Covid 19 ဗိုင်းရပ်အပေါ် စုပေါင်းတုံ့ပြန်ရှင်းလင်းနိုင်ရေးအတွက် ဝန်ကြီးချုပ်၏ အစပျိုးလုပ်ဆောင်ချက်
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Amlanjyoti Mazumdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “Covid 19 ဗိုင်းရပ်အပေါ် စုပေါင်းတုံ့ပြန်ရှင်းလင်းနိုင်ရေးအတွက် ဝန်ကြီးချုပ်၏ အစပျိုးလုပ်ဆောင်ချက်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဒေသပိုင်းအတွင်း သေစေနိုင်လောက်တဲ့ Covid 19 ဗိုင်းရပ်စ်ပိုး အလျင်အမြန် ပျံ့နှံ့နေမှုကို ထိရောက်စွာ တိုက်ထုတ်နိုင်ဖို့ ရင်းမြစ်တွေစုပေါင်းပြီး ဘုံနည်းဗျူဟာတရပ် သတ်မှတ်ဖော်ထုတ်နိုင်ရေး လက်တွဲလုပ်ဆောင်သွားကြဖို့အတွက် SAARC ခေါ် ဒေသပိုင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တောင်အာရှဒေသနိုင်ငံများ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေကို ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ လှုံ့ဆော်တောင်းဆိုချက်ဟာ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan အပါအဝင် SAARC အဖွဲ့ဝင်နိုင်ငံအားလုံးတို့ရဲ့ ခေါင်းဆောင်တွေထံမှ တမဟုတ်ချင်း လက်ခံမှုတွေ တွေ့ရှိခဲ့ရပါတယ်။ ဒီလို ဝန်ကြီးချုပ် Mr. Modi ရဲ့ အစပျိုးလုပ်ဆောင်ချက်ကို ကမ္ဘာတဝှမ်းက ချီးကျူးဖော်ပြနေကြပါတယ်။
SAARC အဖွဲ့အစည်းဟာ ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုတို့ဖြင့် အတူတကွလက်တွဲ လုပ်ဆောင်ဖို့ တောင်အာရှပြည်သူလူထုအတွက် လမ်းစဉ်တရပ် ပေးအပ်ထားပါတယ်။ ဒါဟာ ဒေသပိုင်းအတွင်း စီးပွားဖွံ့ဖြိုးရေး၊ လူမှုတိုးတက်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ထွန်းကားရေးတို့ ကောင်းမွန်စေလျှက် တောင်အာရှဒေသ ပြည်သူတွေ ပြုစုစောင့်ရှောက်ရေး တိုးမြှင့်ဖို့နှင့် ဘဝအရည်အသွေး ကောင်းမွန်စေဖို့ ရည်စူးထားတာဖြစ်ပါတယ်။
SAARC အဖွဲ့အစည်းဟာ လက်ရှိအချိန်ကာလအထိ ထူထောင်မှုကာလ ၃၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လုပ်ငန်းကဏ္ဍမှာ သတ်မှတ်ထားတဲ့အတိုင်း ဒေသပိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်တွေကို နားလည်သဘောပေါင်စေရာမှာ အဓိကကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေရုံသာမက ကမ္ဘာပေါ်မှာ အင်အားကြီးတဲ့ ဒေသပိုင်း အစုအဖွဲ့တွေအနက် ၁ ခုအဖြစ်လည်း ကိုယ်တိုင် ထူထောင်ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ တောင်အာရှဒေသအတွင်း ရောဂါကူးစက်မှု နိမ့်ပါးစေဖို့ ကမ္ဘာ့နိုင်ငံတွေ ဒီလို ကပ်ဘေးဆိုးကြီးရဲ့ စိန်ခေါ်ချက်တွေကို စုပေါင်းကာကွယ်နိုင်တဲ့ အရည်အသွေး ပြည့်မီစေဖို့အတွက် SAARC ဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဝန်ကြီးချုပ် Mr. Modi က တောင်းဆိုတိုက်တွန်းလိုက်ခြင်းနှင့်အတူ SAARC အဖွဲ့အစည်းရဲ့ အရေးပါမှုကို လှုံ့ဆော်လိုက်တဲ့ အိန္ဒိယနိုင်ငံက ထပ်မံခိုင်မာစေလျှက်ရှိပါတယ်။
ဒီရောဂါပိုး ကူးစက်မှုပေါ်ပေါက်လာတဲ့အပေါ်တိုက်ဖျက်ဖို့ စုပေါင်းနည်းဗျူဟာတရပ် ချမှတ်ရေးနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တဦးနှင့်တဦး ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးတဲ့ ညီလာခံ အဲဒီ SAARC အဖွဲ့ရဲ့ အွန်လိုင်းတက်လာသူ ခေါင်းဆောင် ၈ ဦးတို့နှင့်အတူ ဝန်ကြီးချုပ် Mr. Modi က မိမိတို့အားလုံး သိထားကြပြီးဖြစ်တဲ့အတိုင်း Covid 19 ဗိုင်းရပ်စ်ပိုးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ ရောဂါတမျိုးအဖြစ် မကြာသေးမီကပဲ အမျိုးအစားခွဲဖော်ပြခဲ့ပြီးဖြစ်ကြောင်း အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။ နောက်ပြီး Covid 19 အရေးပေါ် ရံပုံငွေကြေးထားရှိဖို့ အဆိုပြုခဲ့ကာ အိန္ဒိယနိုင်ငံဟာ ဒေါ်လာ ၁၀ သန်း လှူဒါန်းပါဝင်မှုနှင့် စတင်သွားနိုင်တယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။
အဲဒီလို စုပေါင်းကြိုးပမ်းလုပ်ဆောင်သွားကြဖို့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ အစပျိုးလုပ်ဆောင်ချက်ကို ထောက်ခံခဲ့ကြတဲ့ ဒေသပိုင်းမှ အခြားခေါင်းဆောင်တွေရဲ့ ထုတ်ဖော်ပြောကြားချက်တွေမှာလည်း ဒါကိုတွေ့ရပါတယ်။ နိပေါနိုင်ငံဝန်ကြီးချုပ် Mr. K P Sharma Oli က မိမိတို့ရဲ့ စုပေါင်း ကြိုးပမ်းချက်တွေဟာ အဲဒီကော်ရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ SAARC အဖွဲ့ ဒေသပိုင်းအတွက် တိုးတက်ရေး ဗျူဟာတရပ်ဖော်ထုတ်နိုင်ဖို့ မိမိတို့ကို အထောက်အကူပြုသွားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်သူလူထု ၁.၈ ဘီလျံကျော်တို့နေထိုင်နေကြပြီး အဲဒီအနက် ၄၀% တို့ဟာ ဆင်းရဲမွဲတေမှုအမှတ်အောက်မှာ ကျရောက်နေရတဲ့ ဒီဒေသပိုင်းတခုလုံးအပေါ် ထိခိုက်နေတဲ့ ဒီဘေးဆိုးကြီးကို တိုက်ထုတ်ဖို့အရေး ရေရှည်တည်တံ့မယ့် ယခုလိုပူးပေါင်းဆောင်ရွက်မှုမျိုးကို နှစ်သက်သွားမှာဖြစ်ပါတယ်။ ဒီတာဝန်ဟာ လွယ်ကူတာမဟုတ်ပေမယ့် ဒေသပိုင်း ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်းရေးအတွက်ဆိုတဲ့အဓိဋ္ဌာန်ကြောင့် အိန္ဒိယနိုင်ငံဟာ ဒီတာဝန်ကို ဖော်ဆောင်သွားဖို့ ရည်စူးလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Amlanjyoti Mazumdar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment