“CPEC: ပါကစ္စတန်နိုင်ငံအတွက် အကြွေးအမှီဝန်ထုပ်တခု”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် M.K. Tikku ဝေဖန်ရေးသားပေးပို့ထားတဲ့ “CPEC: ပါကစ္စတန်နိုင်ငံအတွက် အကြွေးအမှီဝန်ထုပ်တခု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
China ၊ Pakistan Economic Corridor (CPEC) သို့မဟုတ် တရုတ်၊ ပါကစ္စတန်၊ စီးပွားရေးစင်္ကြန်ဆောက်လုပ်ပြီးတဲ့အခါ ပီကင်းအစိုးရအတွက် Win-Win အနိုင်-အနိုင် သဘောတူညီချက်ဖြစ်ပါလိမ့်မယ်ဆိုတဲ့အပေါ် သံသယအနည်းအကျဉ်း ဖြစ်ပေါ်စေလျှက်ရှိနေပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ အဆိုပါအမေရိကန်ဒေါ်လာပေါင်း (၆၂) ဘီလီယံတန်ဘိုးရှိတဲ့ ပရိုဂျက်ကို တရုတ်နိုင်ငံအား ပင်လယ်ကွေ့ဒေသပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာဒေသတွေဆီသို့ အလွယ်တကူဝင်ရောက်ခွင့်ရရှိဘို့အတွက် စီမံထားဒါဖြစ်ပါတယ်။ ဒီစင်္ကြန်ဟာ တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းကုန်းမြေဝိုင်းရံထားတဲ့ Xinjiang ပြည်နယ်နဲ့ Balochistan နိုင်ငံအတွင်းက Gwadar ဆိပ်ကမ်းနဲ့ ဆက်သွယ်ထားဒါဖြစ်ပါတယ်။
ဒါပေမဲ့ အတိအကျဘယ်နေရာမှာ ပါကစ္စတန်နိုင်ငံနဲ့ ကွဲကွာသွားမှာလဲဆိုတဲ့ မေးခွန်းဟာ ပါကစ္စတန်နိုင်ငံအတွင်းက အဆိုပါပရိုဂျက်အပေါ် ခွဲခြမ်းလေ့လာသူတွေအပါအဝင် ခွဲခြမ်းစိတ်ဖြာလေ့လာသူ အများအပြားတို့ရဲ့ အချိန်အတော်ကြာကတည်းကမေးနေကြတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ CPCE နဲ့ တခြားဆက်နွယ်နေတဲ့ပရိုဂျက်တွေကသာ ငွေအကုန်အကျ ပိုမိုများပြားလာနေဒါကို တွေ့မြင်ကြဒါမဟုတ်ဘဲ၊ တချိုကသောပရိုဂျက်တွေက သတ်မှတ်ထားခဲ့တဲ့ အချိန်ထက်နောက်ကျနေပါတယ်။ အဲဒီပရိုဂျက်တွေထဲမှာ အလွန်ကြီးမားတဲ့ ရေဓါတ်အားပရိုဂျက်နဲ့ မျှော်မှန်းချက်မြင့်မားတဲ့ Peshawar နဲ့ Karachi မြို့တွေကို ဆက်သွယ်ပေးတဲ့ ရထားလမ်းပရိုဂျက်လည်း ပါဝင်ပါတယ်။ ရထားလမ်းပရိုဂျက်အတွက် အစအဦးပိုင်းမှာ ကုန်ကျငွေဒေါ်လာပေါင်း ၈.၂ ဘီလီယံ ရာထားခဲ့ပါတယ်။ အဲဒီနောက် ဒေါ်လာပေါင်း ၆.၂ ဘီလီယံသို့ လျော့ချလိုက်ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းက အဆိုပါပရိုဂျက်အတွက် ကုန်ကျငွေထဲက ဒေါ်လာပေါင်း (၂) ဘီလီယံခန့် လျော့နည်းစေခဲ့တဲ့အတွက် တချို့သောအခမ်းအနားတွေကျင်းပရေးသို့ ဦးတည်စေခဲ့ပါတယ်။ ယခုအခါအစီအရင်ခံချက်တွေမှာ အမှန်စင်စစ်ကုန်ကျငွေက ဒေါ်လာပေါင်း (၉) ဘီလီယံထက် ကျော်လိမ့်မယ်လို့ ဖော်ပြနေပါတယ်။
