“တူရကီနိုင်ငံက ဥရောပနိုင်ငံများနဲ့ နယ်ခြားကို ဖွင့်ပေးလိုက်ခြင်းက ဆီးရီးယားဒုက္ခသည်များပြဿနာကို မြင့်မားစေရန်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “တူရကီနိုင်ငံက ဥရောပနိုင်ငံများနဲ့ နယ်ခြားကို ဖွင့်ပေးလိုက်ခြင်းက ဆီးရီးယားဒုက္ခသည်များပြဿနာကို မြင့်မားစေရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးအား ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
တူရကီနိုင်ငံရဲ့ မကြာသေးမှီက အရေးယူဆောင်ရွက်မှုတွေက လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြပြီး၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား သဲကြီးမဲကြီး ရန်ပွဲတွေဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူဝင်မှုပြဿတွေ ပေါ်ပေါက်ခဲ့တဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြီး ပေါ်ပေါက်လာမဲ့သဏ္ဍာရှိနေပါတယ်။ လွန်ခဲ့တဲ့အပတ်က Ankara အစိုးရဟာ ဥရောပနိုင်ငံတွေကို ရှေ့ရှုတဲ့သူတို့ရဲ့နယ်ခြားတွေကို ဒုက္ခသည်တွေအတွက် ဖွင့်လှစ်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံရဲ့လုပ်ရပ်ကို ဥရောပနိုင်ငံတွေက တူရကီနိုင်ငံရဲ့ ဥရောပသမဂ္ဂနဲ့ ချုပ်ဆိုထားတဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ရှုမြင်နေကြပါတယ်။ အဲဒီစာချုပ်ဟာ ၂၀၁၅-၂၀၁၆ ခုနှစ်က လူဝင်ပြဿနာတွေအား ရပ်တန့်သွားစေခဲ့ပါတယ်။ သို့သော် တူရကီနိုင်ငံဟာ သူတို့မှာ အတတ်နိုင်ဆုံးလက်ခံနိုင်တဲ့ လူဦးရေပမာဏထက် ကျော်လွန်တဲ့ ဒုက္ခသည်တွေရှိနေပြီး၊ ဥရောပနိုင်ငံတွေက သူတို့ရဲ့ဂတိကို မစောင့်ထိန်းကြဒါမို့ ဥရောပနိုင်ငံတွေဆီသို့ တံခါးတွေကို ဆက်လက်ပြီး ပိတ်မထားနိုင်တော့ဘူးလို့ ဖော်ပြလိုက်ပါတယ်။ Ankara အစိုးရဟာ ဥရောပသမဂ္ဂက ဂတိပေးထားတဲ့ Euro ငွေ (၆) ဘီလီယံကို ထုတ်မပေးသေးတဲ့အပြင် တူရကိနိုင်ငံနဲ့ကုန်သွယ်ရေး မြင့်တင်ခြင်းလည်း မပြုဘဲ တူရကီနိုင်ငံကို ဥရောပသမဂ္ဂထဲ ဝင်ရောက်ခွင့် သို့မဟုတ် တူရကီနိုင်ငံသားတွေအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီသို့ ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ လွတ်လပ်စွာသွားလာခွင့်လည်း မပေးကြသေးကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီစွတ်စွဲချက်ကို ဥရောပသမဂ္ဂက ငြင်းဆိုလိုက်ပါတယ်။ အမှန်တကယ်တော့ ဥရောပကော်မရှင်ဟာ တူရကီနိုင်ငံသို့ပေးကမ်းဘို့ရှိခဲ့တဲ့ ထောက်ပံ့ကူညီမှု အပြည့်အစုံအား ဒုက္ခသည်များပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်းတွေသို့ ပေးဆောင်ခဲ့ပြီးဖြစ်ကာ၊ တူရကီအစိုးရသို့ တိုက်ရိုက် မပေးဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
