“ပိုမိုနက်ရှိုင်းလာနေသော အီရန်-အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပဋိပက္ခနဲ့ ၎င်းကို သံတမန်ရေးရာနည်းလမ်းအရ ဖြေရှင်းရန်လိုအပ်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အီရန်နိုင်ငံအရေးကိစ္စများ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပိုမိုနက်ရှိုင်းလာနေသော အီရန်-အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပဋိပက္ခနဲ့ ၎င်းကို သံတမန်ရေးရာနည်းလမ်းအရ ဖြေရှင်းရန်လိုအပ်ခြင်း” သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

နေ့စဉ်နဲ့အမျှ အချိန်တွေကုန်ဆုံးနေခြင်းနဲ့အတူ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ပဋိပက္ခပိုမိုခိုင်မာလာနေပြီး နိုင်ငံတကာလူမှုအသိုင်းအဝိုင်းရဲ့ အာရုံပြုမှုကို လိုအပ်လျှက်ရှိနေပါတယ်။ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ပဋိပက္ခရဲ့ အရင်းအမြစ်ကို လွန်ခဲ့တဲ့ ၁၉၇၉ ခု အီရန်တော်လှန်ရေးကာလမှာ ရှာဖွေတွေ့ရှိနိုင်ပေမဲ့ များမကြာမှီသောကာလက ဒီပဋိပက္ခရဲ့အပိုင်းဟာ လွန်ခဲ့တဲ့နှစ် အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump က “Joint Comprehensive Plan of Action” JCPOA မှ တဦးတည်းနုတ်ထွက်သွားခဲ့ရာမှ တောက်လောင်ခဲ့ဒါဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး၊ အမေရိကန်ပြည်ထောင်စုဟာ စောစောပိုင်းက အီရန်နိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့ထားမှုထဲမှ ရုပ်သိမ်းခဲ့တဲ့ ဒါဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်အကျုံးဝင်လာစေပြီး၊ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ အီရန်နိုင်ငံအထွဋ်အထိပ်ခေါင်းဆောင်တို့ကို ပစ်မှတ်ထားခြင်းအပါအဝင် ပိတ်ဆို့မှုသစ်တွေကို ချမှတ်လိုက်ပါတယ်။

သမ္မတ Mr Trump က JCPOA မှ နုတ်ထွက်လိုက်ခြင်းဟာ ဒီသဘောတူညီချက်နဲ့ပါတ်သက်ပြီး၊ သူ့ရဲ့မကြိုက်နှစ်သက်မှုကို သမ္မတနေရာအတွက် မဲဆွယ်မှုတွေပြုလုပ်နေခဲ့တဲ့အချိန်ကတည်းက ခံယူချက်ဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် သမ္မတ Mr Trump ဟာ အီရန်နိုင်ငံကို ဆန့်ကျင်တဲ့ ပိုမိုကြမ်းတမ်းတဲ့ပေါ်လစီအားကျင့်သုံးခဲ့ပြီး ဒီနိုင်ငံရဲ့ ဒေသပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ်ဘို့ ရည်မှန်းခဲ့ပါတယ်။ ဒီပေါ်လစီရဲ့ အနှစ်သာရကတော့ အီရန်နိုင်ငံအပေါ် အတတ်နိုင်ဆုံးဖိအားတွေ ကျရောက်စေပြီး၊ အီရန်နိုင်ငံအား အမေရိကန်ပြည်ထောင်စုနဲ့ အနုမြူဆိုင်ရာ သဘောတူညီချက်သစ်တခု လက်မှတ်ရေးထိုးအောင် အကြပ်ကိုင်စေခြင်းဘဲဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ယခုအမေရိကန်ပြည်ထောင်စုရဲ့ပေါ်လစီဟာ ပင်လယ်ကွေ့ဒေသပိုင်းအတွင်း လေယာဉ်တင်သင်္ဘော၊ B52- ဗုံးကျဲလေယာဉ်နဲ့ နောက်ထပ် အမေရိကန်တပ်သားပေါင်း (၁၀၀၀) တို့ကို နေရာချထားစေတဲ့ စစ်ဖက်ဆိုင်ရာ အင်အားတည်ဆောက်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။

