ရေနံလုပ်ငန်းနှင့် ကမ္ဘာ့စီးပွားရေးတို့အပေါ် ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှု
သောတရှင်များခင်ဗျား၊ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ ရေနံလုပ်ငန်းအကြောင်း လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Jeetendra Cheema ဝေဖန်ရေးသားပေးပို့ထားတဲ့ “ ရေနံလုပ်ငန်းနှင့် ကမ္ဘာ့စီးပွားရေးတို့အပေါ် ကိုရိနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
COVID-19 သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုဒဏ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစျေးကွက်ဟာ ကြီးမားစွာထိခိုက်နေပြီး၊ ခက်ခဲစွာ ရုန်းကန်နေရပါတယ်။ စွမ်းအင်ကဏ္ဍကလည်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အနီးကပ်လေ့လာစောင့်ကြည့်နေပါတယ်။ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေသည့် COVID-19 ၏ သက်ရောက်မှုများကြောင့် ရေနံထုတ်ကုန်တင်ပို့မှုပိုလျှံကာ၊ ဝယ်လိုအားလျော့ကျမှုဒဏ်နှစ်ခုကို ခံနေရသည့် ကုမ္ပဏီများအနေဖြင့် ပြဿများကို ကိုင်တွယ်ဖြေရှင်းရလွယ်ကူစေရန်၊ ပြည်တွင်းသဘာဝဓါတ်ငွေ့တန်ဖိုး ထိန်းချုပ်မှုကို အဆုံးသတ်ပေးရေးနှင့် ရေနံထုတ်လုပ်မှုအပေါ် ချမှတ်ထားသည့် အခွန်ငွေလျော့ချပေးရေးတို့ကို လုပ်ဆောင်ပေးပါရန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်သူများက စက်မှုလုပ်ငန်းအသင်းအဖွဲ့အများအပြားနှင့် အဖွဲ့အစည်းများမှတဆင့် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်းလုံး ကပ်ဆိုက်လာနေသည့်နည်းတူ၊ အိန္ဒိယနိုင်ငံတွင်လည်း တနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်တားဆီးသည့်အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ဝယ်ယူသုံးစွဲသူများ ရပ်တန့်သွားခဲ့ရာ အိန္ဒိယနိုင်ငံ၏ ရေနံဝယ်လိုအားကလည်း ၇၀% ကျဆင်းသွားခဲ့သည်။ ဝယ်လိုအား ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်သူများအတွက် ကြီးမားသည့်စိန်ခေါ်မှုနှင့် တွေ့ကြုံနေရပြီး၊ တင်ပို့မှုကို လျော့ချပြီး၊ ကမ္ဘာ့စွမ်းအင်လုပ်ငန်းကဏ္ဍ လဲကျပြိုလဲသွားမည့်ဘေးမှ ကယ်တင်နိုင်ရန် အပြင်းအထန်း ညှိနှိုင်းလုပ်ဆောင်နေရပါတယ်။ စွမ်းအင်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် တခြားရွေးချယ်စရာမရှိဘဲ၊ ယခုကပ်ဘေးပြီးဆုံးသွားပါက ထောက်ပံ့ကာကွယ်ပေးမည့် ၎င်းတို့၏ သက်ဆိုင်ရာစာချုပ်များအပေါ်တွင် မှီခိုရန် ကြိုးပမ်းလာနေပြီး၊ အဲသည့်နည်းလမ်းဖြင့် တနိုင်ငံလုံးရှိ အသေးစားစက်ရုံးများ၊ မြို့တွင်းသဘာဝဓါတ်ငွေ့ဖြန့်ဖြူးသူများ၊ သဘာဝဓါတ်ငွေ့ ရောင်းချသူများ၊ ပြည်တွင်းနှင့် ပြည်ပ တင်ပို့ရောင်းချသူများ အားလုံးကို အကြုံးဝင်လာစေမည်ဖြစ်ပါတယ်။
