COVID-19 တိုက်ဖျက်နေစဉ်အတွင်း သတိမလပ်ရှိကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့လိုက်တဲ့ “COVID-19 တိုက်ဖျက်နေစဉ်အတွင်း သတိမလပ်ရှိကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို စုပေါင်းလုပ်ကိုင်မှုမှတဆင့် ပြင်းထန်သည့် လုပ်အားတို့ဖြင့် တိုက်ဖျက်ခဲ့ရကြောင်း ဝန်ကြီးချုပ် Narendra Modi က All India Radio မှ လစဉ်ထုတ်လွှင့်နေသည့် “Mann Ki Baat” အစီအစဉ်မှတဆင့် ပြည်သူများကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဆောင်တာများကို ပြန်လည် ဖွင့်လှစ်ပေးလိုက်သောလည်း၊ COVID-19 ကပ်ဘေးဆက်လက်ဖြစ်ပေါ်နေဆဲကာလအတွင်း ပိုမိုနိုးကြားမှုနှင့် ပိုမိုသတိရှိကြပါရန် ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရထားခရီးစဉ် ဝန်ဆောင်မှုပေါင်း ၂၀၀ လည်း ပြည့်စုံလုံလောက်တဲ့ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ဆောင်မှုများဖြင့် ပြန်လည်စတင်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လေကြောင်းခရီးစဉ်ပြေးဆွဲမှုများလည်း ပြန်လည်စတင်ခဲ့ပြီး၊ စက်ရုံများလည်း ပုံမှန်လည်ပတ်နိုင်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပြည်သူများအနေဖြင့် လျော့တိလျော့ရဲနေထိုင်ရန်မသင့်ကြောင်း ဝန်ကြီးချုပ်က နိုးဆော်လိုက်ပြီး၊ လူတဦးနှင့်တဦး ၂ ကိုက်အကွာမှ နေထိုင်ရေးမူအား ဆက်လက်ကျင့်သုံးကြပါရန်နှင့် နှာခေါင်းစီးတပ်ဆင်ခြင်း၊ ဖြစ်နိုင်သည့်အခြေအနေအထိ မိမိအိမ်တွင် နေထိုင်ရေးမူအား ဆက်လက်ကျင့်သုံးကြပါရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံအနေဖြင့် ဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးနောက် အခြေအနေကို ကျွမ်းကျင်စွာကိုင်တွယ် ထိန်းချုပ်နိုင်ခဲ့ခြင်းကို အလဟဿမဖြစ်စေသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
လူထုကပြသခဲ့သည့် ပေးဆပ် အစေခံသည့်စိတ်ဓာတ်များကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပြီး၊ ၎င်းအရာသည် အကြီးမားဆုံး အင်အားဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကျွန်ုပ်တို့သည် ‘Sewa Paramo Dharmah’ ဟုခေါ်ဆိုသည့် ပေးဆပ် အစေခံခြင်း၏ပျော်ရွှင်မှုသည် ၎င်းတွင်သာရှိသည် ဆိုသော အဆိုအမိန့်နှင့် ရင်းနီကျွမ်းဝင်မှုရှိထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံအနှံ့အပြားရှိ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများအား ၎င်း၏ အနက်ရှိုင်းဆုံးလေးစားမှုကို ပြသရာတွင်၊ ဆရာဝန်များ၊ သူနာပြုများ၊ သန့်ရှင်းရေးလုပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းထောက်များ၏ စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်အစေခံသည့် စိတ်ဓာတ်များကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ ကပ်ဘေးကာလအတွင်း ကိုယ့်အားကိုယ်ကိုး အမျိုးသမီးအဖွဲ့များ၏ ကြိုးပမ်းလုပ်ဆောင်မှုတို့ကိုလည်း ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေသည့် ကပ်ဘေးကာလအတွင်း လုပ်ဆောင်နိုင်ရန် အကန့်အသတ်များရှိနေသော်လည်း အခြားသူများကို ကူညီနိုင်ရန် ကြိုးပမ်းခဲ့ကြသည့် Tamil Nadu ပြည်နယ်မှ KC Mohan ၊ Agartala မှ Gautam Das နှင့် Pathankot မှ Raju a Divyang ကဲ့သို့သော သာမန်နိုင်ငံသားများကို ဥပမာပေးဖော်ပြကာ ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်က နိုင်ငံအနှံ့အပြားမှ ကိုယ့်အားကိုယ်ကိုး အမျိုးသမီးအဖွဲ့များ၏ ကြိုးပမ်းအားထုတ် လုပ်ဆောင်ခဲ့မှု အဖြစ်အပျက်အများအပြားကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် Modi သည် ကပ်ဘေးကာလအတွင်း တဦးချင်း ကြိုးပမ်းလုပ်ဆောင်မှုတို့ကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ Nashik မှ Rajendra Yadav ဆိုသူမှ ၎င်း၏ ထွန်စက်တွင် ပိုးသတ်ဆေးဖြန်း သန့်ရှင်းရေးလုပ်သည့် စက်ကိုတပ်ဆင်ခဲ့ခြင်းနှင့် စျေးဆိုင်ပိုင်ရှင်အများအပြားမှ ‘do gaz ki doori’ လူတဦးနှင့်တဦး ခွာပြီးနေထိုင်ရေးမူကို ကျင့်သုံးရန်အတွက် ၎င်းတို့၏ ဆိုင်များတွင် ကြီးမားသည့် ပိုက်လိုင်းများကို ချထားခဲ့ခြင်း စသည်တို့ကို ဥပမာအဖြစ် ဖော်ပြကာ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
ကပ်ဘေးကာလအတွင်း ပြည်သူများ တွေ့ကြုံရင်ဆိုင်နေရသည့် ဒုက္ခများကို စာနာထောက်ထားခြင်းနှင့် မျှဝေခံစားခြင်းအနေဖြင့် ဝန်ကြီးချုပ်ကပြောဆိုခဲ့ရာမှာ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံနှံ့မှုပြဿနာက နွမ်းပါးသည့် အလုပ်သမားများနှင့် အလုပ်သမားများကို ပိုမိုထိခိုက်စေခဲ့ကြောင်း ပြောပါတယ်။ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ အစိုးရဌာနဆိုင်ရာအားလုံးနှင့် အဖွဲ့အစည်းများအားလုံးတို့က ကူညီထောက်ပံ့မှုများကို လျင်မြန်စွာ ပေးအပ်နိုင်ဖို့ လက်တွဲလုပ်ကိုလျှက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ၎င်းတို့ရင်ဆိုင်ဖြတ်သန်းနေရသည့် ဒုက္ခ ပြဿနာများကို တနိုင်ငံလုံးက နားလည်ပြီး၊ ထပ်တူခံစားပေးနိုင်ကာ၊ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသခံအစိုးရဌာနများမှ တဦးတယောက်ချင်းစီတိုင်း အချိန်နှင့်အပြိုင် အားသွန်ခွန်စိုက် လုပ်ကိုင်နေကြကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အစိုးရမှ ယခုလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့် ဆက်လက်လုပ်ဆောင်နေပြီး၊ ကျေးရွာများတွင် အလုပ်အကိုင်များစွာ ဖန်တီးရန်နှင့် ကိုယ်ထူကိုယ်ထ လုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းများကို ဖန်တီးဖွင့်လှစ်ပေးနိုင်ရန် ဗဟိုအစိုးရက လတ်တလောကာလအတွင်း ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ‘Atmanirbhar Bharat’ စည်းရုံးလှုံဆော်မှုက နိုင်ငံအား ယခုဆယ်စုနှစ်အတွင်း ကြီးမြင့်သည့်နေရာသို့ ဆွဲခေါ်သွားနိုင်မည်ကို ခိုင်မာစွာယုံကြည်ထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ယခုကပ်ဘေးကာလအတွင်း နေရာအနှံ့ရှိ လူအများအပြားမှ ယောဂကျင့်စဉ်နှင့် အာယုဗေဒ အကြောင်း ပိုမိုသိရှိလိုလာလျှက်ရှိပြီး၊ ၎င်းတို့ကို နေ့စဉ်အသက်ရှင်မှု၏ လမ်းစဉ်အဖြစ် ရွေးချယ်လာလျှက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။ “လူမှုအသိုင်းအဝိုင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် စည်းလုံးခြင်း” တို့အတွက် ယောဂကျင့်စဉ်ကို ကျင့်ကြပါရန် ဝန်ကြီးချုပ်က စည်းရုံးလှုံဆော်လျှက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကပ်ဘေးကာလအတွင်း ယောဂကျင့်စဉ်မှာ ပိုမိုအရေးကြီးလာခဲ့ပြီး၊ ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်စ်က အသက်ရူလမ်းကြောင်းဆိုင်ရာ စနစ်ကို ထိခိုက်စေခြင်းကြောင့်ဘဲဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ယောဂကျင့်စဉ်မှာ Pranayama အမျိုးအစားအများအပြားရှိကာ အဲသည့်ကျင့်စဉ်တွေက အသက်ရူလမ်းကြောင်းဆိုင်ရာ စနစ်ကို အားကောင်စေပြီး၊ အကျိုးဖြစ်ထွန်းမှုရှိကြောင်းကို နှစ်ပေါင်းများစွာ တွေ့ရှိထားပြီးဖြစ်ပါတယ်။
ဝန်ကြီးချုပ်သည် ရောဂါကူးစက်ပျံ့နှံ့မှု ကပ်ဘေးအား ရင်ဆိုင်တိုက်ဖျက်ရာတွင် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုတို့ကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး၊ တစ်ကုဋေကျော်ပြီဖြစ်သည့် ‘Ayushman Bharat’ စီမံကိန်းဖော်ဆောင်မှု၏ အကျိုးအမြတ်များနှင့်စပ်လျဉ်းပြီး မျှဝေပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် ဆိုင်ကလုန်း Amphan ကဲ့သို့သော သဘာဝဘေးအန္တရာယ်ကိုလည်း တပြိုင်နက်တည်း ရင်ဆိုင်ခဲ့ကြရကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပြင်းထန်သည့် ဆိုင်ကလုန်း Amphan ကျရောက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသော West Bengal နှင့် Odisha ပြည်နယ်တို့မှ ပြည်သူများကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ ကျိုင်းကောင်အုပ်များ ကျရောက်မှုကြောင့် သီးနှံများပျက်ဆီးခဲ့ရသည့် အတွက် ဒုက္ခရောက်နေသည့် လယ်သမားများကို စာနာကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ယင်းကဲ့သို့သော အကြပ်အတည်းကာလအတွင်း ပြသခဲ့သည့် ၎င်းတို့၏ စိတ်ဓာတ်ကြံခိုင်မှုများနှင့် သတ္တိများမှာ ချီးကျူးထိုက်စရာပင်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ်က လက်ရှိမျိုးဆက်မှ ရေအရင်းအမြစ်ကို ကာကွယ်ရန် ၎င်းတို့တွင် တာဝန်ရှိကြောင်း သိရှိနားလည်ကာလုပ်ဆောင်ကြရန် လိုအပ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ မိုးရေကို သိုလှောင်ထားရန်လိုအပ်ပြီး၊ လူအယောက်ချင်းစီတိုင်း ရေအရင်းအမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လာမည့် သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်နေ့တွင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် သဘာဝတရားကို အလုပ်အကျွေးပြုသည့်အနေဖြင့် သစ်ပင်များစိုက်ပျိုးကာ နေ့စဉ်အသက်ရှင်နေထိုင်မှုတွင် သဘာဝတရားနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းလုပ်ဆောင်မှုအား ပုံဖော်ကြပါရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ lockdown ချမှတ်မှုက အသက်ရှင်နေထိုင်မှုကို နှေးကွေးစေခဲ့သော်လည်း၊ ၎င်းက သဘာဝတရားကို သေချာလေ့လာ ဆန်းစစ် ကြည့်ရှုနိုင်ရန် အခွင့်အရေးများ ပေးဝေခဲ့ပြီး၊ သားရိုင်းတိရိစ္ဆာန်များကိုလည်း ပိုမိုထွက်ပေါ်များပြားလာစေခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment