အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်လျှက် Covid-19 ကူးစက်ရောဂါ တိုက်ဖျက်တုံ့ပြန်ချက်
ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Shankari Sundararaman ရေးသားပေးပို့ထားတဲ့ “အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်လျှက် Covid-19 ကူးစက်ရောဂါ တိုက်ဖျက်တုံ့ပြန်ချက်” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ကမ္ဘာ့နိုင်ငံတွေဟာ Covid-19 ကပ်ရောဂါကို ကူးစက်ခံနေရတာကြောင့် ပုံမှန်အခြေအနေ တခုကို ချိန်ညှိယူဖို့ လိုအပ်လျှက်ရှိနေပါတယ်။ နိုင်ငံတွေဟာ ကမ္ဘာ့ကူးစက်ရောဂါကျရောက်နေတဲ့နိုင်ငံတွေကို ပူးပေါင်းလုပ်ဆောင်မှုတွေ၊ ပေါင်းစု ချည်းကပ်မှုတွေနှင့် အားဖြည့်ဆောင်ရွက်မှုတွေလို လုပ်ထုံးလုပ်နည်းတွေနှင့်အတူ ဆက်လက်ကြိုးပမ်းကြဖို့ လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတွေဟာ ဒေသပိုင်း အတိုင်းအတာအထိ စုပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ တိုးမြှင့်ခဲ့ကြပါတယ်။ ပြောရာမယ်ဆိုရင် ဝန်ကြီးချုပ် Narendra Modi ဟာ တောင်အာရှဒေသအတွင်း အဲဒီ ကူးစက်ရောဂါ ပျံ့ပွားမှု အာရုံပြုဖို့အတွက် SAARC အဖွဲ့၊ ဒေသပိုင်းနှင့်ပတ်သက်တဲ့ ဥရောပနှင့် အရှေ့တောင်အာရှဒေသပိုင်းတွေအထိ နှိုးဆော်လုပ်ဆောင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ စုပေါင်းကြိုးပမ်းမှုဟာ အိန္ဒိယနိုင်ငံရဲ့ လှုံ့ဆော်မှုအတွက် ရောင်ပြန်ဟပ်မှုအဖြစ် G-20 အဆင့်အထိရောက်ခဲ့တာက သက်သက်ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေနှင့်အတူ Covid-19 တိုက်ဖျက်ရေးအတွက် အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှုတခုဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဒီကူးစက်ရောဂါဟာ မြေနယ်နိမိတ်တွေကို အလေးမထားဘဲ နေရာအနှံ့ ကူးစက်ပြောင်းလဲနိုင်တာကြောင့် သမားရိုးကျ တွေ့နေကျမဟုတ်တဲ့ လုံခြုံရေးစိန်ခေါ်ချက် တရပ်ကို ပြသလျှက်ရှိပါတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်းမှ တခြားသော အတွင်းဝန်တွေနှင့်အတူ ကောင်စစ်ဝန်ဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်မှုက အရေးကြီးလာပါတယ်။ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ဟာ သြစတြေးလျား၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကောင်စစ်ဝန်တွေနှင့်အတူ အပတ်စဉ် တယ်လီဖုန်းနှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး သတင်းအချက်အလက်တွေကို ဒေသပိုင်းနိုင်ငံတွေနှင့် မျှဝေဖော်ပြခဲ့ပါတယ်။
ဒီလိုကျယ်ပြန့်တဲ့ ကွန်ယက်မှာ ကမ္ဘာ့ကပ်ရောဂါ ပူးပေါင်းဆောင်ရွက်ရာမှာ အကျိုးကျေးဇူး နှစ်ရပ် ရှိပါတယ်။ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ဗီယက်နမ်နိုင်ငံတို့လိုနိုင်ငံတွေဟာ ကူးစက်ရောဂါ ပေါ်ပေါက်လာမှု ကနဦးကာလအတွင်း လက်ခံယုံကြည်နိုင်တဲ့ ထိန်းချုပ်အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။
ဆွေးနွေးလုပ်ဆောင်ရေး ယန္တယားတွေမှာဆိုရင် ဆေးဝါးနှင့် စားနပ်ရိက္ခာတို့လို အခြေခံ ပံ့ပိုးမှုတွေ အနှောက်အယှက်မဖြစ်စေရေးအတွက် အာရုံပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ လာမယ့် လတွေအတွင်း ကမ္ဘာ့စီးပွားရေးကဏ္ဍဟာ အပြင်းအထန် နှေးကွေးကျဆင်းမှုကို ရင်ဆိုင်ရမှာကြောင့် ဆွေးနွေးရေး လုပ်ငန်းစဉ်တွေဟာ ကပ်ရောဂါထိန်းချုပ်ဖို့ ဘက်စုံမျှတတဲ့ ရံပုံငွေကြေးရရှိရေးအတွက်လည်း သုံးသပ်ကြည့်ရှုသွားဖို့ လိုအပ်ပါတယ်။
ဒီကမ္ဘာ့ကပ်ဘေးရောဂါဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ပထဝီနိုင်ငံရေး အခြေအနေတွေကိုလည်း ပေါ်ပေါက်စေလျှက်ရှိပါတယ်။ မကြာသေးမီက တရုပ်နိုင်ငံဟာ ၎င်းတို့ရဲ့ စင်္ကြံတခု လမ်းတခု RBI စီမံချက်အတွက် အနည်းငယ်ကွဲလွဲတဲ့ “တရုပ် ကျန်းမာရေး ပိုးလမ်းမ” နှင့်အတူ ဒေသပိုင်းနိုင်ငံတွေကို အကူအညီပေးဖို့ကြိုးပမ်းချက်တွေကို တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။ တရုပ်နိုင်ငံရဲ့ တာဝန်ခံယူမှုရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်တွေ တိုးများလာတာနှင့်အတူ နိုင်ငံငယ်လေးတွေကို အကူအညီပေးဖို့ကိစ္စက အရေးကြီးလာပါတယ်။ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ မော်လဒိုက်၊ မော်ရေးသျှား၊ ဆေးရှဲနှင့် ကိုမိုရိုနိုင်ငံတို့လို ကျွန်းနိုင်ငံတွေအတွက် ရေကြောင်းသံတမံမှတဆင့် အိန္ဒိယနိုင်ငံရဲ့ အကူအညီတွေဟာ ဒေသပိုင်း ပိုမိုကျယ်ပြန့်စေဖို့ စိန်ခေါ်ချက်တွေကိုအာရုံပြုရေးအတွက် အထူးကြိုးပမ်းချက်တွေ ဖြစ်ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Shankari Sundararaman ဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။
Comments
Post a Comment