ဖော်ပြပါတိုးတက်ဖွံ့ဖြိုးမှုလုပ်ဆောင်နေသည့်အချိန်အတွင်း၊ တနိုင်ငံံံလုံး သွားလာလှုပ်ရှားမှုများ ပိတ်ပင်သည့် အမိန့်ဂယက်ကြောင့် ဂျက်လေယာဉ်အင်ဂျင်ဆီ ဝယ်လိုအားကို ဖျက်ဆီးခဲ့ပြီး၊ ၅ နှစ်အတွင်း အနှိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကာ၊ မတ်လတွင်ဝယ်ယူသုံးစွဲမှုမှာ ၂၉.၈၆% ဖြစ်သည့် မက်ထရစ်တန် ၄၈၄,၀၀၀ သို့ ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယတနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်ခဲ့ခြင်းက လေယာဉ်ပျံသန်းမှုများကို ရပ်တန့်သွားစေခဲ့ပြီး၊ လေယာဉ်ဆီတင်ပို့မှုများ ပိုလျှံစေခဲ့ကာ၊ လေယာဉ်ခရီးစဉ် သွားလာမှုများကလည်း တစတစ လျော့ပါးသွားခဲ့ပါတယ်။ ယခုလိုအခြေအနေက ဝယ်သူများကို ဆွဲဆောင်နိုင်ရန် လေယာဉ်ဆီရောင်းချသူများကို အလွန်လျော့နည်းသည့် စျေးနှုန်းဖြင့် ရောင်းချရန် တွန်းပို့စေခဲ့ပါတယ်။
ရေနံထွက်ကုန်များဖြစ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်၊ ရေနံဆီနှင့် ရေနံကတ္တရာ ကဲ့သို့သော ထုတ်ကုန်ပစ္စည်း ဝယ်လိုအားမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံမှ ရေနံထုတ်ကုန် ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ (OMC) ကလည်း ပြောဆိုထားပါတယ်။ ဒီဇယ်ဝယ်ယူသုံးစွဲမှုမှာ ယမန်နှစ်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျင် ၁.၁၃% သို့ကျဆင်းသွားခဲ့ပြီး၊ ရေနံထွက်ကုန်သုံးစွဲမှုပမာဏ လွန်ခဲ့သော ဖေဖေါ်ဝါရီလအထိ လပေါင်း ၃၀ ဆက်တိုက်တိုးမြှင့်ခဲ့ရာမှ မတ်လတွင် ၁၆.၃၆% သို့ ကျဆင်းသွားခဲ့ပါတယ်။ ရေနံစိမ်းစျေးကွက်အကြီးမားဆုံး နိုင်ငံတနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတွင်လည်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စျေးနှုန်းလျော့ချခဲ့ရပြီး၊ ရောင်းချမှုများ ကျဆင်းသွားခဲ့ကာ၊ စတော့ရှယ်ယာကျဆင်းမှုများနှင့် တွေ့ကြုံခဲ့ရပါတယ်။
စိုးရိန်ထိပ်လန့်မှုများကြောင့် ရေနံမှထုတ်လုပ်သည့် ဓါတ်ငွေ့အရည် LPG ဆလင်ဒါများက ဝယ်လိုအားမြင့်တက်ခဲ့သော်လည်း၊ လာမည့်သုံးလအတွင်း ဆင်းရဲသားများအတွက် Ujjwala စီမံကိန်းအောက် ရေနံမှထုတ်လုပ်သည့် ဓါတ်ငွေ့ အရည် LPG ဆလင်ဒါများ အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကတိပေးပြောကြားခဲ့ပါတယ်။
ဝယ်လိုအားမြင့်တက်လာသည့် LPG တောင်းဆိုမှုကို ပြည့်ဝစေရန် အိန္ဒိယရေနံထုတ်လုပ်ရေး (Indian Oil) ကမ္ပဏီက LPG ထုတ်လုပ်မှုကို တိုးမြှင့် ထုတ်လုပ်လျှက်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပြီး၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးကဏ္ဍသည်သုံးစွဲသူများ၏ တောင်းဆိုမှုနှင့် တင်ပို့နိုင်မှုတို့ကို ချိန်ခွင်လျှာညီမျှစေရန် လုပ်ဆောင်ရာတွင် အခက်အခဲတွေ့ကြုံနေရပါတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ကပြောဆိုထားရာမှာ ကမ္ဘာတဝှမ်းလုံး ရေနံလိုအပ်မှုက ၂၀၂၀ ခုနှစ်တွင် တရက်လျင်ရေနံစည် ၉၉.