Covid-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးနည်းဗျူဟာ ချမှတ်မှုနှင့်အတူ အိန္ဒိယနိုင်ငံ ရှေ့သို့လှမ်းချီလျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Manish Anand ရေးသားပေးပို့ထားတဲ့ “Covid-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးနည်းဗျူဟာ ချမှတ်မှုနှင့်အတူ အိန္ဒိယနိုင်ငံ ရှေ့သို့လှမ်းချီလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယ ကောင်းကင်ဝေဟင်ယံတို့မှာ အချိန်ကာလ ၂ လကျော် ပျံသန်းခဲ့ပြီးတဲ့နောက် လေယာဉ်ခရီးစဉ်ပေါင်း ၅၃၂ ကြိမ်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ ဖြေရှင်းလုပ်ဆောင်နိုင်မှု စွမ်းရည်ကို ဘယ်လို စိန်ခေါ်မှုမျိုးကမှ ကျော်လွှားနိုင်မှာမဟုတ်ဘူးဆိုတဲ့ သက်သေအထောက်အထားပင်ဖြစ်ပါတယ်။ လေဆိပ်တွေနှင့် ခရီးသည်တွေဟာ ဒီ အန္တရာယ်ကြီးလှတဲ့ Covid-19 ဗိုင်းရပ်စ်ပိုး ပြန့်ပွားစေဖို့ လက်ခံရာနေရာတွေရှာကြံဖို့ အလားအလာ နည်းပါးစေခဲ့ကြတာကြောင့် အိန္ဒိယနိုင်ငံဟာ ဒီရောဂါထိန်းချုပ်ဖို့ ကောင်းစွာ ပြင်ဆင်ထားတာကို ပြသလျှက်ရှိပါတယ်။

အသက် ၅ နှစ်အရွယ် ကောင်လေးတယောက် မျက်နှာဖုံးစွပ်လျှက် နယးဒေလီကနေ Bengaluru မြို့ကို တယောက်တည်း လေယာဉ်စီး ခရီးနှင်ခဲ့တာဟာ အခြေအနေတွေ များမကြာမီ ပုံမှန် ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို သာဓကပြုလိုက်ပါတယ်။ အချိန် ၂ လ ကျော် လော့ဒေါင်းချထားတဲ့ကာလမှာ အိန္ဒိယနိုင်ငံ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုရပ်ဝန်းတွေ မဖြစ်စေဖို့ နိုင်ငံသားတွေနှင့် အေဂျင်စီအဖွဲ့အစည်းတွေကို အင်တိုက်အားတိုက်ဖြင့် နိုးကြား ထက်မြက်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအပေါ် Covid-19 ကပ်ဘေးစိန်ခေါ်ချက် ကျရောက်ခဲ့တာဟာ မျက်မြင်ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူအရေအတွက် ၁ သိန်း၊ ၅ သောင်း၊ ၁ ထောင့်၊ ၇ ရာ၊ ၆ ဆယ့်၊ ၇ ဦးရှိခဲ့ပြီး ပြန်လည်ကျန်းမာလာသူဦးရေ ၆၄၄၂၆ ဦး ရှိခဲ့ပါတယ်။ ရှေ့တန်းကနေ ဦးဆောင်တိုက်ခိုက်နေကြတဲ့ ဆရာဝန်တွေအပါအဝင် ၄၃၃၇ ဦး သေဆုံးခဲ့ရတာဟာ အိန္ဒိယနိုင်ငံအနေနှင့် ဒီဗိုင်းရပ်စ်ပိုးကို အပြင်းအထန် တိုက်ထုတ်နေတယ်ဆိုတာကို ဝမ်းနည်းဖွယ်ရာ သတိပေးစကားပင် ဖြစ်ပါတယ်။ သို့ပေငြားလည်း အိန္ဒိယနိုင်ငံက သေဆုံးမှုနှုန်း ၃% နာရှိတယ်လို့ အစီရင်ခံချက်ဟာ တကယ့်ကို သက်သာရာ ရစေပါတယ်။

အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒီလော့ဒေါင်းကာလအတွင်း ဒီဗိုင်းရပ်စ်ကုသဖို့ ရည်စူးထားတဲ့ ဆေးရုံကုတင်တွေနှင့် သီးသန့်ဆောင်တွေဟာ နိုင်ငံတဝှမ်တိုးများလာတာကို တွေ့ရပါတယ်။ ဒီအပြင် သုတေသန ဌာနအသီးသီးတို့ဟာ Covid-19 ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထုတ်လုပ်ဖို့ဖြစ်တဲ့ ထိပ်ဆုံးစိန်ခေါ်ချက်နှင့်အတူ ရှေ့ဆက်ပြီး ဆက်လက် ချီတက်သွားလျှက်ရှိပါတယ်။ နိုင်ငံအတွင်း The Serum ဌာနဟာ Pune မြို့မှာ လက်ရှိ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတမျိုးကို ထုတ်လုပ်လိုက်ပြီလို့ ပြောရမှာဖြစ်ပါတယ်။ Parallel သုတေသနဌာနဟာလည်း နိုင်ငံအတွင်းသာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လျှက်ရှိပါတယ်။

တကယ်တော့ ၂ လကြာမြင့်တဲ့ လော့ဒေါင်းပိတ်ဆီးမှုဟာ စီးပွားရေး ဆောင်ရွက်မှုတွေကို ပိတ်စေခဲ့ပြီး အခက်အခဲတွေ တသီတတန်း ပေါ်ပေါက်စေခဲ့ပါတယ်။ လော့ဒေါင်းပိတ်ဆီးမှုကို ဗိုင်းရပ်စ်ပိုး ကူးစက်မှုကွင်းဆက်ချိုးဖြတ်ဖို့ အဓိက စီမံချက်ဖြစ်တာကြောင့် ကမ္ဘာတဝှမ်း ပြုလုပ်ခဲ့ကြသလို အိန္ဒိယနိုင်ငံကလည်း ခြွင်းချက်မရှိ ပြုလုပ်ခဲ့ရပါတယ်။ စီးပွားရေး လျော့နည်းကျဆင်းသွားမှုဟာ အားလုံး လက်တွေ့မြင်ရတဲ့အတိုင်း အကျိုးဆက် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုရှိရေးဖြစ်တဲ့ အိန္ဒိယအစိုးရရဲ့ ကုဋေပေါင်း သိန်း ၂၀ ရှိသော စီးပွားရေး သက်သာလျော့ပါးရေး ရံပုံငွေကြေးဟာ စီးပွားရေး နယ်ပယ်ကဏ္ဍ အလုံးစုံတို့ကို လှုံ့ဆော် တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အစိုးရဟာ လျော့ပါးရေး အစီအစဉ်တွေပေးအပ်ရာမှာ ဆင်းရဲချို့တည့်သူတွေကို ဦးစားပေး သတ်မှတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ဟာ ဒေသထွက် ကုန်ပစ္စည်းတွေကို သုံးဆောင်ကြဖို့ လှုံ့ဆော်လိုက်ခြင်းနှင့်အတူ အစိုးရဟာ ပြည်သူလူထုအများအပြား လုပ်ကိုင်နေကြတဲ့ ကဏ္ဍပိုင်းတွေကို အကူအညီတိုးချဲ့ ပေးအပ်လျှက်ရှိပါတယ်။ နိုင်ငံတွေဟာ ပုံမှန်ဖြစ်ရေးအတွက် အတော်များများ ဖွင့်လှစ်နေကြခြင်းနှင့်အတူ အိန္ဒိယနိုင်ငံဟာ စီးပွားရေးကဏ္ဍကိုကာကွယ်လျှက် တကမ္ဘာလုံး ပြန့်ပွားနေတဲ့ Covid-19 ဗိုင်းရပ်စ် ကူးစက်ရောဂါကို အသေအချာ ကျော်လွှားသွားမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”