အာရပ်ကမ္ဘာနိုင်ငံများနှင့် ပါကစ္စတန်နိုင်ငံ၏ဆက်ဆံရေးများသည် အက်ကွဲမှုအောက် ကျရောက်

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားပေးပို့ထားတဲ့ ‘အာရပ်ကမ္ဘာနိုင်ငံများနှင့် ပါကစ္စတန်နိုင်ငံ၏ဆက်ဆံရေးများသည် အက်ကွဲမှုအောက် ကျရောက်မှု’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံက ပုဒ်မ ၃၇၀ ဖျက်သိမ်းလိုက်တဲ့ ပထမ နှစ်ပတ်လည်အခါသမယမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi ဟာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းမှာ Kashmir အရေးနှင့်ပတ်သက်ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့အစည်းရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ (CFM) တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံကို အကူအညီမပေးမှုအတွက် ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတခုမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို သွေးတိုးစမ်း ဖော်ပြခဲ့ပါတယ်။
OIC ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ Kashmir အရေးအပေါ် CFM ကောင်စီ ဆွေးနွေးပွဲ ကျင်းပမှုမပြုဘူးဆိုရင် ပါကစ္စတန်နိုင်ငံဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး အတူရပ်တည်ဖို့နှင့် အဖိနှိပ်ခံ Kashmir မူဆလင်တွေကို ကူညီထောက်ပံ့ဖို့ အသင့်ရှိတဲ့ အစ္စလာမ္မစ် နိုင်ငံများ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်သွားရလိမ့်မယ်လို့ တီဗီလိုင်းတခုနှင့် မေးမြန်းခန်းမှာ Qureshi က ဖော်ပြခဲ့ပါတယ်။
ဒီကနေ့ပါကစ္စတန်နိုင်ငံဟာ Kashmir အရေးကိစ္စမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို ဦးဆောင်ကဏ္ဍကနေပါဝင်လုပ်ဆောင်ဖို့ လိုအပ်နေကြပြီး အဲဒီကဏ္ဍကနေ ပါဝင်ဖို့ ဆန္ဒမရှိရင်လည်း သူဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်အတူ ဒါမှမဟုတ် ဒီနိုင်ငံမပါဘဲ ရှေ့ဆက်သွားဖို့အရေး ဝန်ကြီးချုပ် Imran Khan ကို ဖော်ပြသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံသာလျှင် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး စိတ်ကသိကအောက် ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ Kashmir အရေးနှင့်ပတ်သက်လို့ ပါကစ္စတန်နိုင်ငံကို ထောက်ခံမှု မရှိတဲ့အတွက် အာရပ်စော်ဘွားများနိုင်ငံ UAE ကိုလည်း ဖော်ပြခဲ့ပါသေးတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ ငွေပေးချေမှု အကျပ်အတည်းဖြစ်နေမှု အထောက်အကူပြုစေဖို့ ဒေါ်လာ ၆.၂ ဘီလျံ ထောက်ပံ့မှုတစိတ်တပိုင်းအဖြစ် နှစ်စဉ် ငွေပေးချမှု ရွှေ့ဆိုင်းရေးနှင့်ပတ်သက်လို့ ဒေါ်လာ ၃.၂ ဘီလျံတန်ဖိုးရှိတဲ့ ရေနံစိမ်း ပေးအပ်သွားဖို့ သဘောတူညီခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံ ကယ်တင်ခဲ့ရပါတယ်။ ဆော်ဒီတို့ဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစပြီး ၃ နှစ်အတွက် ရွှေ့ဆိုင်းမှု လုပ်ဆောင်ခဲ့ပြီး မေလအတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်ဟာ ဒီနှစ်မှာ သက်တမ်းတိုးဖို့ ကျရောက်လာပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီတို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ အပြုအမူတွေကို မနှစ်သက်တာကြောင့် အဆိုပါစီမံချက် အဆက်ဖြတ်ခဲ့ဟန် ရှိနေခဲ့ပါတယ်။
အာရပ်နိုင်ငံတွေနှင့်အတူ ပါကစ္စတန်နိုင်ငံရဲ့ အမှန်အတိုင်း သိမြင်မှုတို့ဟာ ပါကစ္စတန်နိုင်ငံကို ထောက်ခံကြဖို့ အစ္စလာမ္မစ်နိုင်ငံခေါင်းဆောင်တွေအပေါ် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ပါကစ္စတန် သတင်းမီဒီယာတွေမှာ ဝေဖန်သုံးသပ်သူတွေက ဖော်ပြနေကြတာကြောင့် အပြီးသတ်သွားဟန် ရှိပါတယ်။ အာရပ်ကမ္ဘာမှ ပါကစ္စတန်အပေါ် ထောက်ခံမှု လျော့နည်းသွားမှု ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီတို့ရဲ့ ထောက်ပံ့မှု ဆုံးရှုံးသွားရခြင်းဟာ လာမယ့်နေ့ရက်တွေမှာ ပါကစ္စတန်နိုင်ငံရဲ့ ဘဏ္ဍာရေးစိုးရိမ်ချက်တွေကို အသေအချာ သောကတိုးများစေမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”