COVID-19 ကပ်ဘေးအား တုန့်ပြန်သည့် အိန္ဒိယနိုင်ငံ၏စီးပွားရေး



သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံလုံးဆိုင်ရာ လူထုဘဏ္ဍာရေးနှင့် မူဝါဒရေးရာဌာနမှ ပါမောက္ခ ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ကပ်ဘေးအား တုန့်ပြန်သည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် တင်ပြအစီရင်ခံသွားမှာဖြစ်ပါတယ်။

COVID-19 ကူးစက်ပျံ့နှံ့မှု ကပ်ဘေးနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံအတွင်း တုန့်ပြန်သည့်အနေဖြင့် စီးပွားရေးဆိုင်ရာမတည်ငွေ ရူပီး ထရီလီယံ ၂၀ ကို ဝန်ကြီးချုပ် Narendra Modi က ကြေညာခဲ့ပါတယ်။ အဆိုပါမတည်ငွေဆိုင်ရာ အသေးစိတ်အချက်အလက်တွေကတော့ ပိုင်းခြားထားတဲ့ ကဏ္ဍအလိုက်မှာပါဝင်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman ကြေညာခဲ့တဲ့ ပထမအပိုင်း ကဏ္ဍမှာတော့ MSMEs နဲ့ NBFCs တွေလို ဖိအားတွေကျရောက်နေသည့် အပိုင်းတွေအတွက် ငွေပေါ်ပေးနိုင်ဖို့ အဓိက ပိုပြီးအာရုံစိုက်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကပ်ဘေးတိုက်ဖျက်ရေး နောက်ကွယ်မှာ အိန္ဒိယနိုင်ငံဟာ lockdown မဖြစ်မနေ ချထားခဲ့ရပါတယ်။ ကူးစက်ပျံ့ပွားမှုကို တည်ငြိမ်လျော့ချနိုင်ရေးနဲ့ လူ့အသက်တွေကို ကယ်ဆယ်နိုင်ရေးအတွက် Lockdown ချထားတဲ့ နည်းဗျူဟာက စီးပွားရေးကို ကြီးမားတဲ့ ထိခိုက်နှောက်ယှက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ “အသက်နဲ့ အသက်မွေးဝမ်းကျောင်း” အား ရွေးချယ်တုန့်ပြန်တဲ့ မူဝါဒဟာ အစိုးရရဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးနဲ့ အိန္ဒိယဗဟိုဘဏ် (RBI) တို့က ကြေညာခဲ့တဲ့ ကနဦးမူဝါဒရေးရာ မတည်ငွေဟာ အားနည်းတဲ့သူတွေကို အခြေခံထောက်ပံ့ငွေ ပေးဝေပြီး၊ စနစ်ထဲကို ငွေကြေးဆက်လက်စီးဆင်းရေးအတွက် အဓိကထား ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူသားချင်းဆိုင်ရာ ပြဿနာ တောင်လိုပုံလာနေချိန်မှာ လိုအပ်မှုဟာ ပေါ်လစီ မူဝါဒဆိုင်ရာအခြေခံ မတည်ငွေမှာ ပိုမိုလိုအပ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စက် ကူးစက်မှုကပ်ဘေးဒဏ်ကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ အနှုတ်လက္ခဏာ ၃ % (-၃) အထိ ကျဆင်းသွားနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ခန့်မှန်းပြောဆိုပါတယ်။ လူထုကျန်းမားရေးဆိုင်ရာပြဿနာနှင့် အသေးစား စီးပွားရေးလုပ်ငန်းပြဿနာများလိုဘဲ မသေချာမရေရာမှုများ ကြီးထွားလာနေပါတယ်။

အိန္ဒိယနိုင်ငံမှ ကပ်ဘေးကာလအား Atma Nirbhar ဟုခေါ်သည့် (ကိုယ့်အားကိုယ်ကိုး) မူဝါဒရေးရာ မတည်မှုဖြင့် တုန့်ပြန်လုပ်ဆောင်ခဲ့ပြီး၊ အဲသည်ထဲမှာ အစိတ်အပိုင်း ၄ ခုပါဝင်ပြီး၊ မြေယာ၊ အလုပ်သမား၊ ငွေပေါ်လွယ်ခြင်းနဲ့ ဥပဒေတို့ ဖြစ်ကြပါတယ်။ မူဝါဒအခြေခံ မတည်ငွေရဲ့ ပထမအပိုင်းကဏ္ဍအဖြစ် ဘဏ္ဍာရေးကြီး Mrs. Sitharaman က ကြေညာခဲ့ရာမှာ၊ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍများအတွက် ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေတွေကို ကြေညာခဲ့ပါတယ်။ MSMEs တွေအတွက်ကြွေးမီနည်းတဲ့ ထောက်ပံ့ငွေ ရူပီးကုဋေ ၂၀,၀၀၀ အား ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့ပြီး၊ ၎င်းနှင့်ဆက်စပ်တဲ့ လုပ်ငန်းပိုင်းများအတွက် ငွေကြေးလည်ပတ်စီးဆင်းမှုရှိစေရန် ညီမျှသည့် ထောက်ပံ့ငွေ ရူပီး ကုဋေပေါင်း ၅၀,၀၀၀ ကိုလည်း ကြေညာခဲ့ပါတယ်။

ပထမအပိုင်းကဏ္ဍ မူဝါဒရေးရာ မတည်ငွေထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတခုအဖြစ် ဘဏ္ဍာရေးဝန်ကြီးက “Pradhan Mantri Garib Kalyan Yojana” စီမံကိန်းကို ကြေညာပါတယ်။ အဆိုပါစီမံကိန်းထဲက EPF လို့ သိထားတဲ့ အစိတ်အပိုင်းဟာ အလုပ်သမားနှင့် အလုပ်ရှင်နှစ်ဦးစလုံးရဲ့ ကိုယ်စား အစိုးရက လစာရဲ့ ၁၂% ကို ပေးဆောင်ခြင်းဖြစ်ပြီး၊ ၎င်းအစီအစဉ်ကို နောက်ထပ် ၃ လ ထပ်တိုးထားပါတယ်။ အဲသည့် အစီအစဉ်မှာ အလုပ်သမားပေါင်း ၇၂.၂၂ သိန်းခန့် အကျိုးအမြတ်ခံစားခွင့်ရရှိကြမှာဖြစ်ကြောင်း ခန့်မှန်းထားပြီး၊ စုစုပေါင်း ရူပီးငွေ ကုဋေ ၂,၅၀၀ ခန့် အသုံးပြုသွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရဟာ NBFCs ထဲသို့လည်း ငွေကြေးလည်ပတ်စီးဆင်းမှုရှိစေရန် မတည်ငွေများကို ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံံ့နှံ့မှု မဖြစ်ပေါ်မီကတည်းကဘဲ NBFC ကဏ္ဍထဲမှာ၊ ပြည့်စုံလုံလောက်တဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုတွေ မရှိဘဲဖြစ်နေခဲ့ပါတယ်။ ငေကြေးမတည်မှု ပထမအပိုင်းကဏ္ဍမှာ NBFCs ပိုင်းအတွက် ရူပီး ကုဋေ ၃၀,၀၀၀ ကို ကြေညာခဲ့ပါတယ်။

ကျန်တော်တို့ရဲ့ နိုင်ငံမှာ လျှပ်စစ်ဓာတ်အား အပိုအလျှံရှိနေရင်လဲဘဲ၊ ကျေးလက်တောရွာများမှ လျှပ်စစ်ဓာတ်အားသို့ ပြောင်းလဲအသုံးပြုခြင်း ၁၀၀% ရှိမရှိဆိုတာ တွေးကြည့်စရာဖြစ်ပါတယ်။ Ujjwal Discom Yojana (UDAY) စီမံကိန်းဟာ စွမ်းအင်ဝန်ကြီးဌာန၊ DISCOMs နဲ့ ပြည်နယ်အစိုးရတို့ရဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်ကို ကြေညာခဲ့ပြီး DISCOMs ရဲ့ ငွေးကြေးဆိုင်ရာနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတို့ကြောင့် တချို့အပိုင်းတွေမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ UDAY စီမံကိန်းအား ပြည်နယ်တချို့ရဲ့ ဘဏ္ဍာရေးကိုလည်း ထိခိုက်မှုရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ငွေကြေးလည်ပတ်စီးဆင်းစေရန် လုပ်ဆောင်မှုအသစ်က DISCOMs အတွက် ရူပီး ကုဋေ ၉၀,၀၀၀ ကို ယမန်နေ့က ကြေညာခဲ့ပါတယ်။ ယခုထောက်ပံ့မတည်ငွေဟာ DISCOMs အနေဖြင့် ကုမ္ပဏီများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် အရာများကို ကောင်းမွန်တည်ငြိမ်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

ငွေကြေးမတည်မှု ပထမအပိုင်းကဏ္ဍမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကဏ္ဍကလည်း ပါဝင်ခဲ့ပါတယ်။ မှတ်ပုံတင်ထားတဲ့ စီမံကိန်းအားလုံးအတွက် အမည်စာရင်းတင်သွင်းခြင်းနှင့် ပြီးဆုံးခြင်း သတ်မှတ်ရက်ကို ၆ လအထိ တိုးမြင့်ပေးပြီး၊ ပြည်နယ်များရဲ့ အခြေအနေအရ နောက်ထပ် ၃ လ ထပ်မံ တိုမြင့်နိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက်အခွန်ငွေကောက်ခံမှုနှင့်ပတ်သက်ပြီး၊ အခွန်ငွေနှုတ်ယူမှုကို လျော့ချပေးခြင်းကို သတ်မှတ်ထားတဲ့ နှုန်းအတိုင်း အခွန်ငွေ ဆက်လက်ကောက်ခံမှုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တခုလုံးတွင် ကျင့်သုံးသွားမှာဖြစ်ပြီး၊ ယခုမူဝါဒက ငွေကြေးစီးဆင်းမှုမှာ ရူပီးငွေ ကုဋေ ၅၀,၀၀၀ ပေးဝေသွားမှာဖြစ်ပါတယ်။

မူဝါဒရေးရာငွေကြေးမတည်မှု ဒုတိယအပိုင်းကဏ္ဍမှာ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေကို နောက်ထပ် ၂ လ စားနပ်ရိက္ခာများ အခမဲ့ ပေးဝေသွားမှာဖြစ်ပါတယ်။ လမ်းပေါ်က စျေးသည်တွေအတွက် အထူးမတည်ငွေအဖြစ် ရူပီး ကုဋေ ၅၀၀၀ နှင့် လယ်သမားများအတွက် အရေးပေါ် လုပ်ငန်းဆိုင်ရာ မတည်ငွေအဖြစ် ရူပီးငွေ ကုဋ ၃၀,၀၀၀ တို့ကိုလည်း ကြေညာခဲ့ပါတယ်။



ဝန်ကြီးချုပ်ရဲ့ အထက်ပါကြေညာချက်တွေဟာ ကိုယ့်အားကိုယ်ကိုး မူဝါဒအပေါ်မှာ အခြေခံထားပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဒေသထွက်ကုန်တွေအပေါ်မှာ ပိုပြီး အာရုံစိုက်ဖို့လိုအပ်ပြီး၊ ကပ်ဘေးနဲ့ တွေ့ကြုံလာချိန်မှာ ပြည်တွင်းစားသုံးသူတွေဆီကိုရောက်ရှိဖို့ လက်တကမ်းအလိုမှာဘဲ ရှိပါတယ်။ COVID-19 ကပ်ဘေး ကိုတုန့်ပြန်တဲ့ စီးပွားရေးဆိုင်ရာ မတည်ငွေဖြစ်တဲ့ ရူပီးငွေ ကုဋေ သိန်း ၂၀ (အိန္ဒိယတနိုင်ငံလုံးရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးရဲ့ ၁၀%မျှရှိတဲ့) ကို ကြိုဆိုပါတယ်။ အဲသည့်မတည်ငွေဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို သိသာထင်ရှားစွာဘဲ မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”