COVID-19 ကာလ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ကာလ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ စိန်ခေါ်မှုနှစ်ခုရဲ့ ဂယက်အောက်မှာ ချာချာလည်ဖြစ်နေပါတယ်၊ ဥပမာကြည့်မယ်ဆိုရင် COVID-19 ကပ်ဘေးနဲ့ ကြီးမားတဲ့ စီးပွားရေး အကြပ်အတည်းတို့ဘဲ ဖြစ်ပါတယ်။ အဲသည့် စိန်ခေါ်မှုတွေဟာ နိုင်ငံရဲ့ အဆိုးဝါးဆုံးအချိန်ကာလမှာ တပြိုင်နက်တည်း ဝင်ရောက်လာတာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေးချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ထုတ်ပေးခဲ့ပြီးနောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တောင်းဆိုမှုများကို ချမှတ်ခဲ့သည့်အတွက် ပါကစ္စတန်နိုင်ငံဟာ စီးပွားရေးအကြပ်အတည်းအောက် ကျရောက်နေပြီးဖြစ်ပါတယ်။ ယမန်နှစ်က ဘတ်ဂျတ်မှာ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) မှာ အဓိကလိုငွေပြမှု ၀.၆% ရှိရန် ရည်ရွယ်ထားခဲ့ပါတယ်။ အဲသည့် ရည်ရွယ်ချက်ကို အခွန်လွတ်ကင်းခွင့် ဖျက်သိမ်းခြင်း၊ အထူးအခွင့်အရေးခံစားမှုများကို လျှော့ချဖြတ်တောက်ခြင်းနဲ့ အခွန်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာဖို့ အကျိုးအမြတ်ရရှိမှုတွေကို ပေါင်းစည်းလုပ်ဆောင်တဲ့ အခွန်ကောက်ယူမှု ပေါ်လစီက ထောက်ပံ့ပေးသွားဖို့ဘဲဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အခွန်ငွေ ကောက်ယူမှုတွေလုပ်ဆောင်ရာမှာ ပြဿနာတွေ ထပ်ခါထပ်ခါ တွေ့ကြုံရပါတယ်။ IMF အဖွဲ့ရဲ့ချေးငွေတွေဟာ ပြည်သူ့ဘဏ္ဍာရေး လည်ပတ်မှုကောင်းမွန်စေရေး၊ အခွန်ပေါ်လစီနဲ့ စီမံအုပ်ချုပ်ရေး ပြုပြင်ပြောင်လဲမှုတို့မှတဆင့် ပြည်သူတွေရဲ့ အကြွေးများကို လျော့ချပေးနိုင်ရေးနဲ့ အခွန်ဝန်ထုပ်ဝန်ပိုးကို တန်းတူညီမျှမှုနဲ့ ပွင့်လင်းမြင်သာမှုတွေနဲ့ မျှဝေမှုတွေကို သေချာလုပ်ဆောင်စေဖို့ဘဲဖြစ်ပါတယ်။

ချေးငွေပထမအသုတ်ကို ထုတ်ပေးခဲ့ရာမှာ IMF က အခုလိုပြောဆိုခဲ့ပါတယ်၊ အစီအစဉ်က “ပါကစ္စတန်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျမှုတွေကို ဖာထေးစေနိုင်ဖို့” ဖြစ်ပြီး အဲဒါက “ရှားပါးတဲ့ အစိုးရရဲ့ အရင်းအမြစ်တွေကို ကုန်ခန်းစေတဲ့ quasi-fiscal လိုငွေပြမှု” ကို လျှော့ချပေးရာမှာ ကူညီပေးမှာဘဲဖြစ်ပါတယ်။ ဒါပေမယ့် သည်အရာဟာ နိုင်ငံအတွင်း ရေနံမှထုတ်လုပ်သည့် ပစ္စည်းများစျေးနှုန်းမြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လာဖို့ ဦးတည်စေမှာဖြစ်ပါတယ်။