CPEC ပရိုဂျက်ပြီးဆုံးသွားတဲ့အခါ ခန့်မှန်းချေအားဖြင့် ဒေါ်လာပေါင်း ၁ ထရီလီယံ ခန့်ရှိတဲ့ ပီကင်းအစိုးရရဲ့ မျှော်လင့်ချက်ကြီးမားတဲ့ Belt and Road Initiative (BRI) ရဲ့ တစိတ်တပိုင်း ဖြစ်စေဘို့ ရည်မှန်းထားပါတယ်။ BRI ဟာ တရုတ်နိုင်ငံရဲ့ အနာဂါတ်အကျိုးအမြတ်တွေနဲ့ ရည်းမှန်းချက်တွေကို ဖြည့်ဆည်းပေးဘို့ ဒီဇိုင်းရေးဆွဲထားဒါဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အငယ်တန်း ဖက်စပ်လုပ်ကိုင်သူတွေအတွက်လည်း အလားတူအကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ Washington မြို့မှာ အခြေစိုက်ထားတဲ့ Centre For Global Development ဌာနကြီးကထောက်ပြခဲ့သလို၊ ပါကစ္စတန်နိုင်ငံအပါအဝင် BRI ရဲ့ တစိတ်တပိုင်းဖြစ်ကြတဲ့ နိုင်ငံပေါင်း (၈) နိုင်ငံတို့ဟာ မြင့်မားတဲ့ အကြွေးအမှီဖိအားအန္တရာယ်တွေအောက် ကျရောက်နေကြတယ်လို့ သိရှိရပါတယ်။
အဲဒီလိုခက်ခဲလှတဲ့ အခြေအနေမျိုးကို ရောက်ရှိဘို့ရာ အကြောင်းအချက်တွေအား ရှာဖွေဘို့အချိန် မဝေးတော့ပါဘူး။ စောစောပိုင်းက တောင်အာရှအိမ်နီးချင်းတွေဖြစ်ကြတဲ့ သီရိလင်္ကာနဲ့ မော်လ်ဒိုက်နိုင်ငံတို့ဟာ တရုတ်နိုင်ငံနဲ့ ကြွေးမှီထောင်ချောက်ထဲ ထိုးကျလုနီးပါးဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုအတွေ့အကြုံတွေက တောင်အာရှဒေသပိုင်းတခုတည်း အတွင်းမှာသာ ဖြစ်ပေါ်နေဒါမဟုတ်ပါဘူး၊ အာဖရိကတိုက်က နိုင်ငံများစွာတို့လည်း တရုတ်နိုင်ငံရဲ့ ပရိုဂျက်တွေကိုလက်ခံထားခဲ့ရာမှ ကြီးမားတဲ့အကြွေးအမှီဝန်ထုတ်အောက် ကျရောက်နေကြပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ တရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံရဲ့ ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး အတွေးအခေါ်လမ်းစဉ်ကြောင့်သာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထောက်ပံ့ကြေးသို့မဟုတ် အတိုးနှုန်းလျော့နည်းစွာနဲ့ ချေးမရေးအပေါ် စိတ်မဝင်စားပါဘူး။ တရုတ်နိုင်ငံရဲ့ ငွေကြေးအထောက်အကူဟာ စီးပွားရေးသက်သက်သာ ဖြစ်ပါတယ်။ ဥပမာတခုကို ပြရမယ်ဆိုရင် သီရိလင်္ကာနိုင်ငံမှာ Mattala နိုင်ငံတကာလေဆိပ်ကို တရုတ်နိုင်ငံရဲ့ ဘဏ္ဍာငွေအထောက်အကူနဲ့ တည်ဆောက်ခဲ့ပါတယ်။ အဲဒီလေဆိပ်ဟာ ကြီးကျယ်ခမ်းနားလှပေမဲ့ ဘယ်ခရီးသည်ကမျှ အသုံးပြုကြဒါကိုမတွေ့ရှိရပါဘူး။ ဒါ့အပြင်တရုတ်နိုင်ငံရဲ့ တင်ဒါတင်သွင်းတဲ့လုပ်ငန်းစဉ်ကလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် နိုင်ငံတကာစည်းမျဉ်းဥပဒေနဲ့လည်း ကိုက်ညီခြင်းမရှိပါဘူး။ နောက်ဆုံးမှာတော့ တရုတ်နိုင်ငံကုမ္ပဏီတွေအတွက် အမြတ်အစွန်းတွေရရှိဘို့ စီမံထားတဲ့ မူဝါဒဘဲဖြစ်ပါတယ်။ CPEC ကလည်း မကွဲပြားဘဲ၊ တမျိုးတမည်တည်းသာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ အကျိုးဖြစ်ထွန်းစေမဲ့ အလားအလာတွေမရှိတဲ့အပြင် မိမိတို့ရဲ့ ဘဏ္ဍာရေးစာရင်းဇယားတွေအား ထိန်းသိမ်းဘို့အတွက် ကမ္ဘာအရပ်ရပ်မှ ငွေကြေးအထောက်အကူတွေ ရှာဖွေနေရပါတယ်။ ပါကစ္စတန်နိုင်ငံဟာ မိမိတို့ရဲ့ အကြွေးအမှီတွေ ပေးဆပ်ဘို့အတွက် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ဘို့ ချေးမငွေရယူဘို့ မကြာခဏချဉ်းကပ်နေရပါတယ်။ ငွေစာရင်းအားလုံးတို့နဲ့အတူ CPEC ဟာ အစ္စလမ္မာဘတ်အစိုးရအပေါ် ကြီးမားတဲ့အကြွေးအမှီ ဝန်ထုပ်ကြီးကို ကျရောက်စေခြင်းဖြင့် အဆုံးသတ်လိမ့်မယ်ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရှုထောင့်အားဖြင့် တရုတ်နိုင်ငံရဲ့ Gwadar အရပ်ဒေသမှာ ဝင်ရောက်ခြေကုပ်ယူမှု ကြီးထွားလာနေဒါကို စီးပွားရေးသက်သက်သာ ဖြစ်တယ်လို့ မယူဆသင့်သလို အိန္ဒိယသမုဒ္ဒရာဒေသပိုင်းမှာ မော်လဒိုက်၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလို ပီကင်းအစိုးရရဲ့ ခြေရာတွေတိုးများစေဘို့ ကြိုးပမ်းမှုတွေမဟုတ်ဘူးလို့လည်း မထင်မှတ်သင့်ဘိူးလို့ ယူဆရမယ်ဖြစ်ပါတယ်။ ဒီအချက်တွေကို တရုတ်နိုင်ငံရဲ့ String of Pearls မဟာနည်းဗျူဟာအဖြစ် မကြာခဏမြင်တွေ့ရပါတယ်။ သာမန်အားဖြင့် ဖော်ပြရမယ်ဆိုရင်၊ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းမှာ ပီကင်းအစိုးရရဲ့ ပါဝင်ပါတ်သက်မှု တိုးများဘို့ ကြိုးပမ်းခြင်းအား တောင်အာရှဒေသပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ လွမ်းမိုးမှုတွေအား ထိန်းချုပ်ဘို့ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဆိုရမယ်ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အိန္ဒိယနိုင်ငံနဲ့ မတူညီတဲ့ဆက်ဆံမှုသမိုင်းအရ ကြည့်မယ်ဆိုရင် ဘာကြောင့် အစ္စလာမ်ဘတ်အစိုးရက တိုများလာနေတဲ့ CPEC ရဲ့ အကြွေးအမှီ ဝန်ထုပ်ကြီးနဲ့ပါတ်သက်ပြီး မငြီးငြူဘဲရှိနေတယ် ဆိုဒါရဲ့ အကြောင်းရင်းဖြစ်တယ်ဆိုဒါကို သိရှိနိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် M.K. Tikku ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment