အိန္ဒိယနိုင်ငံသည် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတွင် များစွာတိုးတက်ပြောင်းလဲရန် စီစဉ်လျှက်ရှိ



ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပညာရေး ဆောင်းပါးရှင် Manish Anand ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံသည် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတွင် များစွာတိုးတက်ပြောင်းလဲရန် စီစဉ်လျှက်ရှိ’ တဲ့ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရေး မူဝါဒမူကြမ်းနှင့်အတူ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကာကွယ်ရေးပစ္စည်း ပေးသွင်းမှုကွင်းဆက်ကြီးအပေါ် မျက်စိကျလျှက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာ မူကြမ်းဟာ ပြည်ပတင်ပို့မှု ၅ ပုံ ၁ ပုံ ပါဝင်တဲ့ ဒေါ်လာ ၂၅ ဘီလျံတန်ဖိုးဖြင့် မိမိတို့ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုပမာဏကို အနေအထားရရှိမှာဖြစ်ပါတယ်။ ကာကွယ်ရေးသုံးပ္စည်းများ တတိယမြောက်အကြီးမားဆုံး တင်သွင်းသူနိုင်ငံအဖြစ် အိန္ဒိယဟာ ကိုယ်တိုင် မီခိုအားထားနိုင်တဲ့ ပေါ်လစီနှင့်အညီ ဦးဆောင်မှုနေရာရယူသွားဖို့ မျှော်မှန်းထားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနဟာ သက်ဆိုင်သူအသီးသီးတို့ထံမှ ဝေဖန်ချက်တွေအတွက် အများပြည်သူ ဖော်ပြနိုင်စေဖို့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့မှု ရောင်းအားမြှင့် ပေါ်လဏီမူကြမ်းတို့ကို ပြုစုခု့ပါတယ်။ လာမယ့် သီတင်းပတ် ၃ ပတ်ကာလအတွင်း ဝန်ကြီးဌာနဟာပေါ်လစီအသစ်ဆိုင်ရာနှင့် မူဝါဒမူကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးကြရာမှာ ထိပ်တန်းအဆင့်နိုင်ငံ ၁ နိုင်ငံအဖြစ် ဦးဆောင်လမ်းပြသွားလိမ့်မယ်လို့ ဝန့်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတွင် ပြုလုပ်ရေး အစပျိုးချက်တွေဟာ လတ်တလောနှစ်တွေအတွင်း လျှပ်စစ်ပစ္စည်းတွေ၊ မိုဘိုင်းဖုန်း ထုတ်လုပ်မှုတွေအပါအဝင် ကဏ္ဍတွေမှာ သိသိသာသာ ရလဒ်တွေ ပေါ်ထွက်နေပြီဖြစ်ပါတယ်။ ရုပ်မြင်သံကြားစက်တွေမှာဆိုရင် ပြည်တွင်း ထုတ်လုပ်မှုတွေဟာ စုစုပေါင်း ဝယ်လိုအားရဲ့ ၆၅% ကျော် ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်မြင်သံကြားစက်တွေ ပြည်တွင်းတင်သွင်းမှုစာ တင်းကျပ်မှု စာရင်းအောက်မှာ ပါရှိနေပြီဖြစ်ပါတယ်။ အစိုးရဟာ ပြည်တွင်းကဏ္ဍ ဘက်စုံဝယ်ယူရေးအတွက် စာရင်းတွေ ဆက်လက်တိုးမြှင့်သွားမယ်ဆိုရင် ဒါဟာ MSME နှင့် စတင်ပြုလုပ်ရေး ကဏ္ဍတွေကို သေချာပေါက် တိုးတက်စေမှာဖြစ်ပါတယ်။

ယခုနှစ် မတ်လမှု ထုတ်ပြန်တဲ့တဲ့ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ အစီရင်ခံချက်အရ အိန္ဒိယနိုင်ငံဟာ ၂၀၁၈-၁၉ ခုနှစ်မှာ ကာကွယ်ရေးကဏ္ဍ ပြည်ပတင်သွင်းမှုကို ရူပီးငွေ ၁၀၇၄၅ ကုဋေအထိ တိုးမြှင့်ခဲ့ပြီး ဒါဟာ ၂၀၁၇-၁၈ ခုနှစ်မှ ၄၆၈၂ ကုဋေနှင့်ယှဉ်ရင် ရာနှုန်းပြည့် တိုးတက်မှုဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ရေး ပေါ်လစီမူကြမ်းတို့ကို များစွာ လက်တွေ့ကျစေလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Manish Anand ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments