နီပေါနိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ မွမ်းမံပြင်ဆင်ချက်နှင့်ပတ်သက်သည့် ဆွေးနွေးမှုကို လိုလျောလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Amb. Manjeev Puri ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ မွမ်းမံပြင်ဆင်ချက်နှင့်ပတ်သက်သည့် ဆွေးနွေးမှုကို လိုလျောလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များဖြစ်ကြသော Sikkim၊ West Bengal၊ Bihar၊ Uttar Pradesh နှင့် Uttarakhand ပြည်နယ်တို့နှင့် နီပေါနိုင်ငံ ထိစပ်နေမှု ၁၇၅၀ ကီလိုမီတာ နယ်စပ်ဒေသတလျှောက် မျှဝေတည်ရှိကြပါတယ်။ ဒီနယ်စပ်ဒေသ အများစုတို့ကို အရှေ့အိန္ဒိယ ကုမ္ပဏီနှင့် နီပေါနိုင်ငံ Royal Court တို့အကြား ၁၈၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ Sugauli သဘောတူစာချုပ်နှင့် ဖြေရှင်းထားပါတယ်။
ဒါက ကာလီ (မဟာကာလီ) မြစ်ကို နီပေါနိုင်ငံရဲ့ အနောက်ဘက်စွန်ဆုံးအဖြစ် သတ်မှတ်ထားပါတယ်၊ ဥပမာ နီပေါနိုင်ငံရဲ့ မြေနယ်နိမိတ်ဟာ ကာလီရဲ့ အရှေ့ဘက်မှာသာရှိတယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ Kalapani၊ Limpiyadhura နှင့် Lipulekh ဒေသတွေမှာ အကြမ်းဖျင်းအားဖြင့် ကီလိုမီတာ ၄၀၀ နီးပါးလောက်ပိုင်ဆိုင်တယ်လို့ဆိုထားတဲ့ ပြင်ဆင်ချက် မြေပုံတခုကို မကြာမီက ချမှတ်ခဲ့ပါတယ်။
Kathmandu အစိုးရကတော့ ဒီနယ်မြေတွေဟာ အဓိကဖြစ်တဲ့ ကာလီ မြစ်လက်တက်ရဲ့အရှေ့ဘက်မှာ တည်ရှိနေတာကြောင့် နီပေါနိုင်ငံပိုင်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကာလီမြစ်ရဲ့ ပင်မရင်းမြစ်ဟာ ဒီနယ်မြေတွေက ကာလီမြစ်ရဲ့ အနောက်ဘက်တွေဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ Kalapani မှလာတယ်လို့ ထိန်းသိမ်းဖော်ပြထားကြပါတယ်။
အဲဒီဒေသတွေဟာ နီပေါ၊ တရုပ် ၂ နိုင်ငံစလုံးနှင့် နယ်စပ်အနီးဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ Uttarakhand ပြည်နယ်တွင်းမှ ဒေသများဖြစ်ကြပြီး အိန္ဒိယ Kailash နှင့် Mansarovar ဘုရားဖူးတွေ အစဉ်အလာအားဖြင့် အသုံးပြုနေခဲ့ပါတယ်။ Kailash နှင့် Mansarovar ဘုရားဖူးခရီးအတွက် အဆင်ပြေစေဖို့ အိန္ဒိယနိုင်ငံဟာ ဘုရားဖူးတွေသုံးတဲ့လမ်းအတိုင်း Tawaghat ကနေ Lipulekh အထိ ကျောက်ခင်းလမ်း ဖောက်လုပ်ပြီးစီးခဲ့ပါတယ်။ အဲဒီလမ်းကို အိန္ဒိယကာကွယ်ရေးဝန်ကြီးက ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနှင့် နီပေါနိုင်ငံတို့ဟာ ပုံမှန်မဟုတ်တဲ့ ကိုရိုနာ ကပ်ရောရဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေတွေနှင့်ရှိနေတာကြောင့် ၂ နိုင်ငံတို့ဟာ ပြည်သူလူထုတွေရဲ့ စိုးရိမ်မှုတွေ လျော့ပါးရေးအတွက် အတူတကွ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ချက် ဥပဒေကို နီပေါနိုင်ငံ ပါလီမန်လွှတ်တော်မှာ တင်သွင်းခဲ့ပြီး မေလ ၂၆ ရက်နေ့မှာ ဆွေးနွေးဖို့ ရှိခဲ့ရမှာဖြစ်ပါတယ်။ ၂၆ ရက်နေ့ တင်ပြရမယ့်စာရင်းမှာ အဲဒီဥပဒေမူကြမ်း မပါဝင်ခဲ့တာကြောင့် ဒါဟာ ဖြစ်မလာခဲ့ပါဘူး။ နီပေါနိုင်ငံအတွင်း ဖွဲ့စည်းပုံပိုင်း ပြင်ဆင်မွမ်းမံမှုဟာ ပါလီမန်လွှတ်တော်မှာ ၃ ပုံ ၂ ပုံ မဲအများစု လိုအပ်ပါတယ်။
ယခုအခါ နီပေါနိုင်ငံဟာ မွမ်းမံထားတဲ့ မြေပုံနှင့်ပတ်သက်ပြီး ၎င်းတို့ပါလီမန်လွှတ်တော်မှာဆွေးနွေးဖို့ လိုက်လျောလိုက်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ တဦးရဲ့ ထိရှလွယ်မှုကို နောက်တဦးက နားလည်သိမှတ်လျှက် အပြန်အလှန် ရင့်ကျက်မှု ပြသလိုက်ကြပါတယ်။ ဒါဟာ အိမ်နီးချင်း ၂ နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ဖို့ တောင့်တင်းခိုင်မာလျှက်ရှိပါတယ်။
နီပေါနိုင်ငံဟာ ၎င်းတို့ရဲ့ ပါလီမန်လွှတ်တော်မှာ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မွမ်းမံချက် မပြုလုပ်လိုက်တာကတော့ အရင်းနှီးဆုံးဖြစ်ကြတဲ့ အိန္ဒိယနှင့် နီပေါ ပြည်သူလူထုတို့ရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Amb. Manjeev Puri ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။
Comments
Post a Comment