၉ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် တရက်လျင် ဝယ်လိုအား ရေနံစည် ၉၀,၀၀၀ လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့အစည်းမှ၂၀၂၀ ဖေဖေါ်ဝါရီလတွင် ခန့်မှန်းပြောဆိုထားသည့် ကမ္ဘာတဝှမ်းလုံး ရေနံဝယ်လိုအားသည် တရက်လျင် ရေနံစည်ပေါင်း ၈၂၅,၀၀၀ တိုးမြှင့်လာလိမ့်မည်ဟု ခန့်မှန်းပြောဆိုထားခြင်းမှ အလွန်ကွာခြားလျော့နည်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ယခုလို ကပ်ဘေးဆိုက်နေချိန်တွင် အိန္ဒိယနိုင်ငံ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းသည် ပြည်တွင်းအခြေစိုက်မှုကို အာရုံပြုလုပ်ဆောင်သင့်ပါတယ်။ အိန္ဒိယနိုင်ငံက အရေးပေါ်အခြေအနေများမှာ ရေနံများရရှိအသုံးပြုနိုင်ရန် အရံရေနံထားရှိမှုအားကောင်းစေဖို့ မြေအောက် ရေနံသိုလှောင်မှုနည်းလမ်းများကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ရေနံစျေးကျနေသည့် ယခုလိုအချိန်မှာ အိန္ဒိယနိုင်ငံအတွက် အခွင့်ကောင်းတခုလည်းဖြစ်ပါတယ်။ ရေနံစျေးလျော့ကျမှုကြောင့် သုံးစွဲသူများအနေဖြင့်လည်း လက်ထဲတွင် ငွေပိုငွေလျှံများ ရရှိလာစေကာ၊ အစိုးရအနေဖြင့်လည်း သုံးစွဲမှုဘတ်ဂျက်တွင် လျော့ချမှု အကြိုးရလဒ်ကို ရရှိစေမည်ဖြစ်သည်။ LNG သဘာဝဓါတ်ငွေ့ သိုလှောင်သူများအနေဖြင့်လည်း နည်းပါးသည့်စျေးနှုန်းဖြင့် ဝယ်ယူသိုလှောင်ထားကာ နောက်ပိုင်း ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။ စျေးကွက်ရှာဖြန့်ဖြူးရောင်းချသူများကလည်း သဘာဝဓါတ်ငွေ့စျေးနှုန်း လျော့ကျသွားသည့်အတွက် သုံးစွဲသူအများအပြားကို ပိုမိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံက မိမိကမ်းခြေများတွင် လာရောက်ဆိုက်ကပ်သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့တင်ဆောင်ထားသော ကုန်တင်သင်္ဘောများ သွားလာလှုပ်ရှားမှုကို တင်းကြပ်စွာ ကန့်သတ်ထိန်းချုပ်ထားသော်လည်း၊ အဆိုပါထုတ်ကုန်များကို မရှိမဖြစ် ထုတ်ကုန်များတွင် သတ်မှတ်ထည့်သွင်းထားကာ၊ COVID-19 ကင်းရှင်းကြောင်း သက်ဆိုင်ရာ ကမ်းခြေအာဏာပိုင်များမှ စစ်ဆေးပြီးပါက ဝင်ရောက်သွားလာခွင့် ရရှိမည်ဖြစ်ပါတယ်။ လာမည့်အနာဂါတ်တွင်လည်း ဓါတ်ဆီ၊ ဒီဇယ်နှင့် ဂျက်အင်ဂျင်လေယာဉ်ဆီ ဝယ်လိုအားများ ဆက်လက်ကျဆင်းနိုင်ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်ဆိုင်ရာ သုံးစွဲမှုနှုန်းကို ပိုမို ကျဆင်းစေမည့် အလားအလာရှိနေကြောင်း ဆောင်းပါးရှင် Dr. Jeetendra Cheema ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment