အိန္ဒိယနိုင်ငံသည် Covid-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်မှုကို ဥပမာပြ ဦးဆောင်လျှက်ရှိ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် Covid-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်မှုကို ဥပမာပြ ဦးဆောင်လျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံသည် Covid-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရာတွင် နိုင်ငံရပ်ခြားမှ အာဏာပိုင်များကို အထောက်အကူပြုရန် နိုင်ငံ၏ ဆေးဝါးအကူအညီ တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ ယခုချိန်ထိ အိန္ဒိယနိုင်ငံဟာ အခြေခံ ပံ့ပိုးပစ္စည်းတွေ၊ ဆေးဝါးတွေနှင့် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းတွေနှင့်အတူ နိုင်ငံပေါင်း ၁၂၅ နိုင်ငံတို့ကို အကူအညီပေးခဲ့ပြီး တချို့ကိစ္စတွေမှာဆိုရင် ၎င်းတို့ရဲ့နိုင်ငံသားတွေကို အခြားသော နိုင်ငံတွေကနေ ကယ်ထုတ်ပေးခဲ့ရတာမျိုး ရှိခဲ့ပါတယ်။
နယူးဒေလီအစိုးရဟာ တောင်အာရှဒေသ၊ အိန္ဒိယ သမုဒ္ဒရာဒေသ၊ ပင်လယ်ကွေ့ဒေသ (ကူဝိတ်)၊ အာရှအလယ်ပိုင်းဒေသ (ကာဇစ္စတန်၊ အာမန်းနီးယား၊ တာဂျီကစ္စတန်၊ ယူကရိန်) စတဲ့ဒေသတွေမှ ၂၉ နိုင်ငံတို့နှင့် ဒိုမီနီကန်နှင့် အီကွေဒေါတို့လို ဝေးလံတဲ့ဒေသတွေအထိ ထောက်ပံ့မှုတွေ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် အာဖရိက ၆ နိုင်ငံတို့ကလည်း ဟိုက်ဒရိုအောက်ဆီကလိုရိုကွီန်း နှင့် ပါရာစီတတော့ တွေ လက်ခံရရှိခဲ့ကြပါတယ်။
လက်တင်အမေရိကနှင့် ကာရေဘီယန် ဒေသမှ ၂၈ နိုင်ငံနှင့် အာဖရိကဒေသမှ ၁၂ နိုင်ငံတို့အပါအဝင် နောက်ထပ် နိုင်ငံပေါင်း ၅၀ ခန့်တို့အတွက် ဆေးကုသရေးနှင့် ဆေးဝါးအကူအညီ ပေးအပ်မှုတွေကိုလည်း အိန္ဒိယနိုင်ငံက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ HCQ ဆေးပြား ၁၀ သန်းတို့ကို နိုင်ငံပေါင်း ၆၇ နိုင်ငံသို့ ပေးအပ်ခဲ့ပြီး အဲဒီအနက် ၂.၈ သန်းတို့ကိုတော့ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မော်လဒိုက်၊ မော်ရေးသျှား၊ နီပေါ၊ စက်ဆဲလ်၊ ကိုမိုရို၊ မာဒါဂါစကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ ကာဇစ္စတန်၊ ယူကရိန်း၊ ဇမ်ဘီယာ၊ ယူဂန္ဒာ၊ ဘာကီနာ ဖာဆို၊ နိုက်ဂျား၊ မာလီ၊ ကွန်ဂို၊ မြန်မာနှင့် အာမေးနီးယားနိုင်ငံတို့ကို ပေးခဲ့ပို့ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ဟာ ကပ်ဘေးရောဂါ ဆန့်ကျင်တိုက်ဖျက်ရာမှာ နည်းဗျူဟာတွေကို ဖော်ထုတ်ဖို့အတွက် နိုင်ငံတော် အကြီးအကဲတွေ၊ အစိုးရခေါင်းဆောင်တွေနှင့်အတူ ပုံမှန်အားဖြင့် ထိတွေ့ဆက်ဆံလျှက်ရှိပါတယ်။ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksa နှင့်အတူ တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုရာမှာတော့ ဝန်ကြီးချုပ် Narendra Modi တို့ဟာ စီးပွားရေး ပြန်လည်စတင်နိုင်ရေး၊ သီရိလင်္ကာနိုင်ငံအတွင်း အိန္ဒိယအကူအညီနှင့် ဖွံ့ဖြိုးရေးစီမံကိန်းတွေ အရှိန်မြှင့်တင်ရေးတို့ကို သဘောတူညီခဲ့ကြကာ ရင်းနှီးမြှုပ်နှံရေး အအခွင့်အလမ်း အလားအလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Modi ဟာ မော်ရေးသျှားနိုင်ငံဝန်ကြီးချုပ် Mr. Pravind Jugnauth ကိုလည်း တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Pravind Jugnauth ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆန့်ကျတိုက်ဖျက်နေတဲ့ မော်ရေးသျှား ကျန်းမာရေး အာဏာပိုင်တွေကို အကူအညီပေးဖို့ အဖွဲ့ဝင် ၁၄ ဦးပါ ဆေးကုသရေးအသင်း ၁ သင်းနှင့် ဆေးဝါးတွေနှင့်အတူ အိန္ဒိယ ရေတပ်သင်္ဘော ‘Kesari’ ကို ၎င်းတို့နိုင်ငံသို့ စေလွှတ်မှုအတွက် အိန္ဒိယဝန်ကြီးချုပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် Modi ဟာ မော်ရေးသျှားနိုင်ငံ ပြည်သူလူထု ကျန်းမာရေးအတွက်နှင့် ၂ န်ိုင်ငံအကြား နွေးထွေးပျူငှာတဲ့ ဆက်ဆံရေးတွေ ထိန်းသိမ်းထားရှိဖို့ ဆန္ဒမွန် ပြုခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ Covid-19 ဆန့်ကျင်တိုက်ဖျက်ရာမှာ ရှေ့တန်းကနေပါဝင်တဲ့နိုင်ငံအဖြစ် လုပ်ဆောင်မှုကဏ္ဍကို ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပါတယ်…. စသဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။
Comments
Post a Comment