Gilgit-Baltistan အပေါ် ပါကစ္စတန် ဗဟိုတရားရုံးချုပ်တွင် တိကျခိုင်မာသည့် ရပ်တည်ချက်မရှိကြောင်း အိန္ဒိယက အခိုင်အမာပြောကြားလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တောင်အာရှဗဟိုဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသူ ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “Gilgit-Baltistan အပေါ် ပါကစ္စတန် ဗဟိုတရားရုံးချုပ်တွင် တိကျခိုင်မာသည့် ရပ်တည်ချက်မရှိကြောင်း အိန္ဒိယက အခိုင်အမာပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြပါရစေ။

လွန်ခဲ့တဲ့အပတ်က ပါကစ္စတန်ဗဟိုတရားရုံးချုပ်ဟာ ဖက်ဒရယ်အစိုးရကတင်သွင်းတဲ့   အရပ်သားဆိုင်ရာ သောင်းပြောင်းလျှောက်လွှာ (CMA) ကို ကြားနာစစ်ဆေးခဲ့ပြီး၊ Gilgit-Baltistan လွှတ်တော်ရဲ့ ရွေးကောက်ပွဲအား ကြားဖြတ်အစိုးရက စီစဉ်နိုင်ရန် ခွင့်ပြုထားတဲ့ ၂၀၁၈ ခုနှစ်ဆိုင်ရာ Gilgit-Baltistan (GB) အမိန့်အတွင်း လိုအပ်သလိုပြင်ဆင်နိုင်ရန်အခွင့်အား တရားရုံးက ခွင့်မပြုမီ အသေးစိတ်တင်ပြမှုကို ဖတ်ကြားသွားခဲ့ပါတယ်။ အစိုးရရဲ့ အမှုကိုကြားနာခဲ့ပြီးနောက် လျှင်မြန်စွာ တရားစီရင်ဆုံးဖြတ်ခြင်းအဖြစ် တရားသူကြီးချုပ် Gulzar Ahmed ဦးဆောင်သည့် တရားသူကြီးချုပ် ၇ ဦးပါ ခုံရုံးအဖွဲ့က ခေါင်းညိတ်ဆုံးဖြတ်ခဲ့ပါတယ်။

ယခုစီရင်ဆုံးဖြတ်ခြင်းက GB ဗဟိုတရားရုံးချုပ်က လက်မခံပယ်ချထားတဲ့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဇန်နဝါရီလအစောပိုင်းက ပါကစ္စတန်ဗဟိုတရားရုံးချုပ်က ၎င်းရဲ့ တရားစီရင်မှုနယ်မြေအား Gilgit-Baltistan အထိ ချဲ့ထွင်ပြီး၊ အမိန့်အာဏာကို ပြန်လည်ချမှတ်ခဲ့ခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ပြောရပါမယ်။ ၂၀၁၈ ခုနှစ်ဆိုင်ရာ အမိန့်မှာ အားနည်းချက်များကို တွေ့ရှိခဲ့တာနဲ့ တစ်ပြိုင်နက်၊ Sartaj ကော်မတီရဲ့ ထောက်ခံမှုအပေါ်အခြေခံပြီး၊ အမိန့်ပြင်ဆင်ချက် မူကြမ်ကိုရေးဆွဲရန်အတွက် ပြင်ဆင်ထားဖို့ ဗဟိုတရားရုံးချုပ်က အစိုးရကို ပြောဆိုခဲ့ပါတယ်။ ၎င်းကော်မတီကို အရင်အစိုးရဖြစ်တဲ့ Pakistan Muslim League-Nawaz အစိုးရက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများရဲ့ သဘောဆန္ဒကိုထောက်ကူပေးသည့်အနေဖြင့်  ကော်မတီက ဥပဒေပြုမှုများကို ထောက်ခံပေးခြင်းဖြစ်ပါတယ်။

