စီးပွားရေးလုပ်ငန်း အမှုကိစ္စရပ်များသည် ဖွံ့ဖြိုးတိုးတက်မှု တားကောင်းစေလိမ့်မည်ဟု RBI က ဖော်ပြလိုက်ခြင်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပညာရေး ဆောင်းပါးရှင် Aditya Raj Das ရေးသားပေးပို့ထားတဲ့ ‘စီးပွားရေးလုပ်ငန်း အမှုကိစ္စရပ်များသည် ဖွံ့ဖြိုးတိုးတက်မှု တားကောင်းစေလိမ့်မည်ဟု RBI က ဖော်ပြလိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် အိန္ဒိယနိုင်ငံက မီးကုန်ယမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ စီးပွားရေးကဏ္ဍ အထောက်အပံ့ဖြစ်စေဖို့ ကိုက်ညီမှုရှိတဲ့ အခြေအနေတရပ်ကိုထိန်းသိမ်းပြီး ချေးမငွေနှုန်းထားတွေကို မပြောင်းလဲဘဲထားရှိလိုက်ဖို့ဖြစ်တဲ့ အိန္ဒိယ ဗဟိုဘဏ်တိုက်ကြီး RBI ရဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးကဏ္ဍကို လက်တွေကျတဲ့ အခြေအနေအလားအလာ ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

RBI အုပ်ချုပ်ရေးအရာရှိ ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦးပါရှိသော ငွေကြေးမူဝါဒဆိုင်ရာ ကော်မတီ MPC အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးကဏ္ဍ ပြန်လည်ဦးမော့လာစေဖို့ ကာလတလျှောက်မှာ အနိမ့်ဆုံး ၄% မှာရှိနေတဲ့ ချေးမငွေနှုန်းအဆင့် လျှော့ချခြင်းကနေ ရှောင်ရှားပြီး အရေးပေါ်ကာလအတွင်း ချေးမမှုတွေ ပြန်လည်ပေးအပ်တည်ဆောက်ခြင်းတို့လို များစွာလိုအပ်နေတဲ့ အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။

RBI ဘဏ်တိုက်ကြီးဥက္ကဌဖြစ်တဲ့ Shaktikanta Das ဖော်ပြခဲ့တဲ့အတိုင်းပဲ MPC ကော်မတီအဖွဲ့ဟာ ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေဖို့ အတိုးနှုန်းတွေကို မပြောင်းလဲဘဲ ထိန်းသိမ်းထားရှိဖို့နှင့် လိုက်လျောက်ညီထွေမှုရှိတဲ့ အခြေအနေတွေနှင့်အတူ ဆက်လက်ထားရှိဖို့ မဲပေးခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံအတွင်း စီးပွားရေးအခြေအနေတွေကို ပြန်လည်စတင်ခြင်းနှင့်ပတ်သက်လို့ စီးပွားရေးကဏ္ဍဟာ နိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေ ပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက် ဧပြီ-မေလတို့အတွင်း နိမ့်ပါးနေရာကနေ ပြန်လည်ဦးမော့လာဖို့ စတင်ခဲ့တယ်လို့ ဘဏ်တိုက်ကြီးက ဖော်ပြခဲ့ပါတယ်။

ကျေးလက်ဒေသ စီးပွားရေးကဏ္ဍဆိုင်ရာ ပြန်လည်အားကောင်းမှုဟာ မိုးရာသီ ကောက်ပဲသီးနှံနှင့် အနောက်တောင် မုတ်သုံမိုး ပုံမှန်ရွာသွန်းမှုတို့ကြောင့် တိုးတက်လာလိမ့်မယ်လို့မျှော်လင့်ကြောင်း RBI ဘဏ်တိုက်ကြီး ဥက္ကဌာ ဖော်ပြခဲ့ပါတယ်။

အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် RBI ရဲ့ မူဝါဒတွေဟာ ပေါ်လစီ နှုန်းထားတွေ ထိန်းသိမ်းထားခြင်းထက် များစွာအထောက်အကူပြုပြီး အဓိကကျတဲ့ တည်ဆောက်ပုံပိုင်း ပြဿနာတချို့ကို ဖြေရှင်းပေးလိုက်တဲ့အပြင် ဒါတွေဟာ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် အားကောင်းစေဖို့ မဖြစ်မနေ အရေးပါလှတာလည်း ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Aditya Raj Das ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”