၂၀၂၀ ခုနှစ်ဆိုင်ရာ နိုင်ငံတော် ပညာရေး မူဝါဒ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပညာရေး ဆောင်းပါးရှင် Payal ရေးသားပေးပို့ထားတဲ့ ‘၂၀၂၀ ခုနှစ်ဆိုင်ရာ နိုင်ငံတော် ပညာရေး မူဝါဒ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

လွန်ခဲ့တဲ့သီတင်းပတ်က အိန္ဒိယ ဗဟိုအစိုးရ ကတ်ဘိနက်အဖွဲ့ဟာ ၂၀၂၀ ခုနှစ်ဆိုင်ရာ NEP ခေါ် နိုင်ငံတော် ပညာရေး မူဝါဒသစ်ကို အတည်ပြုလိုက်ပြီး ဒါဟာ နိုင်ငံရဲ့ စာသင်ကျောင်းနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍအတွင်း မွမ်းမံအသွင်ကူးပြောင်းနိုင်ရေးအတွက် လမ်းဖွင့်ပေးလိုက်ပါတယ်။ ကတ်ဘိနက်အဖွဲ့ဟာ ၃၄ နှစ် ကြာမြင့်ပြီဖြစ်တဲ့ ပညာရေးဆိုင်ရာ နိုင်ငံတော် ပေါ်လစီကိုအစားထိုးပြီး လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကိုလည်း ပညာရေး ဝန်ကြီးဌာနအဖြစ် အမြည် ထပ်မံပြောင်းလဲခဲ့ပါတယ်။ ဒီ ၂၀၂၀ ခုနှစ်၊ NEP မူဝါဒဟာ အိန္ဒိယနိုင်ငံကို ဗဟုသုတ ဆုံးချက်ရပ်ဝန်း တခုအဖြစ် အသွင်ပြောင်းလဲပေးလိမ့်မယ်လို့ ဝန်ကြီးချုပ် Narendra Modi က ဖော်ပြခဲ့ပါတယ်။

ပညာရေးစနစ်မှာ ပြောင်းလဲမှုဖော်ပြထားတဲ့မူကြမ်းကိုတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း ဥက္ကဌဟောင်းဖြစ်သူ Dr. K Kasturirangan ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ NEP မူဝါဒသစ်ဟာ ကလေးတွေကို အသက်အရွယ် ၆ နှစ်မှ ၁၄ နှစ်အထိ မဖြစ်မနေ ပညာသင်ကြားရမယ်ဆိုတဲ့မူကို ၃ နှစ်နှင့် ၁၈ နှစ်အကြားတို့အထိ ပညာသင်ကြားဖို့ တိုးချဲ့ပေးလိုက်ပါတယ်။ ကလေးငယ်တွေ စာပေ လေ့လာသင်ကြားမှု ရလဒ်ကောင်းစေဖို့အရေး အာဟာရဓါတ် ပြည့်ဝတဲ့ နေ့လည်စာအပါအဝင် စွမ်းအင်ဖြည့်ဆည်းထားတဲ့ နံနက်စာအတွက် ဥပဒေ ပြဋ္ဌာန်းချက်ကိုလည်း မူကြိုကျောင်းသားငယ်လေးတွေအတွက် ထားရှိလိုက်ပါတယ်။

ထူးခြားထင်ရှားတဲ့ ပြောင်းလဲမှုအဖြစ်ကတော့ NEP ဟာ လက်ရှိ 10 + 2 ပုံစံ ပညာရေးစနစ်မှ အသက်အရွယ်အားဖြင့် ၃ နှစ်မှ ၈ နှစ်အထိ (အခြေခံ မူလတန်းအဆင့်)၊ ၈-၁၁ နှစ်အထိ (ပြင်ဆင်မှု အဆင့်)၊ ၁၁-၁၄ နှစ်အထိ (အလယ်တန်း အဆင့်) နှင့် ၁၄-၁၈ နှစ်အထိ (အထက်တန်း အဆင့်) စသည်တို့ အသီးသီးပါဝင်တဲ့ ‘5 + 3 + 3 + 4’ ပုံစံတခုကို ထုတ်ထားပါတယ်။ ECCE လို့ခေါ်တဲ့ ကလေး အသက်ငယ်ရွယ်စဉ် ပြုစုစောင့်ရှောက်ရေးနှင့် ပညာရေးဆိုင်ရာ အထူးအရေးပေးနှင့်ပတ်သက်၍ အလေးထားမှုနှင့်အတူ ပညာရေး စနစ်သစ်ဟာ Anganwadi/မူကြိုအဆင့် ၃ နှစ်နှင့်အတူ ကလေးတွေအတွက် စိတ်ဓါတ်ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့အဆင့်အဖြစ် ကမ္ဘာတဝှမ်း သတ်မှတ်လက်ခံထားပြီးဖြစ်တဲ့ စာပေသင်ကြားဖို့အချိန်ကာလ ၁၂ နှစ် ရှိသွားမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ NEP ဟာ အကျိုးမခံစားရတဲ့ ဒေသပိုင်းတွေနှင့် အသင်းအဖွဲ့တွေအတွက် လိင်တန်းတူရေး၊ ငွေကြေးပံ့ပိုးရေးနှင့် အထူး ပညာရေး ဇုံဒေသတွေအပေါ် အလေးပေးထားပါတယ်။ ပညာရေး နယ်ပယ်ကဏ္ဍအတွင်းမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်ကို လက်ရှိ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ရဲ့ ၄.၆% ကနေ ၆% အထိ ရောက်ရှိစေဖို့လည်း ရည်စူးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ် NEP ဟာ ကလေးငယ်တွေ ပညာရေးအတွက် ဘက်စုံပါဝင်မှုရှိစေဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ ပညာရေးနယ်ပယ်ကဏ္ဍမှာ NEP အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဟာ ၂၁ ရာစုရဲ့ လိုအပ်ချက်တွေပြည့်မီဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ် အသွင်ကူးပြောင်းရာမှာ ရေရှည်တည်တံ့နေမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Payal ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”