တူရကီနိုင်ငံရဲ့ ဥရောပသမဂ္ဂမှာ အဖွဲ့ဝင်ဖြစ်လာရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ မပြုကြဘူးဆိုတဲ့ စွတ်စွဲချက်နဲ့ပါတ်သက်ပြီး၊ ရှင်းလင်းဖော်ပြရာမှာ EU က အဆိုပါ အရေးကိစ္စအား တူရကီနိုင်ငံသမ္မတ Mr Receip Tayyip Erdogan ရဲ့ ၂၀၁၆ ခုနှစ် အာဏာသိမ်းယူမှုနောက်ပိုင်း တချို့သော ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့ဒါတွေကို ပြန်လည်သုံးသပ်ဘို့ ရှိနေသေးဒါကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ တူရကီအစိုးရဟာ သတင်းစာဆရာတွေနဲ့ ဝေဖန်သုံးသပ်တွေအပေါ် ရက်စက်စွာ မညာမတာတိုက်ခိုက်ခဲ့ပါတယ်။ ဂျာမဏီနိုင်ငံသားများစွာတို့ဟာ တူရကီထောင်တွေမှာ ရှိနေကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ကျဆင်းမှုက ဥရောပနဲ့ တူရကီနိုင်ငံတို့အကြား ကုန်သွယ်ရေးအပေါ်လည်း အကျိုးဆုတ်ယုတ်မှုဖြစ်စေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေမှာ လူဝင်မှုဆန့်ကျင်ရေးပါတီတွေအပါအဝင် လင်္ကျာယိမ်းရှေးဟောင်းအယူဝါဒီ နိုင်ငံရေးတွေ မြင့်တက်လာနေခြင်းနဲ့ တူရကီနိုင်ငံရဲ့ ခိုင်မာတဲ့ရှေးဟောင်း အခြေအမြစ်ဝါဒဘက်သို့ ယိမ်းယိုင်မှုနဲ့ ဥရောပနိုင်ငံတွေမှာ ကမ္ဘာ့ရွာတည်ဆောက်မှုဆန့်ကျင်ခြင်းတို့ဟာ ခက်ခဲတဲ့အခြေအနေတွေကို ဖန်တီးခဲ့ပါတယ်။ ဥရောပတခွင်မှာ နိုင်ငံခြားသားတွေကို မုန်းတီးခြင်းနဲ့ ဘာသာရေးဆိုင်ရာ သည်းခံမှုကင်းမဲ့ခြင်းအပြင် တူရကီနိုင်ငံအား ဆန့်ကျင်ခြင်းတို့ကြောင့် NATO မဟာမိတ်များအုပ်စု ပေါက်ပွားစေခဲ့ပါတယ်။
ဥရောပနိုင်ငံတွေက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူဝင်မှုပြဿနာ်တွေရဲ့ ဒါဏ်ကို ယခုထက်တိုင်ခံစားနေကြရပါတယ်။ သို့သော် EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ NATO အဖွဲ့ကြီးတို့ဟာ လူဝင်မှုပြဿတွေအပါအဝင် နောက်ဆက်တွဲဖြစ်ရပ်တွေက ဥရောပအပေါ် ကြီးမားတဲ့ အခက်အခဲတွေဖန်တီးနိုင်ဒါမို့ Atlantic သမုဒ္ဒရာဒေသပိုင်းရဲ့ လုံခြုံရေးအဆောက်အအုံ စက်ဝန်းမှ တူရကီနိုင်ငံအား တွန်းထုတ်ခြင်းမပြုလိုကြပါဘူး။
တူရကီနိုင်ငံဟာ Jordan နိုင်ငံကလွှဲရင် Syria နိုင်ငံမှ ဒုက္ခသည်ပေါင်း (၃.၆) သန်းမျှအား လက်ခံထားတဲ့ အကြီးမားဆုံးနိုင်ငံဖြစ်တယ်ဆိုဒါကိုတော့ မငြင်းဆိုနိုင်ပါဘူး။ ဒါပေမဲ့ Ankara အစိုးရဟာ နောက်ထပ်ဒုက္ခသည်တွေကို လက်ခံပြုစုနိုင်စွမ်းမရှိတော့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တူရကီနိုင်ငံရဲ့ ပြည်တွင်းအခြေအနေကလည်း ထိပါးလွယ်လှပါတယ်။ နောက်ပြီး၊ အဲဒီနိုင်ငံရဲ့စီးပွားရေးကလည်း အလွန်ဘဲဆိုးဝါးနေပါတယ်။ ဖေါင်းပွမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေ မြင့်မားလာနေပြီး၊ ဒုက္ခသည်တွေအား ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေလည်း များပြားလာနေပါတယ်။ ဆီးရီးယားဒုက္ခသည်တွေ စီးဝင်လာခြင်းတွေ တိုးများလာနေဒါနဲ့အမျှ တူရကီနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေ နောက်ထပ်ပိုရှုပ်ထွေးလာနိုင်ပါတယ်။
ဆီးရီးယားနိုင်ငံ Idlib မြို့မှာဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဆီးရီးယား ဒုက္ခသည်တွေဟာ တူရကီနိုင်ငံမှာ ဝင်ရောက်ခိုလှုံဘို့ ကြိုးပမ်းနေကြပါတယ်။ တူရကီအစိုးရဟာ ၂၀၁၉ ခုနှစ်ဆိုင်ရာ ပြန်လည် နေရာထားရေးစီမံကိန်းအရ သည်ဒုက္ခသည်တွေအား အတင်းအဓမ္မပြန့်ပို့ပေးလျှက်ရှိပါတယ်။ အနောက်ထပ် ဒုက္ခထပ်တွေပိုမိုများပြားလာနေဒါက အဲဒီနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်တံ့ရေးတို့အား ယိမ်းယိုင်သွားစေမှာဖြစ်ပါတယ်။
Ankara အစိုးရဟာ တူရကီနိုင်ငံနဲ့ Syria Kurds လူမျိုးစုနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းရာမှာ ဥရောပနိုင်ငံတွေရဲ့အကူအညီ အထောက်အကူရယူလိုပါတယ်။ သမ္မတ Mr Bashar al Assad ရဲ့ သစ္စာစောင့်တပ်ဖွဲ့တွေနဲ့ တူရကီနိုင်ငံတပ်ဖွဲ့တို့ဟာ Idlib မြို့မှာ ရင်ဆိုင်တိုက်ခိုက်လျှက်ရှိကြပါတယ်။ သမ္မတ Mr Erdogan ဟာ Syria စစ်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်လိုပါတယ်။ ဒါပေမဲ့ယခုအချိန်အထိ သူ့ရဲ့အခန်းကဏ္ဍက ပျောက်ကွယ်နေပါတယ်။ တူရကီသမ္မတဟာ သူ့ရဲ့နိုင်ငံအတွင်းမှာရော၊ အာရပ်ကမ္ဘာမှာပါ သူ့ရဲ့ကျော်ကြားရေပန်းစားမှုတွေ ဆုံးရှုံးဘို့ရှိနေပါတယ်။ တူရကီသမ္မတဟာ ရုရှားန်ိုငငံသမ္မတ Mr Putin နဲ့ Moscow မြို့မှာ တွေ့ဆုံပြီး၊ Idlib မြို့အခြေအနေကို ဆွေးနွေးခဲ့ပါတယ်။
Idlib မြို့မှာ အဓိကရုန်းတွေဆက်လက်ဖြစ်ပွားနေတဲ့အလျောက် သန်းပေါင်းများစွာသော ဒုက္ခသည်တွေဟာ Idlib မြို့ကို စွန့်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။ နောက်ဆုံးပေါ် ဒုက္ခသည်များပြဿနာဟာ ဥရောပအတွက်ရော တူရကီနိုင်ငံအတွက်ပါ ကြီးမားတဲ့ပြဿနာတွေ ဖန်တီးဘို့ရှိနေပါတယ်။ ဒါကြောင့် တူရကီနိုင်ငံဟာ ဥရောနိုင်ငံတွေထံမှ တချို့သောထောက်ပံ့မှုတွေရရှိဘို့ ဖိအားပေးလျှက်ရှိပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ပြည်တွင်းမှာ Mr Erdogan အတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။
အိန္ဒိယနိုင်ငံဟာ တူရကီနိုင်ငံကို ဆီးရီးယားနိုင်ငံအနောက်မြောက်ဖက်မှာ တဖက်သတ်စစ်ဖက်ဆိုင်ရာ အရေးယူမှုအတွက် အပြစ်တင်ခဲ့ပြီး၊ တူရကီနိုင်ငံရဲ့ အပြုအမူဟာ ဒေသပိုင်းတည်တံ့မှုနဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ရိုက်မှုကို အားနည်းစေနိုင်တယ်လို့ ဖော်ပြလိုက်ပါတယ်။ New Delhi အစိုးရဟာ တူရကီနဲ့ ဥရောပသမဂ္ဂတို့အကြား အားပြိုင်မှုက သန်းပေါင်းများစွာသော ပြည်သူတို့နဲ့ ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်နေကြရတဲ့ ဆီးရီးယားဒုက္ခသည်တွေရဲ့ကံကြမ္မာအား ဘေးသင့်စေလိမ့်မယ်မဟုတ်ဘူးလို့ မျှော်လင့်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment