ဖွံ့ဖြိုးတိုးတက်ရေးဆိုဒါထက်ကျော်လွန်သည့် စံနမူနာကိုဖော်ဆောင်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံတော်ပြည်သူ့ဘဏ္ဍာရေးနှင့် မူဝါဒရေးရာဌာနမှ ပါမောက္ခ ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဖွံ့ဖြိုးတိုးတက်ရေးဆိုဒါထက်ကျော်လွန်သည့် စံနမူနာကိုဖော်ဆောင်ဖို့ ဝန်ကြီးချုပ်ကတိုက်တွန်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

မည်သည့်အကြပ်အတည်းမျိုးမဆို ကျွန်ုပ်တို့ကို အခွင့်အရေးများ ဖန်တီးပေးကြောင်း ဝန်ကြီးချုပ် Narendra Modi က အိန္ဒိယကုန်သည်ကြီးများအသင်း (ICC) ရဲ့ ၉၅ ကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီ အခမ်းအနားပွဲမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ Atma Nirbhar Bharat ဟု ခေါ်သည့် ကိုယ့်အားကိုယ်ကိုး အိန္ဒိယကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျွန်ုပ်တို့အနေနဲ့ အဆိုပါ အခွင့်အရေးများကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကျွန်ုပ်တို့သည် ရာသီဥတုပြောင်းလဲမှုပြဿနာ ဖြစ်ပွားနေတဲ့ကာလအတွင်း အများပြည်သူ ကျန်မာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ကြီးမားတဲ့အကြပ်အတည်းအား COVID-19 ကပ်ဘေးနှင့်အတူ ရင်ဆိုင်ဖြတ်သန်းနေရကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေမှာ ကွပ်ကဲရေးနဲ့ထိန်းချုပ်ရေး အခြေအနေတွင်ရှိနေပြီး၊ နိုင်ငံအနေဖြင့် အပတ်တကုတ်ကြိုးပမ်းအားထုတ် လုပ်ဆောင်ရေး လမ်းကြောင်းသို့ သွားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အခုလို ကြေညာထားတဲ့ မူဝါကို ဖော်ဆောင်သွားဖို့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ကြေညာသွားမယ့် အချိန်ကိုတော့ ဆက်လက်စောင့်စားရမှာဖြစ်ပါတယ်။ ရှေးရိုးစွဲချဉ်းကပ်လုပ်ဆောင်မှု လမ်းကြောင်းမှ ဖယ်ခွာနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာကို ပခုံးချင်းယှဉ်နိုင်ဖို့ ပြည်တွင်းဖြစ် ထုတ်ကုန်ဖြန့်ဖြူရေးယန္တယားကို ဖန်တီးရမှာဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်နိုင်ဖို့ကတော့ ရဲဝံ့ပြတ်သားတဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ဆုံးဖြတ်ချက်မှတ်မှုတွေ လိုအပ်ပါတယ်။ အများပြည်သူရင်းနှီးမြှပ်နှံမှုတွေကို အားကောင်းအောင်လုပ်ဆောင်ခြင်းဟာ ပုဂ္ဂလိကပိုင်လုပ်ငန်းများ ရင်းနှီးမြှပ်နှံမှုတွေ စွဲဆောင်မှုရှိလာနိုင်ဖို့အတွက် လိုအပ်ချက်ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Modi သည် MSMEs လုပ်ငန်းများနှင့် ဘဏ်များမဟုတ်သည့် ငွေကြေးဆိုင်ရာ ကုမ္ပဏီများ (NBFCs) များတွင် ငွေကြေးစီးဆင်းမှုများရှိစေရန် ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းပြောဆိုခဲ့ပြီး၊ ယခုကဏ္ဍများမှာ ငွေကြေးစီးဆင်းမှုများ ဆက်လက်ရှိစေရန် ဘဏ္ဍာရေးဝန်ကြီးကလည်း စီးပွားရေးဆိုင်ရာ ငွေကြေးထောက်ပံ့ရေးအဆင့်များကို ထုတ်ပြန်ကြေညာခဲ့ချိန်မှာ ထည့်သွင်းပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူပိုင်ကဏ္ဍအား ပြန်လည်တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံ ဒေဝါလီခံမှုဆိုင်ရာအက်ဥပဒေ (IBC) အား ပြောင်းလဲပြင်ဆင်မှု ကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများကို ဝန်ကြီးချုပ်က ဥပမာပေး ပြောဆိုခဲ့ပြီး၊ ရင်းနှီးမြှပ်နှံမှုများကို လျင်မြန်စွာဖော်ထုတ်သိရှိနိုင်ဖို့ ‘စီမံကိန်းတိုးတက်ဖွံ့ဖြိုးရေးအကန့်များ’ ကို အသားပေးဖော်ပြခဲ့ပါတယ်။

လတ်တလော ဆုံးဖြတ်ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ လယ်ယာထွက်ကုန် စီးပွားရေးကဏ္ဍအား လွတ်မြောက်စေမယ့် လယ်သမားတွေအနေနဲ့ ၎င်းတို့ရဲ့ လယ်ယာထွက် သီးနှံများကို တနိုင်ငံလုံးအနှံ့ရောင်းချသွားနိုင်ဖို့ လမ်းဖွင့်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ဝင်ငွေရရှိမှုမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ လွန်ခဲ့သောနှစ်များအတွင်း ထုတ်ကုန်များလျော့ကျမှုတွေကြောင့် လျော့နည်းခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရဲ့ လယ်ယာထွက်ကုန်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပြန်လည်ပြင်ဆင်ခြင်း အသားပေးလုပ်ဆောင်မှုတွေဟာ ချီးကျူးဖွယ်ရာ မူဝါဒရေးရာ ညှိနှိုင်းလုပ်ဆောင်မှုတွေဘဲဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုကင်းလွတ်မှုအဆင့်တွင် အစုအဝေးလိုက်စည်းရုံးမှုအားအခြေခံကာ လုပ်ဆောင်ခြင်း တို့မှတဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းအား သဘာဝမြေသြဇာသုံး လယ်ယာစိုက်ပျိုးရေး၏ ဗဟိုဖြစ်လာစေခဲ့သည့် ၎င်းရဲ့ပေါ်လစီ မူဝါဒတွေကို ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးကအသိအမှတ်ပြုပြီး၊ ကမ္ဘာ့စျေးကွက်မှာ လွှမ်းမိုးလာနိုင်ပါက အိန္ဒိယအရှေ့မြောက်ပိုင်းမှာ သဘာဝမြေသြဇာသုံး လယ်ယာစိုက်ပျိုးရေးဟာ ကြီးမားတဲ့ အပြောင်းအလဲတခုအဖြစ် ရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

လူထု၊ ကမ္ဘာမြေကြီး နှင့် အကျိုးအမြတ်တို့ဟာ ဆက်စပ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ စွမ်းအင်ချွေတာသုံးရေးနည်းလမ်းကို (ဥပမာ စွမ်းအင်ဖူလုံမှုအတွက် LED ကိုအသုံးပြုခြင်း) ဝန်ကြီးချုပ်က ဥပမာပေးပြောကြားခဲ့ပြီး၊ ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်ရန်အတွက် ရေစီဆင်းမှုကို အသုံးပြုခြင်း စတာတွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံအား တခါသုံး ပလပ်စတစ်အသုံးပြုခြင်းမှ ကင်းလွတ်သည့်နိုင်ငံဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်မှုရဲ့ အရေးပါအရာရောက်မှုကိုလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဂုန်လျှော်လုပ်ငန်း တိုးတက်ကြီးထွားလာအောင် လုပ်ဆောင်ဖို့ West Bengal ပြည်နယ်အစိုးရကို ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့ပြီး၊ အဆိုပါလုပ်ငန်းမှ အခွင့်အရေးများကို ရယူကာ အမိအရ အသုံးချသွားရန် နိုးဆော်ခဲ့ပါတယ်။

အုပ်ချုပ်ရေးရဲ့ ဗဟိုအချက်အခြာဟာ လူသားထုသာအဓိက ဦးတည်လုပ်ဆောင်မှု ဖြစ်သင့်ပြီး၊ ယင်းအရာက တိုင်းပြည်ရဲ့ စီးပွားရေးစံနမူနာကို ‘ဖွံ့ဖြိုးတိုးတက်ရေး’ မှ ‘ဖွံ့ဖြိုးတိုးတက်ရေးထက်သာလွန်သည့်’ လုပ်ငန်းစဉ်တို့ တွန်းပို့ရန် တိုက်တွန်းနိုးဆော်ခြင်းလည်း ဖြစ်ပါတယ်။ ၎င်းမူဝါဒ စံနမူနာဟာ လူသားထုကို ဦးစားပေးကာ GDP ထက်ကျော်လွန်သည့် စံနမူကို ဖော်ဆောင်သင့်ပြီး “မည်သူတဦးတယောက်ကိုမှ နောက်ချန်မထားခြင်း” ဟာ အများပြည်သူဆိုင်ရာ မူဝါဒအတွက် ဆောင်ပုဒ်ဖြစ်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ ငွေကြေးဆိုင်ရာ ပါဝင်မှုများ၏ ထင်ရှားသည့်အရာများကို မီးမောင်းထိုးပြောဆိုခဲ့ပြီး၊ မရှိဆင်းရဲသားများမှ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိခံစားမှုဟာ အင်မတန်အရေးပါသည့် အရာဖြစ်ကြောင်း ပြောပါတယ်။ ဆင်းရဲသားများကို ဘဏ်အကောင့်များ မဖွင့်နိုင်သည့်သူများအဖြစ် မသတ်မှတ်သင့်ကြောင်းနဲ့ RuPay ဘဏ်ကတ်ပြားများကို ထုတ်ဝေလိုက်ခြင်းဟာ ကိုယ့်အားကိုယ်ကိုးအိန္ဒိယကို ဖန်တီးရာမှာ အင်မတန်အရေးပါအရာရောက်ခဲ့ပြီး၊ ဆင်းရဲသားများ၊ လယ်သမားများနဲ့ လူလတ်တန်းစားများအတွက် အသုံးဝင်တဲ့ ဘဏ်ကတ်ပြားများဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ငေကြေးလွှဲပြောင်းပေးပို့မှုကဏ္ဍတွင် BHIM App ရဲ့ အရေးပါအရာရောက်မှုကိုလည်း ဝန်ကြီးချုပ်က အသားပေးပြောဆိုခဲ့ပါတယ်။ အကျိုးအမြတ်များအား ဆင်းရဲသားများထံတို့ တိုက်ရိုက်ပေးကမ်းသည့် JanDhan, Aadhar and Mobile (JAM) ၏ အရေးပါအရာရောက်မှုကိုလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး၊ ကိုယ့်အားကိုယ်ကိုးအဖွဲ့ (SHGs) များနှင့် MSMEs တို့အား ကူညီထောက်ပံ့ပေးရန် အစိုးရ၏ Government eMarket (GeM) ၏ အရေးပါအရာရောက်မှုကိုလည်း ICC အခမ်းအနား မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ GeM အခြေခံလမ်းကြောင်းမှတဆင့် MSMEs နှင့် SHGs အဖွဲ့တို့သည် ၎င်းတို့၏ဝန်ဆောင်မှုများကို အိန္ဒိယအစိုးရသို့ တိုက်ရိုက်ပေးဝေနိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

စက်မှုလုပ်ငန်းများအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) သို့ ရင်းနှီးမြှပ်ကြပါရန် ဝန်ကြီးချုပ် Modi က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး Solar ပြားများ လျှပ်စစ်စွမ်းအင်သိုလှောင်နိုင်မှု အားကောင်းစေရန်အတွက် အရည်အသွေးကောင်းမွန်တဲ့ ဘက်ထရီများကို ထုတ်လုပ်ကြပါရန် ၎င်းတို့ကို ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယအရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် အိန္ဒိယကုန်သည်ကြီးများအသင်း၏ အရေးပါအရာရောက်သည့် လုပ်ဆောင်မှုများကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပြီး၊ အဆိုပါဒေသများအတွင်း ကုန်ထုတ်လုပ်နိုင်မှုကို နောက်တဆင့်တက် တိုးမြင့်လုပ်ဆောင်သွားဖို့ ICC ကို ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Dr. Lekha S Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”