SCO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် Covid-19 နှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးတို့အပေါ် အာရုံပြုလိုက်ခြင်း

ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Rajaram Panda ရေးသားပေးပို့ထားတဲ့ “SCO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် Covid-19 နှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးတို့အပေါ် အာရုံပြုလိုက်ခြင်း” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
နိုင်ငံရေးရာအားဖြင့် လုံခြုံရေးနှင့်ပတ်သက်တဲ့ အရေးကိစ္စတွေအပေါ်အာရုံပြုထားပြီး အဖွဲ့ဝင် ၈ နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း SCO အတွင်း အိန္ဒိယနိုင်ငံရဲ့ သြဇာ သက်ရောက်မှု အနေအထားဟာ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ကို ၂၀၁၇ ခုနှစ်မှာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ခွင့်ပြုလိုက်ကတည်းက တိုးများလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ကမ္ဘာတဝှမ်းက Covid-19 ကို ရင်ဆိုင်နေရတဲ့ လက်ရှိ အခက်အခဲအချိန်မှာလည်း ဒီလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်အတွက် ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တရပ် ဆွေးနွေးဖော်ထုတ်ကြမယ်ဆိုရင် အမြဲတမ်း အကျိုးပြုမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၀၅ ခုနှစ်ကတည်းက SCO အဖွဲ့ကို လေ့လာနေခဲ့ပြီး ဥရောပ-အာရှဒေသပိုင်း လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အဓိကအာရုံပြုသွားမယ့် ဝန်ကြီးများအဆင့် ဆွေးနွေးရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ SCO အဖွဲ့ကို ရုရှား၊ တရုပ်၊ ကာဂျီ သမ္မတနိုင်ငံ၊ ကာဇစ္စတန်၊ တာဂျီကီစတန်နှင့် ဥဇဘက်ကီစတန်နိုင်ငံတို့ဟာ ၂၀၀၁ ခုနှစ်က ရှန်ဟိုင်းမြို့ ညီလာခံတခုမှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ လွန်ခဲ့တဲ့သီတင်းပတ်က ဒီအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အထူး ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ Covid-19 ကူးစက်ရောဂါ ဆန့်ကျင်တိုက်ဖျက်ဖို့ အကောင်းဆုံး ကျင့်ထုံးတွေကိုမျှဝေဖော်ပြလျှက် ပူးပေါင်းဆောင်ရွက်ရေးအပေါ် အလေးပေးဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြီးမှူးကျင်းပခဲ့ပြီး တရုပ်နိုင်ငံမှ Wang Yi နှင့် ပါကစ္စတန်နိုင်ငံမှ Shah Mehmood Qureshi တို့အပါအဝင် SCO အဖွဲ့ဝင်နိုင်ငံအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
Dr. Jaishankar ဟာ SCO အဖွဲ့ဝင်နိုင်ငံတွေနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ အဆင်သင့်ဖြစ်နေမှုအခြေအနေတွေ၊ မေလ ၁၂ ရက်နေ့က ဝန်ကြီးချုပ် Modi ကြေညာခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ (ဒေါ်လာအားဖြင့် ၂၆၆ ဘီလျံ) ကုဋေ သိန်း ၂၀ အပါအဝင် အိန္ဒိယနိုင်ငံက အစပျိုးလုပ်ဆောင်နေတဲ့ အခြေအနေတွေအပြင် နိုင်ငံမှလုပ်ဆောင်ထားတဲ့ အချက်အလက်တွေကို ရှင်းလင်းဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ SCO အဖွဲ့ဝုင်နိုင်ငံများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် စီးပွား-ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေအနေတရပ် ဖန်တီးနိုင်ရေးလုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လဲ ညွှန်းဆိုဖော်ပြလိုက်တာဖြစ်ပါတယ်။ Covid-19 ရောဂါတိုက်ဖျက်ရေးနှင့် ပူးပေါင်းတိုက်ဖျက်ရေး ဘုံနည်းလမ်းတွေရှာဖွေဖို့အပြင် ဒီကနေ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ လုံခြုံရေးရာ စိန်ခေါ်ချက်တွေကို Dr. Jaishankar က အလေးပေး ဖော်ပြခဲ့ပါတယ်။ လာမယ့်ညီလာခံကို ရုရှားနိုင်ငံရဲ့ ဥက္ကဌပြု ကြီးကျပ်မှုအောက်မှာ ဇူလိုင်လကုန်ပိုင်းအတွင်း St. Petersburg မြို့မှာ ပျင်းပသွားဖို့ စီစဉ်ထားပါတယ် စသဖြင့် ဆောင်းပါးရှင် Prof. Rajaram Panda ရေးသားဖော်ပြထားတာကို နိဂုံးချုပ်လိုက်ပါတယ်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”