“Kabul မြို့မှာ မရေမရာမှုများ ဆက်လက်တည်ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “Kabul မြို့မှာ မရေမရာမှုများ ဆက်လက်တည်ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
Afghanistan နိုင်ငံဟာ မတ်လစောစောပိုင်းမှာ အရေးကြီးလေးနက်တဲ့ ဖွံ့ဖြိုးမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာ စစ်ဘေးဒါဏ်ခံနေရတဲ့ အဲဒီနိုင်ငံအတွင်း အလွန့်အလွန်လိုလားတောင်းတကြတဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ရှိလေရေး ဆိုင်ရာ Afghan ဆွေးနွေးပွဲတွေပြုလုပ်နိုင်ဘို့ရာ အခွင့်အလမ်းပေးဆောင်စေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ Taliban တို့အကြား သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း Afghan ဒီမိုကရက်တစ်အစိုးရဟာ Afghan လူမှုအသိုင်းအဝိုင်းရဲ့ အစွန်းရောက်ဝါဒီတို့အား ကိုယ်စားပြုတဲ့ Taliban တို့နဲ့ ဆွေးနွေးပွဲတခု ပြုလုပ်ရေးအတွက် ငြိမ်းချမ်းရေးကို မြတ်နိုးကြတဲ့ Afghan ပြည်သူတွေအား စည်းလုံးစွာ ဦးဆောင်ဘို့ မျှော်လင့်ခဲ့ပါတယ်။
သို့သော် Afghan သမ္မတရွေးကောက်ပွဲများရလဒ်တွေကို ကြေငြာပြီးတဲ့နောက်ပိုင်း ယခုအခါ နက်ရှိုင်းတဲ့ ခွဲခြမ်းမှုတွေအား မြင်တွေ့နေရပါတယ်။ ယခုလိုဖြစ်ပေါ်နေဒါက Afghan ပြည်သူတို့အကြားသာမက Kabul မြို့မှာ လက်ရှိနိုင်ငံရေးရင်ဆိုင်မှုတွေကို စောလျင်စွာ ငြိမ်းခတ်းမှုနဲ့ ဖြေရှင်းရေးအား ရှေ့ရှုနေကြတဲ့ ပြည်ပမှစွမ်းအားရှင်နိုင်ငံတွေအတွက်လည်း စိတ်ဓါတ်ကျဆင်းမှုတွေ ဖန်တီးစေပါတယ်။
လွန်ခဲ့တဲ့နှစ် နှောင်းပိုင်းမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ Afghan ရွေးကောက်ပွဲကော်မရှင်ဟာ လက်ရှိအာဏာရ သမ္မတ Mr Ashraf Ghani အနိုင်ရရှိကြောင်း ကြေငြာလိုက်ပါတယ်။ Mr Ashraf Ghani အား သမ္မတအဖြစ် တရားဝင်ကြေငြာခဲ့ဒါကို Dr. Abdullah Abdullah ဦးဆောင်တဲ့ အလွန်အင်အားကြီးမားတဲ့ အစိုးရအပိုင်းခွဲတခုက သမ္မတအဖြစ် ယှဉ်ပြိုင်နေပါတယ်။ Mr Ashraf Ghani အား ဒုတိယအကြိမ် သမ္မတအဖြစ် လက်ခံဘို့ ငြင်းဆိုခြင်းနဲ့အတူ Dr. Abdullah Abdullah အား တချိန်တည်းမှာဘဲ နိုင်ငံရဲ့အနာဂါတ်သမ္မတအဖြစ် စင်ပြိုင်ကျမ်းသစ္စာကျိန်ဆိုပွဲတခု ကျင်းပခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ Kabul မြို့မှာ လက်ရှိအာဏာရအဖွဲ့အစည်းအတွက် စိတ်မချမ်းမသာဖြစ်မှုတွေ ပေါ်ပေါက်စေရုံသာမက ပါကစ္စတန်နိုင်ငံကထောက်ခံနေတဲ့ Taliban တို့နဲ့ စည်းလုံးညီညွှတ်သော Afghanistan ဒီမိုကရက်တစ်အစိုးရရဲ့ အနေအထားအပေါ်လည်း မေးခွန်းတခု ပေါ်ထွက်လာနေပါတယ်။
လက်ရှိသမ္မတ Mr Ashraf Ghani ဟာ Afghan အစိုးရရဲ့ အမှုဆောင်အရာရှိချုပ် Dr. Abdullah Abdullah အား အာဏာခွဲဝေရေးဖေါ်မြူလာတခု ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါတယ်။ Afghan အစိုးရထဲက အင်အားကြီးမားတဲ့ ဂိုဏ်းခွဲနှစ်ခုတို့ဟာ Taliban ခေါင်းဆောင်တွေရဲ့ အစွန်းရောက်ဝါဒကို ရင်ဆိုင်တိုက်ခိုက်ဘို့အတွက် လက်တွဲပေါင်းစည်းမလာမချင်း Afghanistan နိုင်ငံရဲ့အနာဂါတ်ဟာ ဆက်လက်ပြီး မှေးမှိန်နေဦးမယ်သာဖြစ်ပါတယ်။
Afghan ထိပ်တန်းခေါင်းဆောင်တွေအကြား သဘောထားကွဲလွှဲမှုတွေက မတ်လ (၁၀) ရက်နေ့မှာ စတင်ဘို့ရှိခဲ့တဲ့ Afghan ဆွေးနွေးပွဲတွေအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Afghanistan နိုင်ငံရဲ့ ဒီမိုကရက်တစ်အစိုးရကို Afghan ပြည်သူတို့အား အစိုးရဖွဲ့စည်းဘို့ရာ မိမိတို့ရဲ့ ကိုယ်စားလှယ်တွေအား ရွေးချယ်ဘို့အခွင့်အရေးတွေ ပေးကမ်းပြီးနောက် တည်ထောင်ခဲ့ပါတယ်။ Afghan ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးထုကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ခန့်အတွင်း တခြားလွတ်လပ်တဲ့ လူမှုအသိုင်းအဝိုင်းတို့ခံစားကြတဲ့ လွတ်လပ်မှုကို ခံစားခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ (၂၉) ရက်နေ့ အမေရိကန်-တာလီဘန် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာတောင် Taliban တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပရေးမှာ ထပ်လောင်းပြီး အဟန့်အတားတွေ တည်ရှိခဲ့ပါတယ်။ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးလို့ တနေ့တာအချိန်ကြာပြီးတာနဲ့ Taliban တို့ဟာ အကြမ်းဖက်ဝါဒအပါအဝင် အရေးကိစ္စအဖြာဖြာတို့ကြောင့် ထိန်းသိမ်းထားတဲ့ Taliban (၅၀၀၀) ခန့်ကို ပြန်လွှတ်ပေးဘို့ တောင်းဆိုလာကြပါတယ်။ ဒီတောင်းဆိုမှုအား Mr Ghani ရဲ့အစိုးရက သဘာဝကျစွာ ငြင်းဆိုလိုက်ပါတယ်။ Kabul အစိုးရဟာ အကျဉ်းသားတွေလွှတ်ပေးရေးအား Afghan ဆွေးနွေးပွဲတွေနဲ့ ဆက်နွယ်စေလိုလျှက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်ကတည်းက အိန္ဒိယနိုင်ငံဟာ Afghan နိုင်ငံ ပြန်လည်တည်ထောင်ရေးနဲ့ လူမှုအသိုင်းအဝိုင်း ပြန်လည်ပေါင်းစည်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ New Delhi အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ တည်တံ့ခိုင်မြဲရေးကို ပေးဆောင်နိုင်မဲ့ လုပ်ငန်းစဉ်တိုင်းမှာ အစဉ်အမြဲ မိမိတို့ရဲ့ ခံယူချက်တွေကို ဖော်ပြခဲ့ပါတယ်။

Afghanistan နိုင်ငံအတွင်း လိပ်ခဲတင်းလင်းဖြစ်နေမှုအပေါ် ဝေဖန်သုံးသပ်ရာမှာ အိန္ဒိယနိုင်ငံဟာ အမြဲတမ်းဆိုသလိုဘဲ Afghanistan နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် မျှော်မှန်းချက်တွေကို ထောက်ခံအားပေးခဲ့ပါတယ်။ Afghanistan နိုင်ငံအတွင်းက ဖွံ့ဖြိုးမှုအပေါ် ဝေဖန်သုံးသပ်ရာမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဟာ Afghanistan အစိုးရနဲ့ ပြည်သူတို့ရဲ့ ငြိမ်းချမ်းပြီး၊ ဒီမိုကရက်တစ်ကျကာ၊ ကြွယ်ဝချမ်းသာသော အနာဂါတ်အတွက် ပြည်သူတို့အားလုံးကို ကာကွယ်စောင့်ရှောက်ပေးမှုအား သဘောပေါက်နားလည်ပြီး အတတ်နိုင်ဆုံး ကူညီထောက်ပံ့ဘို့ ခံယူထားကြောင်း ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ (၁၈) နှစ်မျှသောကာလအတွင်း စစ်ဘေးဒါဏ်ခံခဲ့ရတဲ့ အဲဒီနိုင်ငံ ပြန်လည်ထူထောင်ရေး၊  လွန်ခဲ့တဲ့ ၉၀ ခုနှစ်များမှာ ဆိုဗီယက်တပ်ဖွဲ့တွေ ထွက်ခွာသွားခဲ့ကြပြီးနောက် အပျက်အစီးတွေအား မွမ်းမံရေးအတွက် ဒေါ်လာပေါင်း (၃) ဘီလီယံခန့် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ Afghan ပြည်သူတို့ဟာ အိန္ဒိယနိုင်ငံကို ချစ်မြတ်နိုးကြပါတယ်။ ဘာကြောင့်လည်းဆိုရရင် အဲဒီနိုင်ငံ ပြန်လည်ထူထောင်တည်ဆောက်ရာမှာ အိန္ဒိယနိုင်ငံက ပါဝင်လုပ်ဆောင်ခဲ့တဲ့ အခန်းကဏ္ဍကြောင့်သာဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”