အမေရိကန်တို့ရဲ့ နည်းလမ်းတွေကို တုန့်ပြန်သောအားဖြင့် အီရန်နိုင်ငံကလည်း တချို့သောခြေလှမ်းတွေလှမ်းခဲ့ဒါမို့ နှစ်နိုင်ငံအကြား ပဋိပက္ခမှာ နောက်ထပ်ဖြည့်စွက်စေလိုက်ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ထင်ရှားဆုံးအကြောင်းအချက်တွေကတော့ အီရန်နိုင်ငံက JCPOA သဘောတူစာချုပ်မှ အီရန်နိုင်ငံရဲ့ ခံယူချက်တချို့ကို ပြန်လည်နုတ်ယူလိုက်တဲ့ အရေးကိစ္စလည်းပါဝင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အီရန်နိုင်ငံရဲ့ သိုလှောင်ထားတဲ့ Uranium ဓာတ်သတ္တုတွေ တင်ပို့မှုအပေါ် ရပ်ဆိုင်းထားမှုတခုနဲ့ Uranium ဓာတ်သတ္တုသန့်စင်စေရေးအဆင့် တိုးမြှင့်ရေးတို့ ပါဝင်ပါတယ်။ ဒီအချက်ဟာ JCPOA က ချုပ်ချယ်ထားတဲ့ အီရန်နိုင်င့ရဲ့ အနုမြူလုပ်ငန်းတွေကို ပိတ်ပင်ထားခဲ့ပြီး၊ အီရန်နိုင်ငံက သူတို့ဟာ ယခုလိုပမာဏကို စီးပွားရေးအကျိုးအမြတ်ရရှိရေးအတွက် သဘောတူခဲ့ဒါဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ သဘောတူစာချုပ်မှ နုတ်ထွက်ခြင်းက သူတို့အတွက် ရသင့်ရထိုက်ဒါတွေ မရဖြစ်နေတယ်လို့ ခုခံပြောဆိုနေပါတယ်။ ယခုလိုခြေလှမ်းတွေက အီရန်နိုင်ငံကို အနုမြူသဘောတူစာချုပ်မှ စည်းမျဉ်းအရ နုတ်ထွက်ဘို့ ဖန်တီးလာပြီး၊ ဒီသဘောတူစာချုပ်ပါ ဥရောပနိုင်ငံတွေက အီရန်နိုင်ငံအား ချက်ချင်း JCPOA သဘောတူစာချုပ်အရ အပြည့်အဝလုပ်ကိုင်ဘို့ တိုက်တွန်းနေကြဒါမို့ သို့မှသာ အဆိုပါစာချုပ်ကို ထိန်းသိမ်းထားရှိနိုင်လိမ့်မယ်ဖြစ်ပါတယ်။

မကြာသေးမှီသောရက်သတ္တပါတ်အတွင်း ပင်လယ်ကွေ့ဒေသပိုင်းအတွင်း တခြားဆက်နွယ်တဲ့အရေးအခင်းတွေဖြစ်ပွားခဲ့ဒါက လက်ရှိပဋိပက္ခကို နောက်ထပ်အရှိန်မြင့်တင်လိုက်ပါတယ်။ အဆိုပါအရေးကိစ္စတွေထဲမှာ Oman ပင်လယ်ကွေ့ဒေသပိုင်းအတွင်း ရေနံတင်သင်္ဘောတွေအပေါ် မြောက်များစွာသော တိုက်ခိုက်မှုတွေပြုလုပ်ခြင်း၊ ပါရှန်ပင်လယ်ကွေ့မှ အီရန်နိုင်ငံက အမေရိကန် Drone တခုကို ပစ်ချလိုက်ခြင်း၊ Gibraltar ရေလက်ကြားမှာ ဗြိတိသျှတပ်ဖွဲ့တွေက အီရန်ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်ခြင်းနဲ့ အီရန်နိုင်ငံရဲ့ တုန့်ပြန်အရေးယူဘို့ သတိပေးခြင်းတို့ ပါဝင်ပါတယ်။ ယခုလိုအခင်းဖြစ်ပွားမှုတွေက စိုးရိမ်ပူပန်မှုတွေကြောင့် ပေါ်ပေါက်ခဲ့ဒါဖြစ်ပြီး၊ အီရန်နိုင်ငံရဲ့ စီးပွားရေးကို လည်မျိုးညစ်ထားခြင်းဟာ Hormuz ရေလက်ကြားကို ပိတ်ပင်ထားရှိဘို့ ကြိုးပမ်းမှုတခု မလွှဲမရှောင်သာဘဲ ပြုလုပ်ဘို့ ဖန်တီးလာနိုင်ဒါမို့၊ အဲဒီလမ်းကြောင်းထဲ ခုတ်မောင်းကြတဲ့ သင်္ဘောတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ပေါ်ပေါက်စေလျှက်ရှိပါတယ်။ ကမ္ဘာတခွင်လုံးရဲ့ ရေကြောင်းမှတဆင့် ရေနံတင်ပို့ရေးကို Hormuz ရေလက်ကြားမှတဆင့် ပြုလုပ်လျှက်ရှိပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းကို ပိတ်ပင်မယ် သို့မဟုတ် အဲဒီသော့ချက်ကျရေကြောင်းအတွင်း ပြင်းထန်တဲ့ အနှောက်အယှက်တွေဖြစ်ပေါ်မယ်ဆိုရင် ပင်လယ်ကွေ့ဒေသမှာ စစ်ဘက်ဆိုင်ရာ အရေးယူမှုတခု မြင့်တင်ဘို့ ဖြစ်လာမှာကတော့ သေချာပါတယ်။

ဒါကြောင့် ယခုအချိန်ကာလဟာ ကမ္ဘာ့စွမ်းအားရှင်နိုင်ငံတွေအတွက် သံတမန်ရေးရာနည်းလမ်းမှတဆင့် လက်ရှိတင်းမာမှုတွေကို လျော့နည်းသွားအောင်ပြုလုပ်ဘို့ရာ အပြင်းအထန် ကြိုးစားရမဲ့အချိန်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ စွမ်းအင်မှာယူတင်သွင်းတဲ့နိုင်ငံဖြစ်ပြီး၊ အများစုတို့ဟာ ပင်လယ်ကွေ့နိုင်ငံတွေထံက ရောက်ရှိလာဒါဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသပိုင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးပါလှပြီး၊ Hormuz ရေလက်ကြားမှာဖြစ်ပေါ်တဲ့ ဘယ်လိုအနှောက်အယှက်မျိုးကမဆို အိန္ဒိယနိုင်ငံရဲ့ Hydrocarbon မှာယူတင်သွင်းမှုကို အကြီးအကျယ် လျော့နည်းသွားစေလိမ့်မယ်ဖြစ်ဒါမို့ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးကို ဆုတ်ယုတ်စေလိမ့်မယ်ဖြစ်ပါတယ်။ ဒေသပိုင်းအတွင်းဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့် အိန္ဒိယရေတပ်မတော်ဟာ စစ်သင်္ဘော Chennai နဲ့ Sunayna တို့ကို Oman ပင်လယ်ကွေ့ဒေသမှာ တာဝန်ချထားပြီး၊ အိန္ဒိယနိုင်ငံရဲ့ ပါရှန်ပင်လယ်ကွေ့နဲ့ Oman ပင်လယ်ကွေ့ထဲ ဖြတ်ကျော်သွားလာကြတဲ့ အိန္ဒိယကုန်တင်သင်္ဘောတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်စေလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲဒီဒေသပိုင်းက နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့အပြန်အလှန်ဆက်ဆံရေးတွေ တည်ဆောက်ထားဒါကြောင့် ဒီဒေသပိုင်းအတွင်း ဘယ်သို့သော်စစ်ပွဲဆိုင်ရာ ပဋိပက္ခမျိုးမဆို အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ တွေးမြင်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဋိပက္ခပြုလုပ်နေကြတဲ့ နိုင်ငံတွေကို လက်ရှိပြဿနာကို ဖြေရှင်းဘို့အတွက် သစ္စာရှိစွာနဲ့ ပြင်းထန်စွာ အေးချမ်းသောနည်းလမ်းနဲ့ ကြိုးပမ်းလုပ်ကိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ စစ်ပွဲတခုသို့အသွင်ပြောင်းပြီး၊ ကြီးမားတဲ့စီးပွားရေးနစ်နာမှုတွေနဲ့ လူ့အသက်ဆုံးရှုံးမှုတွေ မဖြစ်ပေါ်မှိ ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”