IMF ရဲ့ ချေးငွေဟာ နိုင်ငံအတွင်း ရှည်လျားတဲ့ နိုင်ငံရေးမပြေလည်မှုကို ဖြစ်ပေါ်စေခဲ့ပြီး၊ မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တက်ခဲ့သည်။ ယခုနှစ်အစပိုင်းမှာ ပါကစ္စတန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဆုံးလူနာကိုနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၁၀,၀၀၀ ကျော်ရှိပြီး၊ ၃၅,၀၀၀ ခန့်မှာ ပြန်လည်သက်သာကျန်းမာလာခဲ့ကာ၊ ၂၂၁၆ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့မှုကပ်ဘေးဟာ နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်တွေကို အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။

အခုလိုအချိန်မှာ အစိုးရဝန်ထမ်းများရဲ့ လစာများထုတ်ပေးမှုကို ရပ်နားထားရန် IMF က ပါကစ္စတန်နိုင်ငံကို ရုတ်တရက်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပါကစ္စတန်အစိုးရက အစိုးရဝန်ထမ်းများရဲ့ လစားများကို ဖြတ်တောက်မှာမဟုတ်ဘဲ၊ ငွေကြေးဖောင်းပွမှုပြဿနာမှ အစိုးရဝန်ထမ်းများနဲ့ ပင်စင်စားများအား ကာကွယ်ပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ၎င်းရဲ့ ဘတ်ဂျတ်ကို ဇွန်လ ၁၂ ရက်မှာ တင်ပြသွားဖို့ မျှော်လင့်ရပါတယ်။ Imran Khan အစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရေးနှင့် ဘဏ္ဍာရေးခိုင်မာတောင့်တင်းအောင် ဆက်လက်လုပ်ဆောင်ရေးတို့အကြားမှာ အကြပ်အတည်းဖြစ်နေပါတယ်။ IMF ရဲ့ မက်ခရိုစီးပွားရေး မူဘောင်အရ နောက်တခေါက် အစိုးရက ၎င်းရဲ့ ဘတ်ဂျက်ကိုချပြတဲ့အချိန်မှာ IMF ရဲ့ အစီအစဉ်ဖြစ်တဲ့ ချေးငွေ ဒေါ်လာ ၆ ဘီလီယံ နဲ့ပတ်သက်တာကိုလည်း ပိုမိုကျယ်ပြန့်စွာ ဖော်ပြသွားဖို့ရှိပါတယ်။

နိုင်ငံ့စီးပွားရေးတန်ဖိုး၏ ၉၀% အထိ ရောက်ရှိမည့် မြင့်တက်မှုနှင့် တည်ငြိမ်မှုမရှိသည့် အများပြည်သူဆိုင်ရာ ကြွေးမှီများကြောင့် ဘဏ္ဍာရေးစုစည်းခိုင်မာမှုရှိရန် လုပ်ဆောင်သည့် လမ်းကြောင်းကို လိုက်နာစောင့်ထိန်းရန် IMF က ပါစ္စတန်ကို ထပ်ခါထပ်ခါ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

State Bank of Pakistan (SBP) ရဲ့ ပြောဆိုချက်အရ ယခုဘဏ္ဍာရေးနှစ်သည် သာမန်ပါကစ္စတန်ပြည်သူများအတွက် အဆိုဝါးဆုံးနှစ်ဖြစ်ကာ ကမ္ဘာပေါ်မှာ ငွေကြေးဖောင်းပွဲမှုအမြင့်ဆုံးဖြစ်သွားခဲ့တာကို တွေ့မြင်ခဲ့ရပြီး၊ မူဝါဒရေးဆွဲသူတွေအတွက်လည်း ရွေးချယ်စရာတခြားလမ်းမရှိဘဲ အတိုးနှုန်းတွေကို မြင့်တင်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရပါတယ်။ “ပါကစ္စတန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွဲမှုဟာ ဖွံ့ဖြိုးပြီးစီးပွားရေးများနှင့်သာမဟုတ်ဘဲ ဖွံ့ဖြိုးဆဲစီးပွားရေးများနှင့် နှိုင်းယှဉ်ယင်တောင် အမြင့်ဆုံးဖြစ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်” လို့ ဧပြီလအတွက် ငွေကြေးဖောင်းပွဲမှုကို လေ့လာဆန်းစစ်တဲ့ SBP ရဲ့ ထုတ်ပြန်ဖော်ပြချက်မှာ တွေ့ရပါတယ်။

ယခုနှစ်အတွင်း ငွေကြွေးဖောင်းပွဲမှုရဲ့ ဖိအားကို လျော့ချနိုင်ဖို့ SBP ဟာ အတိုးနှုန်းတွေကို မြင့်တင်ခဲ့ပြီး၊ အဲသည်လိုလုပ်ဆောင်ခြင်းရဲ့ ရလဒ်က ငွေကြေးဖောင်ပွဲမှုကို ပိုမိုမြင့်မားလာစေခဲ့ကာ၊ ပုဂ္ဂလိကလုပ်ငန်းများကလည်း အတိုးနှုန်းမြင့်မားတဲ့ ဘဏ်များက ငွေချေးမှုများကို ရပ်တန့်လိုက်တာကြောင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဝန်ဆောင်မှုတွေကို ထိခိုက်စေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ၁၂ နှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးအဖြစ် ၁၄.၆% ရှိခဲ့ကာ၊ ဖောင်းပွဲမြင့်တက်လာခြင်းကို တုန့်ပြန်လုပ်ဆောင်တဲ့အနေနဲ့ SBP ကလည်း အတိုးနှုန်းကို ၁၃.၂၅% မြင့်တင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကပ်ဘေးက ဝယ်လိုအားကို ချုံ့လိုက်ပါတယ်။ နိုင်ငံရဲ့ အဓိကဦးဆောင်တဲ့ဘဏ်ဟာ အတိုးနှုန်းကို ၈% အထိ လျှော့ချခဲ့ရပါတယ်။ အတိုးနှုန်းလျှော့ချလိုက်ကြောင်း ကြေညာချက်ဟာ မေလအတွင်း ငွေကြေးဖောင်းပွဲမှု ၈.၂% သို့ လျော့ကျသွားပြီးနောက် ထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါလျှော့ကျမှုနှုန်းဟာ SBP က အဲသည်လအတွက် ခန့်မှန်းပြောဆိုထားချက်ထက် အများကြီး လျော့နည်းနေပါတယ်။

ယခုဘဏ္ဍာရေးနှစ်အတွင်း ဇူလိုင်-မေလအတွက် ငွေကြေးဖောင်းပွမှုနှုန်းဟာ SBP က ခန့်မှန်းပြောဆိုထားတဲ့ ၁၀.၉၄% ထက် အများကြီးလျော့နည်းခဲ့ပါတယ်။ လျော့ကျမှုနှုန်း ဆက်လက်ကျဆင်းသွားဖို့ရှိပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ရေနံထွက်ကုန်ပစ္စည်းများရဲ့ စျေးနှုန်းကို လျော့ချလိုက်ပြီး၊ အဲဒါက ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တို့ကို လျော့ကျစေခဲ့ကာ နောက်ဆုံးမှာတော့ ငွေကြေးဖောင်းပွမှုကိုလည်း လျော့နည်းစေခဲ့တာဘဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအလွန်မှာ ပါကစ္စတန်နိုင်ငံက ၎င်းရဲ့စီးပွားရေးကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို ဆက်လက်မြင်တွေ့သွားဖို့ရှိပါတယ်။ Lockdown ချမှတ်ထားတဲ့ကာလအတွင်း နိုင်ငံရဲ့ ဦးဆောင်ဘဏ်ဟာ စီးပွားရေးနှေးကွေးကျဆင်းမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဆောင်ရွက်မဲ့ စီမံကိန်းအများအပြားကို ကြေညာခဲ့ပါတယ်။ အဲဒါတွေကို IMF က သဘောတူခဲ့သလား ဆိုဒါကိုတော့ မသိရပါဘူး။ Islamabad အစိုးရအတွက် ရှေ့ဆက်ရမယ့်လမ်းကတော့ အခက်အခဲတွေနဲ့ ပြည့်နှက်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”