Gilgit-Baltistan အပေါ် အမိန့်ချမှတ်မှုကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဝါရင့်ပါကစ္စတန်သံတမန်ကို ဆင့်ခေါ်ကာ အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး၊ Gilgit နှင့် Baltistan ဒေသအပါအဝင် Jammu နှင့် Kashmir နှင့် Ladakh ပြည်ထောင်စုနယ်မြေ  တခုလုံးမှာ တရားဝင်နည်းလမ်းအရနှင့် ပြောင်းလဲ၍မရသည့် အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်အစိုးရ သို့မဟုတ် ၎င်းရဲ့ တရားစီရင်ရေးတွင် တရားမဝင်နယ်မြေများနှင့် အတင်းအဓမ္မကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေများနှင့်ပတ်သက်ပြီး တိကျခိုင်မာသည့် ရပ်တည်ချက်မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သုံးသပ်ပြောကြားခဲ့ပြီး၊ ပါကစ္စတန်တို့ သိမ်းပိုက်ထားသည့် အိန္ဒိယနိုင်ငံ၏ နယ်မြေဖြစ်သော Jammu နှင့် Kashmir ဒေသထဲသို့ ယခုကဲ့သို့သော လုပ်ဆောင်မှုများနှင့် ဆက်လက်ပြီးပြောင်းလဲမှုများယူဆောင်လာခြင်းအား အိန္ဒိယနိုင်ငံအနေဖြင့် လုံးဝဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သောနှစ်ကလည်း ပါကစ္စတန်ဗဟိုတရားရုံးချုပ်က ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၁၉ ခုနှစ်မှာ အမိန့်ချမှတ်ခဲ့တဲ့ Gilgit-Baltistan ဟု ခေါ်ဆိုတဲ့ အမိန့်ကိုလည်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ပြောပြီး အိန္ဒိယက ပါကစ္စတန်နိုင်ငံရဲ့ ဒုမဟာမင်းကြီးအား ဆင့်ခေါ်ကာ ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ အလားတူ လုပ်ဆောင်မှုမျိုးကို GB ဒေသရဲ့ ၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မရောက်မီမှာလည်း လုပ်ဆောင်ခဲ့ပြီး၊ အဲဒါက ပါကစ္စတန်နိုင်ငံရဲ့ အတင်းအဓမ္မနှင့် တရားမဝင်ကျူးကျော်ဖို့ အမြဲကြိုးစားနေကြောင်းကို ဖော်ပြနေပြီး၊ တခုစိုးရိမ်စရာကောင်းတဲ့အချက်ကတော့ ဒေသခံများရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ပါကစ္စတန်နိုင်ငံက ငြင်းပယ်ပြီး၊ အဆိုပါဒေသများအား စည်းရုံးသိမ်းသွင်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေခြင်းဆိုတာပဲဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံက တရားမဝင် ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေ လွတ်မြောက်ခွင့်ရဖို့ လိုအပ်ကြောင်းကို အိန္ဒိယဖက်ကအမြဲတစေ အခိုင်အမာမှတ်ယူထားပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ၎င်းတို့ မတရားသိမ်းပိုက်ထားတဲ့ Jammu နှင့် Kashmir ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် တရားစီရင်ရေးတို့မှတဆင့် စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းတဲ့ မူဝါဒတွေကို နယူးဒေလီအစိုးရက အမြဲတစေကန့်ကွက်ပါတယ်။ 

ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ကန့်ကွက်မှုကိုတွေ မသိကျိုးကျွန်ပြုကာ ၎င်းတို့တရားမဝင်သိမ်းပိုက်ထားတဲ့ နယ်မြေမှာ ပိုမိုခိုင်မြဲစွာ ခြေကုပ်ရယူနိုင်ဖို့ ၎င်းတို့၏စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမြဲဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ အခြေခံအက်ဥပဒေပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီး Jammu နှင့် Kashmir ပြည်နယ်အား ပြည်ထောင်စုနယ်မြေ ၂ ခုအဖြစ် ပြန်လည်ရေးဆွဲထည့်သွင်းခဲ့ခြင်းက၊ အာဏာစက်ကြီးမားတဲ့ ပါကစ္စတန်အထက်တန်းလွှာတွေရဲ့ လက်ထဲကနေ ဆွဲနှုတ်ယူလိုက်သလိုဖြစ်စေခဲ့ပြီး၊ အထူးသဖြင့် ပါကစ္စတန်စစ်ခေါင်းဆောင်များရဲ့၎င်းတို့အား ကယ်တင်ရှင်များအဖြစ် မြင်လာမှုကို ပိုမိုခိုင်မြဲစေရန် Kashmir အရေးအား လုံခြုံမှုမရှိသည့်အရေးအဖြစ် ပါကစ္စတန်နိုင်ငံသားများရဲ့ စိတ်ထဲတွင် သိမြင်ခံစားစေရန် လှည့်စားအသုံးချနေခြင်းမှ ဆွဲနှုတ်ယူလိုက်ခြင်းပဲဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ထိန်းချုပ်ရေးမျဉ်းကြောင်း (LoC) တလျှောက် အပစ်အခတ်ရပ်စဲရေးအား ချိုးဖောက်မှုနဲ့ Kashmir ဒေသထဲသို့ တရားမဝင်ကျူးကျော်ဝင်ရောက်မှုတိုးမြင့်လာခြင်းနဲ့ စစ်ရေးပြင်ဆင်မှုများ တိုးမြင့်လာမှုတို့က အစ္စလမ်မာဘတ်အစိုးရဟာ ဒေသအတွင်းမတည်မငြိမ်ဖြစ်စေဖို့နဲ့၊ Kashmir အရေးအား နိုင်ငံတကာမှ အာရုံစိုက်လာဖို့ အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ 

နိုင်ငံရေးအဆင့်မှာ ၎င်းတို့သိမ်းပိုက်ထားတဲ့နယ်မြေ Azad Jammu နှင့် Kashmir (AJK) နှင့် GB သို့ ချဉ်းကပ်မှုအသစ်များကို ပြုလုပ်ခဲ့ပါတယ်။  AJK ၏ ကြားဖြတ်အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြီး ပါကစ္စတန်တို့ရဲ့ ထိန်းချုပ်မှုကို မြင့်တင်လိုက်ပါတယ်။ GB နယ်မြေကိုထိန်းချုပ်ဖို့အတွက်လည်း နည်းဗျူဟာကျ လုပ်ဆောင်မှုများကို ကြိုးပမ်းခဲ့ပါတယ်။

အပေါ်ယံမျှသာဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲမှုက ဒေသခံတွေရဲ့ မကျေနပ်မှုကို ကောင်းမွန်းစွာထိန်းချုပ်စီမံပြီး ပါကစ္စတန်တို့အား ဒေသအတွင်း ၎င်းတို့အကျိုးအတွက် အပြည့်အဝအသုံးချဖို့ ခွင့်ပြုစေခဲ့ပါတယ်။ ၎င်းတို့ရဲ့ မပြည့်စုံတဲ့ သိမ်းသွင်းဖြစ်တဲ့ ပြည်နယ် ၅ ခုမြောက်မှာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဒေသခံတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ခွင့်ပြုရကာ ၎င်းတို့ရဲ့ အပြည့်အဝထိန်းချုပ်ရေးကို ဖော်ဆောင်နိုင်ဖို့ ရှိသမျှရင်းပြီး လုပ်ဆောင်နေပါတယ်။

လူကြိုက်များတဲ့ Gilgit-Baltistan ရဲ့ တောင်းဆိုချက်ကတော့ ပါကစ္စတန်က အချိန်အတော်ကြာ မသိကျိုးကျွန်ပြုထားတဲ့အရာဖြစ်ပါတယ်။ အဲသည်မှာရှိတဲ့လူတွေဟာ အိန္ဒိယ ပြည်နယ်ထောင်စုနယ်မြေတွေဖြစ်တဲ့ Jammu နဲ့ Kashmir က ပြည်သူတွေလိုပဲ ပညာရေး၊ အလုပ်အကိုင်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝတွေပဲ ဖြစ်ကြပါတယ်။ ပါကစ္စတန်ကျူးကျော်သိမ်းပိုက်ထားတဲ့ Kashmir (PoK) နယ်မြေအတွင်း ပါကစ္စတန်တို့ရဲ့ ကြိတ်ပုန်းခုတ်ကြိုးပမ်းမှုတွေကို အိန္ဒိယနိုင်ငံအနေဖြင့်အမြဲ သတိထားပြီး၊ အဲဒါတွေကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံရပါမယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”