပြီးတော့တောင် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံဟာ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ဖို့ သူ့ကိုယ်ပိုင်ပေါ်လစီကို ဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ မတ်လ အစောပိုင်းကတည်းက အိန္ဒိယနိုင်ငံဟာ နိုင်ငံခြားနိုင်ငံတွေမှာ သောင်တင်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ကိုယ့်နိုင်ငံသားတွေ အိန္ဒိယနိုင်ငံမှာ ရောက်ရှိပြီးတဲ့နောက် ၎င်းတို့ နေအိမ်များသို့ ပြန်ခွင့်မပြုမီ ၁၄ ရက်ကြာ သီးသန့်ထားရှိခဲ့ပါတယ်။
မတ်လ ၂၂ ရက်နေ့မှာတော့ နိုင်ငံတော်ဟာ ဝန်ကြီးချုပ်ရဲ့ တောင်းခံချက်အရ တနေ့ကြာ အပြင်မထွက်ရ ကာဖျူးအမိန့်ကို လိုက်နာလုပ်ဆောင်ခဲ့ကြပြီး ကိုရိုနာတိုက်ဖျက်ရေးအတွက် ၎င်းတို့ရဲ့ လိုလားမှုစိတ်ကို ပြသခဲ့ကြပါတယ်။
အိနဒိယနိုင်ငံဟာ ဒီရောဂါပိုးပျံ့နှံ့မှု ဟန့်တားဖို့အတွက် မတ်လ ၂၅ ရက်နေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနှင့် သီတင်းပတ် ၃ ပတ်ကြာ အပြင်မထွက်ရ ပိတ်ဆီးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အင်မတန်အောင်မြင်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာသာရေးဌာနတခုမှာ ပြည်သူလူထုတွေဟာ တရားမဝင် စုဝေးဝတ်ပြုမှုတခုကြောင့် တချို့သော အရေးကြီးတဲ့ ရပ်ဝန်းဒေသတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနေရာမှာလည်း အိန္ဒိယနိုင်ငံဟာ အဲဒီစုဝေးမှုမှာ ပါဝင်ခဲ့သူတွေကို ခြေရာခံ၊ စမ်းသပ်ပြီး သီးသန့်ထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Covid-19 ရောဂါ ကူးစက်ခံထားရသူတွေကိုလည်း နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတို့မှာ ဆေးကုသလျှက် ရှိနေပါတယ်။
နိုင်ငံတော်ဟာ ဆင်းရဲ့ချို့တဲ့သူတွေနှင့် ခေတ်နောက်ကျသူတွေကိုလည်း စောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရဟာ ဆင်းရဲသူတွေနှင့် နေ့စဉ် လက်လုပ်လပ်စားတွေ ခံစားစေဖို့အတွက် ရူပီးငွေ ကုဋေပေါင်း ၁.၇ သိန်း ကြေညာခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ခိုလှုံရာ နေရာထောင်ပေါင်းများစွာတို့ကို တည်ဆောက်ပေးခဲ့ရာပါတယ်။
အဲဒီလို အခက်အခဲဖြစ်နေချိန်မှာလည်း အိန္ဒိယနိုင်ငံဟာ ဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ဖို့ တည်ဆောက်ထားတဲ့ SAARC ရံပုံငွေအဖွဲ့အတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းပြီး အိမ်နီးချင်းနှင့် မိတ်ဆွေနိုင်ငံတွေကိုကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ နီပေါ၊ မော်လဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့ကို ကုသရေးဆေးဝါးတွေ တင်ပို့ပေးဖို့အတွက်လည်း ဆုံးဖြတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ် တကမ္ဘာလုံးကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီကူးစက်ရောဂါဟာ စီးပွားရေး ထိခိုက်နစ်နာမှုတွေ ရှိမှာဖြစ်ပေမယ့် အိန္ဒိယနိုင်ငံသားတွေရဲ့ ကျန်းမာရေးဟာ ပထမဦးစားပေး လာပါတယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ စတင်ခဲ့တဲ့ လုပ်ဆောင်မှုပုံစံကို ကမ္ဘာ့အေဂျင်စီအဖွဲ့တွေက အသိအမှတ်ပြုပြီး တခြားနေရာတွေမှာ နမူနာယူ လုပ်ဆောင်လျှက် ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီကပ်ရောဂါကို ဆန့်ကျင်တိုက်ဖျက်ရာမှာ အောင်မြင်မှုတွေနှင့် အသေအချာ အပေါ်ထွက်လာမှာ ဖြစ်ပါတယ်….စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆင်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment